UMFCCI တွင်ကျင်းပမည့် B4B Insights Forum


25 May, 2018

စီးပွားရေးလုပ်ငန်းရှင်များတွေ့ကြုံနေရသော အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း အဖြေရှာကာ၊ အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအကြား ပေါင်းကူးဆက်သွယ် ပူးပေါင်းဆောင်ရွက်နိုင်ရန် နှင့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရန် ရည်ရွယ်ချက်ဖြင့် B4B Insights Forum ကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကုန်သည်စက်မှုအသင်းချုပ်မှ ဦးဆောင်၍ (၂) ရက်တာ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ကျင်းပမည့်နေ့ရက် - ၂၆.၅.၂၀၁၈(စနေနေ့) မှ ၂၇.၅.၂၀၁၈ (တနင်္ဂနွေနေ့) အထိ

ကျင်းပမည့်အချိန် - နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ

ကျင်းပမည့်နေရာ - မင်္ဂလာခန်းမ၊ ကုန်သည်စက်မှုအသင်းချုပ်

နှစ်ရက်တာကျင်းပမည့် ဖိုရမ်တွင် မြန်မာ့စီးပွားရေးကဏ္ဍ အသီးသီးမှ ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေကို သုံးသပ်ဆွေးနွေးမည်ဖြစ်ပြီး၊

အောက်ပါ လုပ်ငန်းကဏ္ဍတစ်ခုစီအလိုက် Panel Discussion ဖြင့် လွတ်လပ်ပွင့်လင်းစွာ သက်ဆိုင်ရာကဏ္ဍ၏ လက်ရှိအခြေအနေများ၊ စိန်ခေါ်ချက်များ၊ အလားအလာများနှင့် ရှေ့ဆက်ဆောင်ရွက်သင့်သည်များကို ဆွေးနွေးကြမည်ဖြစ်ပါသည်။

♦Banking & Finance

♦Retail

♦Construction

♦Services

♦Industry

♦Agribusiness

♦Trading

♦SME (Entrepreneurship)

ထို့အပြင် စီးပွားရေးနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေ နှင့် လုပ်ထုံးလုပ်နည်း မူဘောင် ဖြစ်သည့်

ကုမ္ပဏီများဥပဒေ၊ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ၊ လက်လီကဏ္ဍ ဖြေလျှော့မှုများ စသည်တို့နှင့် သက်ဆိုင်သည့် လက်ရှိဥပဒေမူဘောင်ကို ပညာရှင်များနှင့် သက်ဆိုင်ရာ အစိုးရဌာနများမှ တာဝန်ရှိသူများက အသီးသီး ရှင်းလင်းတင်ပြကြမည့် အစီအစဉ်လည်း ပါဝင်ပါသည်။

သို့ဖြစ်ပါ၍

လက်တွေ့စီးပွားရေးနယ်ပယ်အသီးသီးမှ လုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပစီးပွားရေး မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်လျက်ရှိသော နိုင်ငံခြားကုမ္ပဏီများမှ ပုဂ္ဂိုလ်များ ပါဝင် တက်ရောက် ဆွေးနွေး နိုင်ပါရန် ဖိတ်ကြားအပ်ပါသည်။

အခမ်းအနား အစီအစဉ်များကို Discussion session တွင် ဖော်ပြထားပါသည်။

အသေးစိတ် သိရှိလိုပါက (သို့) တက်ရောက်မှုကို ကြိုတင် စာရင်းပေးသွင်းလိုပါက အသင်းသားရေးရာဌာန၊ ကုန်သည်စက်မှုအသင်းချုပ်

ဖုန်း ၀၁-၂၃၁၄၃၄၄~၄၉ လိုင်းခွဲ-၁၄၀၊၁၁၈၊ ၀၉-၄၅၀၂၀၀၃၄၀

အီးမေးလ်[email protected] သို့ ဆက်သွယ်နိုင်ပါသည်။

ကုန်သည်စက်မှုအသင်းချုပ်

Events & Exhibition Read 616 times