ယူကရိန်း အဓိက အကြောင်းအချက်များ


25 February, 2022

ယူကရိန်း အဓိက အကြောင်းအချက်များ

ယူကရိန်းနိုင်ငံက သက်တမ်း နှစ် ၃၀ နီးပါးမျှသာ ရှိသေးတဲ့ နိုင်ငံသစ် ဖြစ်ပြီး ၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စု ပြိုလဲစဉ်မှာ ခွဲထွက်ခဲ့ပြီး နိုင်ငံသစ် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံရေး မတည်ငြိမ်ခြင်း၊ ရုရှားကျူးကျော်မှုတို့ကြောင့် သတင်းကြီးတဲ့ နိင်ငံ ဖြစ်ပါတယ်။

လူဦးရေ ၄၄ သန်း ရှိပြီး ဉရောပရဲ့ လူဉီးရေအဌမအများဆုံးနိုင်ငံဖြစ်ပါတယ်။ သေဆုံးနှုန်း မြင့်မားခြင်း၊ မွေးဖွားနှုန်း နည်းပါးခြင်း၊ ပြည်ပသို့ ပြောင်းရွှေ့နေထိုင်ခြင်းများကြောင့် လူဦးရေ ကျဆင်းနေပါတယ်။ 

ယူကရိန်းရဲ့ အကျယ်အဝန်းကို နှိုင်းယှဉ်ရင် စပိန်ထက် အနည်းငယ် သေးငယ်ပြီး ဂရိထက် လေးဆ ကျယ်ပါတယ်။ လူအများစုက မြို့တော်ကိဖ် Kyiv နှင့် မြို့အနီးတဝိုက်မှာ နေထိုင်ကြပါတယ်။ ရှရှားနှင့် ပဋိပက္ခ ဖြစ်ပွားတဲ့ ဒိုနက်စ်ခ် Donetsk ဒေသမှာလည်း လူဦးရေ များပြားပါတယ်။

လူဦးရေရဲ့ ၇၈% က ယူကရိန်းလူမျိုး ဖြစ်ပြီး ၁၇% က ရုရှားလူမျိုး ဖြစ်ပါတယ်။ လူနည်းစု လူမျိုးများမှာ  ဘီလာရုစ်၊ ဘူဂေးရီးယား၊ ဟန်ဂေရီယံ၊ တာတာ၊ ရိုမေးနီးယား၊ ပိုလန် ၊ ဂျူး အစရှိသည်တို့ဖြစ်ပြီး အသီးသီး ၁% အောက်မှာပဲ ရှိပါတယ်။ 

ရုရှားနိုင်ငံ မြို့တော် မော်စကိုမှ ရုရှား-ယူကရိန်း နယ်စ်ကို ကားလမ်းခရီးဖြင့် သွားရင် ၈ နာရီအတွင်း ရောက်ပါတယ်။

ပိုက်လိုင်းဝင်ငွေ ဒေါ်လာ ၂ ဘီလျံ 
 ယူကရိန်းမှာ ဥရောပရဲ့ ဒုတိယအကြီးမားဆုံး သဘာဝဓာတ်ငွေ့သိုက် ရှိပေမဲ့ ထိထိရောက်ရောက် တူးဖော်ထုတ်လုပ်နိုင်ခြင်း မရှိသေးပါဘူး။ ရုရှား ပြည်ပပို့ကုန် သဘာဝဓာတ်ငွေ့အတွက် သွယ်တန်းထားတဲ့ ပိုက်လိုင်းအတွက် အရေးပါတဲ့ အနေအထားမှာ ရှိနေပါတယ်။ ဥရောပမှ စက်ရုံများ သုံးစွဲနေတဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖို့ ရုရှားသဘာဝဓာတ်ငွေ့ကို အသုံးပြုပါတယ်။ အိမ်တွေ အပူရဖို့အတွက်လည်း သုံးစွဲပါတယ်။ ဉရောပမှာ အသုံးပြုတဲ့ သဘာဝဓာတ်ငွေ့ရဲ့ ၄၀% ၊ ရေနံ ၂၅% ကို ရုရှားမှ ဝယ်ယူသုံးစွဲပါတယ်။ တစ်နှစ်လျှင် ဓာတ်ငွေ့ ကုဗမီတာ ၂၀၀ ဘီလျံနီးပါးကို ပိုက်လိုင်းဖြင့် တင်ပို့ပါတယ်။
 ပိုက်လိုင်းဖြင့် ဓာတ်ငွေ့ပေးပို့တာမှာ ဖြတ်သန်းခ ကောက်ခံပါတယ်။ ဓာတ်ငွေ့ ၁,၀၀၀ ကုဗမီတာ ၊ ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ဖြင့် တွက်ချက်ကောက်ခံတာမှာ   ယူကရိန်းက အမေရိကန်ဒေါ်လာ ၂.၆၆ ကောက်ခံပါတယ်။ ဓာတ်ငွေ့ဖြတ်သန်းခ ဝင်ငွေ ၂၀၂၀ မှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံကို ယူကရိန်းနိုင်ငံက ရရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

၂၀၂၁ မှာ ယူကရိန်းကို ဖြတ်သန်းတဲ့ ဓာတ်ငွေ့ပမာဏ ဘီလျံကုဗမီတာbillion cubic metres (bcm) ၄၁.၆ ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် သန်းကုဗမီတာ million cubic metres (mcm) ၁၁၄ ရှိပါတယ်။

 ပိုက်လိုင်းများကို ရုရှားနိုင်ငံပိုင် စွမ်းအင်မဟာ လုပ်ငန်းကြီး Gazprom က လုပ်ကိုင်ပါတယ်။ 
နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုများ ရှိနေသဖြင့်  Gazprom က ယူကရိန်းနှင့် လွတ်လွတ်ကင်းကင်း ဖြစ်တဲ့ လမ်းကြောင်းဖြင့် ဓာတ်ငွေ့ပိုက်လိုင်းသစ်များ သွယ်တန်းပါတယ်။ 

သံရိုင်း
ယူကရိန်းရဲ့ သဘာဝသယံဇာတ အရင်းအမြစ်များမှာ သံရိုင်းအနေဖြင့် ကမ္ဘာ့အကြီးမားဆုံး စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ သံရိုင်သတ္တုသိုက် တည်ရှိပါတယ်။ တန်ချိန် ၃၀ ဘီလျံ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ 

ဂျုံနှင့် ဟင်းရွက်ဆီ
ယူကရိန်းက ဂျုံတင်ပို့မှုမှာ ကမ္ဘာ့ပဉ္စမအများဆုံးနိုင်ငံဖြစ်ပါတယ်။ 
ဟင်းရွက်ဆီများ ဖြစ်တဲ့ နေကြာဆီ မုန်ညှင်းဆီ တင်ပို့မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှာ ရုရှားက ယူကရိန်းသို့ အလုံးစုံ စစ်ဆင်ရေးဖြင့် ကျူးကျော်မှု စတင်ခဲ့ပြီး  အရှိန်အဟုန် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ 

Tips Read 1068 times