ရောင်းရေးဝယ်တာအတွက် မက်ထရစ်စနစ် ဆက်လက်သုံးစွဲရန် ယူကေ ဆုံးဖြတ်


01 January, 2024

ရောင်းရေးဝယ်တာအတွက် မက်ထရစ်စနစ် ဆက်လက်သုံးစွဲရန် ယူကေ ဆုံးဖြတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အကြံပြုချက်ရယူခဲ့ရာတွင်  မက်ထရစ်စနစ်ကို ဆက်လက်သုံးစွဲသွားရန် ၉၉ ရာခိုင်နှုန်းက ထောက်ခံကြောင်း ဖြေကြားခဲ့ပြီးနောက် ယူကေ အစိုးရသည် တော်ဝင်စနစ် ပြန်လည်သုံးစွဲမည့်  အစီအစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း ၂၀၂၃ ဒီဇင်ဘာလ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

စစ်တမ်းကောက်ယူခဲ့ရာ၌ ဖြေဆိုသူ ၁၀၀,၉၃၈ ဦးတွင် ၉၈.၇%က မက်ထရစ်စနစ်ကို ရောင်းရေးဝယ်တာတွင် သုံးစွဲစေလိုကြသည်။


 ရောင်းဝယ်ကြရာတွင် တိုင်းတာချိန်တွယ်သည့်အခါ ပေ၊ ပေါင် ၊ ပင့်  တို့ကို သုံးသည့် တော်ဝင်စနစ်အစား မီတာ၊ ကီလိုဂရမ်၊ လီတာ တို့ကိုသုံးသည့် မက်ထရစ်စနစ်ကို ဆက်လက်သုံးစွဲမည် ဖြစ်သည်။

တနည်းဆိုရသော် ဗြိတိသျှ အင်ပါယာ အစဉ်အလာနှင့် ယဉ်ကျေးမှုအရ တိုင်းတာချိန်တွယ်သည့် တော်ဝင်စနစ်ကို စွန့်လွှတ်ပြီး ကမ္ဘာသုံး မက်ထရစ်စနစ်ကို သုံးစွဲမည် ဖြစ်သည်။

တော်ဝင်စနစ်ကို နေ့စဉ် ရောင်းရေးဝယ်တာတွင် သုံးစွဲနေဆဲ ဖြစ်သည့် နိုင်ငံများမှာ အမေရိကန်၊ မြန်မာနှင့် လိုက်ဘေးရီးယားတို့သာ ကျန်ရှိသည်။ မြန်မာသည် ယခုအခါ တော်ဝင်စနစ် သုံးစွဲမှု ပိုနည်းလာနေပြီ ဖြစ်သည်။

Source bornepbulletin

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Tips Read 279 times