UAB က ATM တွင် ငွေသား ထုတ်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးကြေညာ


12 May, 2022

 

UAB က ATM တွင် ငွေသား ထုတ်ယူနိုင်မည်ဖြစ်ကြောင်း အသိပေးကြေညာ

 

UAB က ၎င်း၏ ATM များတွင် ၂၀၂၂ မေလ ၁၂ ရက်မှ စ၍ ငွေသား ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင် ငွေသားထုတ်ယူနိုင်မည့် ATM စာရင်းကိုလည်း ကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။


customer များ အဆင်ပြေစေရန်အတွက် မေလ ၁၂ ရက်နေ့ ၂၀၂၂ တွင် ငွေသားထုတ်ယူနိုင်သော ATM များကို အောက်ပါဇယားတွင် ကြည့်ရှုနိုင်ပါသည်။

တစ်နေ့တွင် တစ် card လျှင် ငွေသား ၂ သိန်း အများဆုံး ထုတ်ယူနိုင်ပါသည်။

ATM များသည် လျှပ်စစ်မီးနှင့် အင်တာနက် connection ရရှိနိုင်မှုအပေါ် မူတည်နေသောကြောင့် အဆင်မပြေမှု တစ်စုံတစ်ရာရှိပါက နားလည်ပေးပါရန် တောင်းဆိုအပ်ပါသည်။

အနာဂါတ်တွင်လည်း နောက်ထပ် ATM များ တင်နိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါသည်။ 

အသေးစိတ် သိရှိလိုပါက uab bank ၏ Contact Center: 0 99 4000 5000 သို့ Facebook Messenger ကိုလည်းကောင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

 

 

 

 


 

Banking & Loan Read 2357 times