ကုန်သွယ်မှုကို အိန္ဒိယရူပီးဖြင့် ရုရှားစတင်လက်ခံ


01 January, 2023

ကုန်သွယ်မှုကို အိန္ဒိယရူပီးဖြင့် ရုရှားစတင်လက်ခံ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရေးတွင် ရုရှားနိုင်ငံက အိန္ဒိယရူပီးကို ပထမဆုံး လက်ခံအသုံးပြုတဲ့ နိုင်ငံဖြစ်လာပါတယ်။ ကန်ဒေါ်လာနှင့် ယူရိုတို့ကို လုံးဝ မသုံးတော့ဘဲ ရူပီးကို စတင်သုံးစွဲလိုက်တာ ဖြစ်ပါတယ်။ 
 အိန္ဒိယဗဟိုဘဏ် Reserve Bank of India (RBI) က ၂၀၂၂ ဇူလိုင်လမှာ နိုင်ငံတကာ ကုန်သွယ်မှုတွင် ရူပီး သုံးစွဲမှု မြှင့်တင်ရေးအတွက် လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ပါတယ်။
 
ရုရှားနှင့် ရူပီးငွေဖြင့် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန်အတွက် “vostro” အကောင့်ဖွင့်ရန် အိန္ဒိယမှာ   ဘဏ်ကိုးခုကို ခွင့်ပြုချက်ပေးထားပါတယ်။
 Vostro အကောင့်များဟာ အခြားဘဏ်တစ်ခုရဲ့ ကိုယ်စား ကိုင်ဆောင်ထားသော အကောင့်များဖြစ်ပြီး သက်ဆိုင်ရာ ဘဏ်လုပ်ငန်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 
 နှစ်နိုင်ငံကုန်သွယ်မှု ငွေပေးချေမှု ဆောင်ရွက်ဖို့ ရုရှားက အန္ဒိယမှာ Vostro အကောင့် ၁၈ ခု ဖွင့်ထားပါတယ်။
ရုရှားမှ ဘဏ်များဖြစ်ကြတဲ့  Sberbank, VTB, Gazprom, BCS, MTS, Tinkoff, Soyuz, Credit Europe Bank (Russia), PSCB, Ros, JSCB တို့က   Vostro အကောင့် ဖွင့်ထားပါတယ်။
ယခုအခါ ကုမ္ပဏီအချို့က ရူပီးဖြင့် ကုန်သွယ်မှု စတင်နေပြီဖြစ်ပြီး လာမယ့်လများမှာ ပိုများလာမယ်လို့ Financial Express ရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။
 ရုရှားနှင့် အိန္ဒိယ ကုန်သွယ်မှုမှာ ရုရှားကို အနောက်နိုင်ငံတို့က အရေးယူပိတ်ပင်ထားတာကြောင့် ငွေပေးချေဖို့ အခက်အခဲ ရှိနေပြီး ကြန့်ကြာမှုများလည်း ရှိနေတာကြောင့် ယခုနှစ် အောက်တိုဘာလအထိ ကုန်သွယ်မှု ပမာဏ ယမန်နှစ်အလားတူကာလထက် ၁၆% ကျဆင်းပါတယ်။ 
အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုမှာ ရူပီ သုံးစွဲဖို့ အလားအလာရှိတဲ့ နိုင်ငံတွေ ရှိနေပါတယ်။ 

အာရှ၊ စကင်ဒီနေးဗီးယား နှင့် အာဖရိက တို့မှ ၃၀~၃၅ နိုင်ငံတို့က ရူပီး သုံးဖို့ အလားအလာ ရှိပါတယ်။
သီရိလင်္ကာနှင့် မောရစ်သျှ နိုင်ငံတို့က အိန္ဒိယမှာ vostro အကောင့်များ ဖွင့်ထားပြီးကြပါပြီ။ SBI Mauritius နှင့် People’s Bank of Sri Lanka တို့က State Bank of India (SBI) မှာ vostro အကောင့် ဖွင့်ထားပါတယ်။ 
Sri Lankan မှ Seylan Bank, NDB Bank, Commercial Bank of Ceylon တို့က Indian Bank မှာ vostro အကောင့်ဖွင့်ထားပါတယ်။

အိန္ဒိယ၏ အိမ်နီးချင်းများဖြစ်ပြီး  ကန်ဒေါ်လာ အရန်ငွေ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရသော နိုင်ငံများ ဖြစ်ကြတဲ့  ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါတို့က ကုန်သွယ်မှုမှာ ရူပီးနှင့် ပေးချေဖို့ စိတ်ဝင်စားကြောင်း ပြသကြပါတယ်။
ပြောဆိုဆွေးနွေးတဲ့ အဆင့်မှာ ရောက်ရှိနေပါတယ်။ 
အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုမှာ ရူပီ သုံးစွဲရင် ဘဏ်များငွေလွှဲဖို့ သုံးကြတဲ့ SWIFT (Society for Worldwide Interbank Financial Telecommunication) system ကို မသုံးဘဲ ငွေပေးချေနိုင်ပါတယ်။
Source firstpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 264 times