ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်သည့် အသိပေးဆွေးနွေးပွဲပြုလုပ်


05 February, 2021

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်ပြီး အသိပေးရှင်းလင်းဆွေးနွေးပွဲကို မတ်လ (၉)ရက်က ရန်ကုန်မြို့ သလ္လာဝတီလမ်းရှိ Centre of Excellence မှာပြုလုပ်ခဲ့ပါတယ်။

အဆိုပါ အသိပေးရှင်းလင်းဆွေးနွေးပွဲကို စက်မှုဝန်ကြီးဌာန၊ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနနဲ့ Biz Law Consultant  Myanmar Co.,Ltd တို့ကပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်။

 ဇန်နဝါရီလ (၃၁)ရက်မှာ အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေသသစ်အရ ပြည်တွင်းက လုပ်ငန်းရှင်တွေအနေနဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီပြီး အရင်ဆုံးလျှောက်လွှာလျှောက်ထားသူတွေကို မူပိုင်ခွင့်မှတ်ပုံတင် ပြုလုပ်ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မိမိတို့ကုန်အမှတ်တံဆိပ်ကို မှတ်ပုံတင်မယ့် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့အမှတ်တံဆိပ်ကို အရင်ဆုံးအသုံးပြုတဲ့ လုပ်ငန်းဖြစ်ကြောင်း သက်သေပြနိုင်ဖို့ အခွန်ပြေစာ၊ အရောင်းပြေစာ အစရှိတဲ့ စာရွက်စာတမ်းတွေကိုသိမ်းဆည်းထားပြီး နည်းဥပဒေထွက်ရှိတာနဲ့ လျှောက်ထား နိုင်ပါတယ်။

လက်ရှိမှာတော့ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေသစ်အတွက် နည်းဥပဒေရေးဆွဲနေပြီဖြစ်ပြီး နည်းဥပဒေ ထွက်လာရင် စနစ်တကျမှတ်ပုံတင်နိုင်အောင် အခုလိုဆွေးနွေး ဟောပြောပွဲတွေ ပြုလုပ်တာလို့ သိရပါတယ်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေသစ်ပါ ပြဋ္ဌာန်းချက်များနှင့် ပတ်သက်ပြီး လုပ်ငန်းရှင်တွေသိဖို့အတွက် ဟောပြောပွဲတွေ၊ အသိပညာပေး ဗွီဒီယိုတွေကို လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်ဖြန့်ဝေမှုတွေ၊ လုပ်ငန်းရှင်တွေကို လမ်းညွှန်စာအုပ်ဖြန့်ဝေမှုတွေပြုလုပ်ပြီး အသိပညာပေး သွားမယ်လို့ သိရပါတယ်။

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေသစ်မှာ အခန်းပေါင်း (၂၄)ခန်းပါဝင်ပြီး ပုဒ်မပေါင်း (၁၀၆)ခုရှိတယ်လို့သိရပါတယ်။

MRTV - 4

Myanmar Industry Directory

 

Laws and Regulations Events & Exhibition Read 591 times