ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ တက္ကနဗ်ကုန်တွင်းဆိပ်ကမ်း မြန်မာကုန်စည်စီးဆင်းမှု လုံးဝရပ်ဆိုင်း


21 November, 2023

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ တက္ကနဗ်ကုန်တွင်းဆိပ်ကမ်း မြန်မာကုန်စည်စီးဆင်းမှု လုံးဝရပ်ဆိုင်း

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


မြန်မာနှင့် ကုန်သွယ်ရေး သောင်မတင် ရေမကျ အခြေအနေ ဖြစ်နေသဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ တက္ကနဗ် Teknaf ကုန်တွင်းဆိပ်ကမ်း ခြောက်ကပ်နေခဲ့သည်မှာ တပတ်ဝန်းကျင် ရှိလာပြီ ဖြစ်သည်။

တက္ကနဗ် ကုန်းတွင်းဆိပ်ကမ်းသည် နိုဝင်ဘာ ၁၄ ရက်မှ စတင်၍ မြန်မာနိုင်ငံနှင့် သွင်းကုန်ထုတ်ကုန်လုပ်ငန်းများ လုံးလုံးလျားလျား ရပ်ဆိုင်းသွားပြီး နှစ်နိုင်ငံကြား ကုန်သွယ်မှုကို သိသိသာသာ ထိခိုက်လျက်ရှိသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသည့် ပဋိပက္ခများကြောင့် တက္ကနဗ် ကုန်တွင်းဆိပ်ကမ်းတွင် ကုန်စည် စီးဆင်းမှု ရုတ်တရက် လုံးဝရပ်ဆိုင်းသွားသည်။

ရုတ်တရက် ရပ်ဆိုင်းခြင်းကြောင့် ဘင်္ဂလားဒေ့ရှ် အစိုးရအတွက် ကြီးမားသော ဘဏ္ဍာရေး ဆုံးရှုံးမှု ဖြစ်‌ပေါ်နေစေပြီး နေ့စဉ်ပျမ်းမျှ တာကာ ၃ ကုဋေခန့် (ကန်ဒေါ်လာ ၂.၇ သိန်းကျော်)ရှိသည်။


Teknaf ကုန်းတွင်းဆိပ်ကမ်း အကောက်ခွန်အရာရှိ ASM Mosharraf Hossain က “အခုအထိ စုစုပေါင်း ဝင်ငွေ တာကာ ၁၅ ကုဋေလောက် ဆုံးရှုံးခဲ့ရပါတယ်။ အခုလို ကုန်သွယ်မှု ရုတ်ခြည်း ဆိုင်းငံ့ထားတာကြောင့် အစိုးရ က နေ့စဉ် တာကာ ၃ ကုဋေကျော် ဆုံးရှုံးနေပါတယ်”ဟု ပြောကြားသည်။

မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းမှ အေးခဲငါး ၄၇ တန်ခန့် လတ်တလော တင်ပို့သည့် သင်္ဘောသည် နိုဝင်ဘာ ၁၃ ရက်က တက္ကနဗ်မြို့သို့ ရောက်ရှိခဲ့သည်။ ထိုနောက်ပိုင်း မြန်မာမှ သင်္ဘောဆိုက်ရောက်လာခြင်း မရှိတော့ချေ။

တက္ကနဗ် ကုန်းတွင်းဆိပ်ကမ်းတွင် ကုန်တင်ကား အသွားအလာ ကင်းမဲ့နေသည်။ ဆိပ်ကမ်းအနီးရှိ လူစည်ကားနေလေ့ရှိသည့် ဆိုင်ပေါင်း ၅၀ ကျော် ပိတ်ထားကြသည်။ ဆိပ်ကမ်းအလုပ်သမားများ အလုပ်မရှိ ဖြစ်နေကြသည်။ နေ့စား အလုပ်သမား ၆၀၀ ခန့် အလုပ်လက်မဲ့ ဖြစ်ကုန်သည်။

ဆိပ်ကမ်း ဝင်ထွက်ပေါက် ခြောက်ကပ်နေသည်။ တက္ကနဗ်- ကောဘဇား လမ်းပေါ်တွင်လည်း အသွားအလာ မရှိသလောက် ဖြစ်နေသည်။

အေးခဲငါးတင်သွင်းသူ M Kaiser က ဘင်္ဂလားဒေ့ရှ် ကုန်သည်များ၏ ကုန်ပစ္စည်းများ မြန်မာနိုင်ငံတွင် သောင်တင်နေမည်ကို စိုးရိမ်ကြောင်း၊ အထူးသဖြင့် အေးခဲထားသောငါးများကဲ့သို့ ပုပ်သိုးပျက်စီးမည့် ကုန်စည်များအတွက် ကုန်သည်များ ပူပန်နေကြကြောင်း ပြောကြားသည်။
သတ်မှတ်ထားသည့် အချိန်အတွင်း မရရှိပါက ဆုံးရှုံးမှု ကြီးမားလိမ့်မည်ဟု ၎င်းက ပြောကြားသည်။ 
ကုန်သည် Omar Farooq သည် မြန်မာနိုင်ငံမှ ကြက်သွန်နီ၊ ဂျင်း၊ ကွမ်းစေ့နှင့် ကွမ်းသီးများကို တင်သွင်းသည်။

"ယခုလ လဆန်းပိုင်းမှာ မြန်မာနိုင်ငံမှ ကြက်သွန်နီနှင့် ဂျင်း တန်ချိန် ၁၃၀၀ တင်သွင်းခဲ့ပါတယ်။ အဲဒါအပြင်  ကြက်သွန်နီ တန်ချိန် ၆၀၀ နှင့် ဂျင်း တန်ချိန် ၄၀၀ တို့ကို တင်သွင်းရန် ကျွန်တော်တို့ ဝယ်ယူထားပါတယ်။ ဒီကို မပို့ရသေးပါဘူး။ ဖြစ်ပေါ်နေတဲ့ အခြေအနေက သောင်မတင်ရေမကျ ဖြစ်နေတော့ ကြာလာရင် အပုပ်အနာတွေ ရှိလာလိမ့်မယ်"ဟု ၎င်းက ပြောသည်။
"အဲဒါတွေအပြင် ဆီးသီးခြောက် တန် ၄၀၀ ဝန်းကျင်၊ ကွမ်းသီး တန် ၅၅၀ မြန်မာမှာ သောင်တင်နေတယ်" ဟု ၎င်းက ပြောကြားသည်။
Source tbsnews
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Export, Import Read 271 times