ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Tourism National Guidelines for COVID-19 Safe Services (Beta Version-VII)


28 December, 2020

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန Tourism National Guidelines for COVID-19 Safe Services (Beta Version-VII) အခန်း(၁) ပို့ဆောင်ဆက်သွယ်ရေးအခန်းကဏ္ဍ(Transportation Sector) ခေါင်းစဉ်အောက်တွင်
၁။ လေဆိပ်သို့ရောက်ရှိခြင်း
(က) ကျန်းမာရေးစစ်ဆေးမှုခံယူခြင်း (ခ) သက်ဆိုင်ရာကောင်တာများကို ဖြတ်သန်းခြင်း (ဂ) ခရီးဆောင်ပစ္စည်းများ ရွေးချယ်ခြင်း၊
(ဃ) နားနေခန်းနှင့် သန့်စင်ခန်းများ အသုံးပြုခြင်း
၂။ လေဆိပ်မှထွက်ခွာခြင်း ၊
၃။ မြို့တွင်းလှည့်လည်သွားလာခြင်း
၄။ နိုင်ငံအတွင်းခရီးသွားလာခြင်း
၅။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသော လေဆိပ်များတွင် လိုက်နာရန်အချက်များ
(က) အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်များ (ခ) ပြည်တွင်းလေကြောင်းခရီးစဉ်များ (ဂ) လေဆိပ်များ
၆။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ညွှန်ကြားထားသောမော်တော်ယာဉ်စီးနင်းခြင်းနှင့်ပတ်သက်သည့် လိုက်နာရန်အချက်များ (က) ခရီးသွားဧည့်သည်များ (ခ) ယာဉ်ဝန်ထမ်းများ (ဂ) Taxi ယာဉ်မောင်းများ (ဃ) ယာဉ်ပိုင်ရှင်များ (င) အဝေးပြေးယာဉ်ဂိတ်များ ယာဉ်ရပ်နားစခန်းများ

အခန်း(၂) Sightseeing Flight များအတွက် ခရီးသည်များ၊ လေဆိပ်ဝန်ထမ်းနှင့် လေယာဉ်ဝန်ထမ်းများ လိုက်နာရမည့်အချက်များ ခေါင်းစဉ်အောက်တွင်
၁။ လေယာဉ်စီးနင်းခြင်း
(က) ခရီးသည်များ (ခ) လေယာဉ်ဝန်ထမ်းများ ၊
၂။ ခရီးဆောင်ပစ္စည်းများ ပြန်လည်ရွေးယူခြင်း
၃။ နားနေခန်းနှင့် သန့်စင်ခန်းများ အသုံးပြုခြင်း
၄။ လေဆိပ်မှထွက်ခွာခြင်း

အခန်း(၃) ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းဆိုင်ရာ အခန်းကဏ္ဍ(Accommodation Sector) ခေါင်းစဉ်အောက်တွင်
၁။ ဟိုတယ်ကားရပ်နားရန်နေရာနှင့် ဧည့်ကြိုကောင်တာတွင် ဆောင်ရွက်ရမည့်အချက်များ
၂။ ဟိုတယ်စားသောက်ခန်းမတွင် ဆောင်ရွက်ရမည့်အချက်များ
၃။ အိပ်ခန်းဆောင်ထိန်းသိမ်းရေးဌာနနှင့် ဟိုတယ်အိပ်ခန်းဆောင်များတွင် ဆောင်ရွက်ရမည့်အချက်များ
၄။ ဟိုတယ်အတွင်းရှိ အဆောက်အဦများတွင် ဆောင်ရွက်ရမည့် အချက်များ
၅။ ဟိုတယ်ဝန်ထမ်းများအတွက် စီစဉ်ဆောင်ရွက်ရမည့်အချက်များ

အခန်း(၄) အစားအသောက်ဆိုင်ရာ အခန်းကဏ္ဍ(Food Sector) ခေါင်းစဉ်အောက်တွင်
၁။ စားသောက်ဆိုင်ပိုင်ရှင်များနှင့် မန်နေဂျာများ လိုက်နာဆောင်ရွက်ရန်အချက်များ
၂။ စားသောက်ဆိုင်မှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ
၃။ စားဖိုဆောင်တွင် ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရမည့်အချက်များ
၄။ စားသုံးသူများလိုက်နာဆောင်ရွက်ရမည့်အချက်များ
၅။ အထူးဂရုပြုဆောင်ရွက်ရမည့် သန့်ရှင်းရေးလုပ်ငန်းများ

အခန်း(၅) ခရီးစဉ်ဒေသများဖြစ်သော ဘုရား၊ ပြတိုက်ကဲ့သို့နေရာများတွင် ကျင့်သုံးရမည့် Social Distancing စနစ် ခေါင်းစဉ်အောက်တွင်
၁။ ဘုရား၊ ပြတိုက်ကဲ့သို့ နေရာများတွင် လိုက်နာဆောင်ရွက်ရန်ညွှန်ကြားချက်များ
၂။ ဧည့်သည်များ လိုက်နာရမည့် Social Distancing ဆိုင်ရာ စည်းကမ်းချက်များ

အခန်း(၆) ခရီးစဉ်ဒေသဆွဲဆောင်မှုများ၊ စီမံကိန်းများနှင့် စီမံခန့်ခွဲမှု ခေါင်းစဉ်အောက်တွင်
၁။ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့်ဆောင်ရွက်ချက်များ
၂။ ခရီးစဉ်ဒေသ စီမံကိန်းများနှင့် စီမံခန့်ခွဲမှု

အခန်း(၇) ခရီးသွားကိုယ်စားလှယ်လုပ်ငန်း၊ ခရီးသွားဧည့်လမ်းညွှန်များနှင့် ခရီးစဉ်ဆောင်ရွက်မှုလုပ်ငန်း လုပ်ကိုင်သူများ ခေါင်းစဉ်အောက်တွင်
၁။ခရီးသွားကိုယ်စားလှယ်လုပ်ငန်းများ ခရီးစဉ်ဆောင်ရွက်မှုလုပ်ငန်း လုပ်ကိုင်သူများ
(က) ကြိုတင်သိရှိအောင် ပြုလုပ်ခြင်းနှင့်ခရီးစဉ်(Travel Plan) (ခ) ခရီးသွားလာမှုစီမံခန့်ခွဲခြင်းအား တာဝန်ယူဆောင်ရွက်မှု
(ဂ) COVID-19 ရောဂါသံသယရှိလူနာတွေ့ရှိမှုဖြစ်စဉ်အား ကိုင်တွယ်ဖြေရှင်းမှု
၂။ခရီးသွားဧည့်လမ်းညွှန်များ ဘာသာပြန်များ
(က) ခရီးသွားများ၏ စိတ်ဝင်စားမှုရှိသည့်နေရာများနှင့် ခရီးစဉ်အတွင်း ပါဝင်သည့်နေရာများတွင် ခရီးသွားလာမှု စီမံခန့်ခွဲခြင်းအား
တာဝန်ယူဆောင်ရွက်မှု
(ခ) ခရီးသည်များအား သင့်လျော်ပြီး ဘေးကင်းလုံခြုံမှုရှိသော အကွာအဝေး စီမံထားရှိမှုအား အကောင်အထည်ဖော် ဆောင်ရွက်မှု
အခန်း(၈) ဟိုတယ်နှင့်ခရီးသွားဝန်ဆောင်မှုဆိုင်ရာ သင်တန်းကျောင်းများ ပြန်လည် ဖွင့်လှစ်ရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့် ကာကွယ်ရေးနည်းလမ်းများ
၁။ လက်ဆေးခြင်း
၂။ နှာချေ၊ ချောင်းဆိုးရာတွင် လိုက်နာရမည့်အချက်များ
၃။ တစ်ဦးနှင့်တစ်ဦးကြား အကွာအဝေး
၄။ သန့်ရှင်းရေးပုံမှန်ပြုလုပ်ခြင်းနှင့် ပိုးသတ်သန့်စင်ခြင်း ၊
၅။ ဘေးအန္တရာယ်ဖြစ်နိုင်ချေနှင့်စပ်လျဉ်း၍ ပညာပေးခြင်း
၆။ COVID-19 သံသယရှိသော သင်တန်းသားများအား စီမံခြင်း

အခန်း(၉) အစည်းအဝေးများနှင့် ဖျော်ဖြေရေးအခမ်းအနားများ ကျင်းပရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် လိုက်နာရမည့်ညွှန်ကြားချက်များ ခေါင်းစဉ်အောက်တွင်
၁။ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက်များ ၊
၂။ ဝန်ဆောင်မှုပေးမည့် ဝန်ထမ်းများလိုက်နာရန်အချက်များ
၃။ ဧည့်သည်များလိုက်နာရန်အချက်များ
၄။ အမှတ်တရပစ္စည်းအရောင်းဆိုင်များ လိုက်နာရမည့်ညွှန်ကြားချက်များ
တို့ကို အသေးစိတ် ဖော်ပြပေးထားသည်။
စုစုပေါင်း အခန်း (၁၁) ခန်းပါရှိရာ၌ ကျန်ရှိသည့် အခန်းများမှာ
အခန်း(၁၀) Coronavirus Disease 2019(coVID-19) ကာကွယ်ထိန်းချုပ်ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ ညွှန်ကြားချက်
နှင့်
အခန်း(၁၁) ပြည်ပခရီးသည်များ ပြန်လည်ထွက်ခွာခြင်း
တို့ ဖြစ်ပါသည်။

 

 

 

 

Local News Read 761 times