ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာသင်္ဘောလိုင်း ကံခေသည့် သီတင်းပတ်


07 March, 2024

ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာသင်္ဘောလိုင်း ကံခေသည့် သီတင်းပတ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

ကမ္ဘာ့အကြီးမားဆုံး ကွန်တိန်နာသင်္ဘောလိုင်းဖြစ်သည့် MSC Mediterranean Shipping Company ကွန်တိန်နာသင်္ဘောလိုင်းသည် တပတ်တာအတွင်းမှာ သင်္ဘောတစီး အင်ဂျင်ခန်း မီးလောင်သည်။ သင်္ဘောတစီး ဟူသီတို့ ပစ်ခတ်သည့် ဒုံးကျည် ထိမှန်သည်။ သင်္ဘောတစီး စက်ပျက်ပြီး မျောနေသဖြင့် ဆိပ်ကမ်းသို့ ဆွဲခေါ်ခဲ့ရသည်။

 

MSC Sky II

 

ယီမင်နိုင်ငံ အေဒင် ဆိပ်ကမ်းမြို့ အနီးတွင် ဒုံးကျည်ထိမှန်ခံရပြီးနောက် မတ် ၅ ရက်တွင် ကွန်တိန်နာသင်္ဘော MSC Sky II သည် ဂျီဘူတီသို့ ဆက်လက်ခရီးဆက်နေကြောင်း MSC က ပြောကြားခဲ့သည်။

 

MSC Sky II သည် စင်ကာပူမှ ဂျီဘူတီသို့ ခုတ်မောင်းနေစဉ်  အေဒင်မြို့ အရှေ့တောင်ဘက် ၈၅ မိုင် (၁၃၇ ကီလိုမီတာ) အကွာ Bab al-Mandab ရေလက်ကြား၏ အရှေ့တောင်ဘက် မိုင် ၁၇၀ အကွာတွင် ဒုံးကျည်တချက် ထိမှန်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် MSC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ဒုံးကျည်ထိမှန်သဖြင့် မီးလောင်မှု အနည်းငယ် ဖြစ်ပွားခဲ့ပြီး အမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း၊ ယခုအခါ MSC Sky II သည် ဂျီဘူတီသို့ ခရီးဆက်နေပြီး ဂျီဘူတီတွင် ထိခိုက်ပျက်စီးမှု အခြေအနေကို စစ်ဆေးအကဲဖြတ်မည်ဖြစ်ကြောင်း MSC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

အေဒင်ပင်လယ်ကွေ့ရှိ ကွန်တိန်နာသင်္ဘော MSC Sky II သည် ယီမင်ဟူသီသူပုန်များက ပစ်လွှတ်သော ဒုံးကျည်နှစ်စင်းအနက်မှ တစ်စီး ထိမှန်ကာ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်ဟု US Central Command (Centcom) က ပြောကြားသည်။

 

သက်တမ်း ၂၅ နှစ်ရှိ  2,169 teu အရွယ်အစား MSC Sky II မှ သင်္ဘောသားများသည် မီးငြိမ်းသတ်ခဲ့ကြသည်။

အိန္ဒိယရေတပ်သင်္ဘောတစ်စင်းမှ တပ်ဖွဲ့ဝင် ၁၂ ဦးပါ အထူးပြုမီးငြှိမ်းသတ်ရေးအဖွဲ့တစ်ဖွဲ့သည် သင်္ဘောပေါ်သို့ သွားရောက်ပြီး ကူညီပေးခဲ့သည်။

 

 

MSC Sao Paolo V

မတ်လ ၃ ရက်နေ့တွင် ကနေဒါကမ်းခြေစောင့်တပ်ဖွဲ့သည် ၁၉၉၈ ခုနှစ်က တည်ဆောက်ခဲ့သော 4,688 teu အရွယ်အစား ကွန်တိန်နာသင်္ဘော MSC Sao Paolo V  မီးလောင်နေသဖြင့် ငြှိမ်းသတ်ရန်အတွက် အမေရိကန် မီးသတ်သမားများအဖွဲ့တစ်ဖွဲ့ဖြင့် အတူပူးပေါင်းကာ မီးငြှိမ်းသတ်ခဲ့သည်။ 

MSC Katyani

သက်တမ်း ၂၈ နှစ် 5,711 teu အရွယ်အစား ကွန်တိန်နာသင်္ဘော MSC Katyani သည် ဖေဖော်ဝါရီ ၂၉ ရက်တွင် အင်ဂျင်ချို့ယွင်းမှုနှင့် ကြုံတွေ့ခဲ့ရသည်။ 

စပိန်နိုင်ငံ Vigo ကမ်းရိုးတန်းမှ ရေမိုင် ၃၀၀ ခန့်အကွာရှိ ဧရိယာတွင် စက်ပျက်ပြီး မျောနေခဲ့ရာ Vigo သို့ ဆွဲခေါ်ခဲ့ရာ ၆ ရက်ကြာ ဆွဲခေါ်ခဲ့ရပြီးနောက် Vigo ဆိပ်ကမ်းသို့ ဆိုက်ရောက်ခဲ့ပါသည်။

 Source Reuters, splash247


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Port Sea Read 587 times