မြန်မာနိုင်ငံမှ အပြီးအပြတ် နုတ်ထွက်ခဲ့ကြောင်း  TotalEnergies ကြေညာချက် ထုတ်ပြန်


20 July, 2022

 

 မြန်မာနိုင်ငံမှ အပြီးအပြတ် နုတ်ထွက်ခဲ့ကြောင်း  TotalEnergies ကြေညာချက် ထုတ်ပြန်

ပြင်သစ်ကုမ္ပဏီ TotalEnergies သည် မြန်မာနိုင်ငံမှ အပြီးအပြတ် နုတ်ထွက်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၂၀)တွင် ပြောကြားခဲ့သည်။

"စာချုပ်ပါ  ၆ လကြာ သတိပေးချက်ကာလအရ  ဤနုတ်ထွက်မှုသည်ဇူလိုင်လ ၂၀ ရက် ၂၀၂၂ တွင်အကျိုးသက်ရောက်မည်ဖြစ်သည်။ ဤနုတ်ထွက်မှုသည် ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလတွင် ပြုလုပ်ခဲ့သော ဥရောပ အရေးယူ ပိတ်ဆို့မှုများနှင့်အညီ ဆောင်ရွက်ခဲ့သည်" ဟု TotalEnergies မှ ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် TotalEnergies သည် ရတနာ ဓာတ်ငွေ့သိုက် လုပ်ကွက်နှင့် မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ MGTC တို့မှ အစုရှယ်ယာရှင်အဖြစ်လည်းကောင်း၊ အော်ပရေတာအဖြစ်လည်းကောင်း၊ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါသည်။

 

ဇန်နဝါရီ  ၂၀၂၂ မှစတင်၍ TotalEnergies သည် တာဝန်သိအော်ပရေတာအဖြစ် ဆက်လက်ဆောင်ရွက်ခဲ့ပြီး ၎င်း၏ဝန်ထမ်းများနှင့် ကာလရှည်ကြာ ထောက်ကူပေးခဲ့ကြသော ဒေသခံလူထုများ အပါအဝင် မြန်မာနိုင်ငံရှိ ၎င်းနှင့် သက်ဆိုင်သူများအပေါ်  တာဝန်သိမှုဖြင့် နုတ်ထွက်ကြောင်း သေချာအောင်လုံ့လစိုက်ထုတ်ဆောင်ရွက်ခဲ့ပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားပါသည်။ 

ထို့ကြောင့် TotalEnergies သည် စီမံကိန်းလုပ်ဖော်ကိုင်ဖက်များထဲမှ အော်ပရေတာအသစ်အဖြစ် ခန့်အပ်ခြင်းခံရသော ထိုင်းနိုင်ငံ၏ နိုင်ငံပိုင်လုပ်ငန်း PTTEP နှင့် နီးကပ်စွာလုပ်ဆောင်ခဲ့ပြီး ရတနာဓာတ်ငွေ့တွင်းတွင် ထုတ်လုပ်မှု အဆက်မပြတ်စေရေးနှင့် ဘေးကင်းလုံခြုံမှုကို အာမခံချက်ပေးကာ လုပ်ငန်းလည်ပတ်မှုကို စနစ်တကျ လွှဲပြောင်းပေးခဲ့မှာ သေချာအောင် လုပ်ဆောင်ပေးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါသည်။ 

မြန်မာနိုင်ငံရှိ ကျွန်ုပ်တို့၏ ဝန်ထမ်းများအားလုံးကို  အလုပ်အကိုင်နှင့် လစာအခြေအနေများ လက်ရှိအတိုင်း အော်ပရေတာအသစ်ဖြင့် အလုပ်အကိုင် ဆက်လက်လုပ်ကိုင်နိုင်သောကြောင့် ၎င်းတို့၏ သမ်းမွေးဝမ်းကျောင်းအလုပ် အနာဂတ်ကို စိတ်ချရစေပါသည်။ ထို့အပြင် MGTC ပိုက်လိုင်းဧရိယာရှိ ဒေသခံပြည်သူများနှင့် သမိုင်းဝင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို ဆက်လက်ဆောင်ရွက်ရန် TotalEnergies နှင့် PTTEP တို့ကြားတွင် ဖြည့်စွက်ပံ့ပိုးကူညီမှု သဘောတူညီချက်တစ်ရပ်ကိုလည်း ထူထောင်ခဲ့ပါသည်ဟ ကြေညာချက်တွင် ဖော်ပြထားပါသည်။ 

TotalEnergies မှ မြန်မာနိုင်ငံမှ ပြတ်ပြတ်သားသား နုတ်ထွက်လိုက်သည်နှင့်အမျှ ကျွန်ုပ်တို့၏ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် မတရားဖိနှိပ်ခြင်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထပ်မံရှုတ်ချကြောင်းနှင့် မြန်မာနိုင်ငံ ပြည်သူများအား ၎င်း၏ ထောက်ခံအားပေးမှုနှင့် ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အမြန်ပြန်လာရန် မျှော်လင့်ချက်တို့ကို ထပ်မံအတည်ပြုပါသည်ဟု  ကြေညာချက်  တွင် ဖော်ပြထားပါသည်။

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U

Source: totalenergies.com

MIG

 

 

Energy News Investment/Divestment Read 15401 times