Toshiba Corp က သီးခြားရပ်တည် ကုမ္ပဏီ ၃ ခု ခွဲရန် စီစဉ်


17 November, 2021

သက်တမ်း နှစ် ၁၃၀ နီးပါး ရှိပြီဖြစ်သည့် General Electric က ကုမ္ပဏီကို 
ကျန်းမာရေးစောင့်ရှောက်မှု GE Healthcare 
လေယာဉ်စက်ပစ္စည်း  GE Aviation
စွမ်းအင် GE Energy ဟူ၍ သုံးပိုင်း ပိုင်းခြားပြီး သီခြားရပ်တည်သည့် ကုမ္ပဏီ ၃ ခု အနေဖြင့် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

သက်တမ်း ၁၃၅ နှစ် ရှိပြီဖြစ်သော Johnson & Johnson က လူသုံးကုန်ပစ္စည်းများ နှင့် ဆေးဘက်ဆိုင်ရာ ဟူ၍ နှစ်ခု ခွဲခြမ်းပြီး သီးခြားလွတ်ကင်းစွာ ရပ်တည်သည့် ကုမ္ပဏီ နှစ်ခု အဖြစ်ဖြင့် လုပ်ကိုင်မည်ဟု ကြေညာခဲ့သည်။

ထိုသို့ ကြေညာချက်များ ထွက်ပေါ်ခဲ့ပြီး မရှေးမနှောင်းမှာ Toshiba Corp က ကုမ္ပဏီ ၃ ခု ခွဲခြား ထူထောင်သွားရန် အစီအစဉ်ကို ချပြခဲ့သည်။
ကုမ္ပဏီ ရှယ်ယာပိုင်ရှင်များတွင် လှုပ်ရှားပြောင်းလဲစေလိုသူများက ဂျပန် ကုမ္ပဏီစုကြီးကို အလုံးစုံ စိစစ်ပြောင်းလဲဖို့ တောင်းဆိုနေကြသည်ကို ချွေးသိပ်ပေးဖို့ ကြိုးပမ်းမှု တစ်ရပ်ဖြစ်သည်။
ကုမ္ပဏီစုကြီးများ ကြီးစိုးထားသည့် ဂျပန်တွင် ယခုလို ခွဲထုတ်ပစ်ခြင်းသည် ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ပါသည်
၁၈၇၅ တွင် ထူထောင်ခဲ့သော Toshiba သည် စွမ်းအင်နှင့် အခြေခံအဆောက်အအုံကို ကုမ္ပဏီတစ်ခု၏ လက်ထဲတွင် ထားရှိမည်။
ကွန်ပျူတာသုံး hard disk drive များ နှင့် ပါဝါလျှပ်ကူးချို့ပစ္စည်း power semiconductor လုပ်ငန်းကို ကျောရိုးအဖြစ် ထားရှိပြီး  သီခြားကုမ္ပဏီတစ်ခု ထားရှိမည်။

flash-memory chip လုပ်ငန်းဖြစ်သော Kioxia Holdings နှင့် အခြားပိုင်ဆိုင်မှုများကို သီးခြား လုပ်ငန်းတစ်ခု အဖြစ် ထားရှိမည်ဟု ဆိုသည်။

၅ လကြာ မဟာဗျူဟာ ဆန်းစစ် သုံးသပ်ချက်မှ ထွက်ပေါ်လာသည့် အစီအစဉ်ဖြစ်သည်။
ထိုအစီအစဉ်ကို ရှယ်ယာပိုင်ရှင်များ၏ သဘောတူညီချက် ရယူမည် ဖြစ်သည်။

အလုပ်အမှုဆောင်ချုပ် Satoshi Tsunakawa က အလုံးစုံ ပြောင်းလဲခြင်းကို နှစ်နှစ်အတွင်း အပြီးအစီး ဆောင်ရွက်သွားမည်ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရေးဆွဲထားသည့် အစီအစဉ်အရ ၂၀၂၄ မတ်လတွင် အပြီးအစီး လုပ်ဆောင်မည် ဖြစ်သည်။

၂၀၁၇ တွင် အရင်းအနှီးငွေအတွက် အမေရိကန်ဒေါ်လာ ၅.၄ ဘီလျံကို ပင်လယ်ရပ်ခြားမှ ရင်းနှီးမြှုပ်နှံမှု ၃၀ ကျော်ထံမှ ရယူခဲ့ရာ လှုပ်ရှားတက်ကြွသည့် ရှယ်ယာပိုင်ရှင် လုပ်ငန်းများ ပါဝင်ခဲ့သည်။ ထိုလုပ်ငန်းများနှင့် စီမံခန့်ခွဲမှုတို့အကြား တင်းမာမှု ဖြစ်ပေါ်နေခဲ့သည်။
ပြီးခဲ့သည့်နှစ် ရှယ်ယာပိုင်ရှင်များ စုံညီအစည်းအဝေးတွင် ရင်ူနှီးမြှုပ်နှံထားသူ ရှယ်ယာပိုင်ရှင်များ ဩဇာသက်ရောက်မှု မပေးနိုင်အောင် ပိတ်ပင်ခဲ့သည်ဟု စုံစမ်းရေး ကော်မရှင်က ပြီးခဲ့သည့် ဇွန်လတွင် ကောက်ချက်ချခဲ့သည်။
အလုံးစုံပြုပြင်ပြောင်းလဲမည့် အစီအစဉ်တွင် Toshiba က ရှယ်ယာပိုင်ရှင်များအား ယန်း ဘီလျံ ၁၀၀ ကို လာမည့် ဘဏ္ဍာရေးနှစ် ၂ နှစ်မှာ ပေးအပ်မည် ဖြစ်သည်။
ကုန်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် Toshiba ကို သုံးပိုင်း ပိုင်းခြား ခွဲထုတ်သည့်အခါ ရေဒါစနစ်များ အပါအဝင် အမျိုးသားလုံခြုံရေးနှင့် နှီးနွှယ်သော ကိစ္စရပ်များအပေါ် မည်သို့သော သက်ရောက်မှုများ ရှိမည်ဆိုသည်ကို စိတ်ဝင်တစား ဖြစ်လိမ့်မည်ဟု ပြောကြားခဲ့ပါသည်။

Global News Read 358 times