ထိပ်တန်း မလေးရှား ဘီလီယံနာ ၅ ဦး အသားတင် ပိုင်ဆိုင်မှု ဒေါ်လာ ၁.၆ ဘီလီယံ ဆုတ်ယုတ်


28 February, 2024

ထိပ်တန်း မလေးရှား ဘီလီယံနာ ၅ ဦး အသားတင် ပိုင်ဆိုင်မှု ဒေါ်လာ ၁.၆ ဘီလီယံ ဆုတ်ယုတ်

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

 မလေးရှားရှိ အချမ်းသာဆုံးပုဂ္ဂိုလ်ငါးဦးသည် ယခုနှစ်အတွင်း ၎င်းတို့၏ ပိုင်ဆိုင်မှု စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၁.၆ ဘီလီယံ ကျဆင်းသွားခဲ့ကြောင်း Forbes က စာရင်းထုတ်ပြန်ခဲ့ပါသည်။

 

 

Robert Kuok

Shangri-La Hotels တည်ထောင်သူ မလေးရှားသူဌေးကြီး Robert Kuok သည် အသက် နှစ်ပေါင်း ၁၀၀ ပြည့်ခဲ့ပြီဖြစ်ပြီး မလေးရှားနိုင်ငံ၏ အချမ်သားဆုံးသူဌေးကြီးအဖြစ် ဆက်လက်ရပ်တည်နေသည်။ ၎င်း၏ အသားတင်တန်ဖိုးသည် ကန်‌ဒေါ်လာ ၁၁ ဘီလီယံဖြစ်ပြီး ယမန်နှစ်ကထက် ၆.၇% လျော့ကျပါသည်။

Kuok သည် စီးပွားရေးကို ၁၉၄၉ ခုနှစ်တွင်ဆန်၊ သကြားနှင့် ဂျုံ ရောင်းဝယ်ရေး လုပ်ငန်းဖြင့် စတင်ခဲ့သည်။ ဆယ်စုနှစ် နှစ်ခုကြာပြီးနောက် စင်ကာပူတွင် Shangri-La Hotels and Resorts ကို တည်ထောင်ခဲ့သည်။

သူ၏ကုမ္ပဏီ Kuok လုပ်ငန်းစုသည် ဟိုတယ်များ၊ အိမ်ခြံမြေတိုက်တာများနှင့် ကုန်ပစ္စည်း အမျိုးမျိုး ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများတို့ကို လုပ်ကိုင်သည်။

 သူ့မှာ သားသမီး ရှစ်ယောက်ရှိပြီး ၎င်းတို့ထဲမှ တစ်ဦးဖြစ်သည့် Kuok Khoon Hua သည် ဟောင်ကောင် အိမ်ခြံမြေကုမ္ပဏီ Kerry Properties ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သည်။

 

 

Quek Leng Chan

ငွေကြေးလုပ်ငန်း Hong Leong Group  ပူးတွဲတည်ထောင်သူ Quek Leng Chan သည် အသက် ၈၂ နှစ် ရှိပြီဖြစ်ပြီး အသားတင်တန်ဖိုးမှာ ကန်ဒေါ်လာ ၉.၉ ဘီလီယံ ဖြစ်ပါသည်။ ယမန်နှစ်ကထက် ၂% လျော့ကျပါသည်။

သူသည် ငွေကြေး၊ စားသောက်ကုန်နှင့် အိမ်ခြံမြေတိုက်တာ ပိုင်ဆိုင်မှုတို့ကို လုပ်ကိုင်သည့်  Hong Leong Co. ၏ အမှုဆောင်ဥက္ကဋ္ဌ ဖြစ်ပါသည်။

Quek သည် ယူကေတွင် ရှေ့နေတစ်ဦးအဖြစ် လေ့ကျင့်သင်ယူခဲ့သည်။  သူ၏ ချမ်းသာမှု တစိတ်တပိုင်းသည် ဖခင်ထံမှ အမွေရထားခြင်း ဖြစ်သည်။

Hong Leong Group ကို ၁၉၆၃ ခုနှစ်တွင် ကုန်သွယ်ရေး ကုမ္ပဏီအဖြစ် တည်ထောင်ခဲ့သည်။

၎င်း၏ဝမ်းကွဲဖြစ်သူ Kwek Leng Beng သည်လည်း ဘီလီယံနာတစ်ဦးဖြစ်ပြီး စင်ကာပူရှိ Hong Leong Group ၏ ဥက္ကဋ္ဌ ဖြစ်ပါသည်။

 

 

Ananda Krishnan

ရေနံဝန်ဆောင်မှုကုမ္ပဏီ Bumi Armada ၏ရှယ်ယာရှင် Ananda Krishnan သည် အသက် ၈၂ နှစ် ရှိပြီ ဖြစ်ပြီး Harvard Business School မှ ဘွဲ့ရခဲ့သည်။ ဆက်သွယ်ရေးလုပ်ငန်း Maxis နှင့် မီဒီယာ လုပ်ငန်း Astro Malaysia Holdings တို့တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားသည်။

Krishnan သည် ၂၀၁၄ ခုနှစ်တွင် အသားတင်တန်ဖိုး ကန်ဒေါ်လာ ၁၁.၃ ဘီလီယံ ရှိခဲ့သည်။ ယခု ကန်ဒေါ်လာ ၅.၂ ဘီလီယံသို့ လျော့ကျနေသည်။

သူလုပ်ကိုင်သည့် အိန္ဒိယ ဆက်သွယ်ရေးလုပ်ငန်း Aircel တွင် သူက ကန်ဒေါ်လာ ၇ ဘီလီယံ ရင်းနှီးမြှုပ်နှံထားသည်။ Aircel သည် ၂၀၁၈ ခုနှစ်တွင် ဒေဝါလီခံခဲ့ရပါသည်။

 

 

Koon Poh Keong

အလူမီနီယမ် ထုတ်လုပ်သူ Press Metal ကို တည်ထောင်သူ Koon Poh Keong သည် အသက် ၆၂ နှစ် ရှိပြီဖြစ်ပြီး အသားတင်တန်ဖိုး ကန်ဒေါ်လာ ၃.၆ ဘီလီယံ ရှိသည်။ ယမန်နှစ်ကထက် ၁၀% လျော့ကျပါသည်။

Koon သည် အမေရိကန်မှာ ဘွဲ့ရပြီး မလေးရှားနိုင်ငံကး စီးပွားရေး ကျဆင်းနေချိန်မှာ မလေးရှားသို့ ပြန်ရောက်လာခဲ့ပါသည်။

သူ၏ညီအစ်ကိုလေးယောက်နှင့်အတူ အလူမီနီယံထုတ်လုပ်သည့်ကုမ္ပဏီ Press Metal ကို စတင်ခဲ့သည်။

သူသည် အလူမီနီယမ်ကုမ္ပဏီ Press Metal ၏ CEO ဖြစ်ပြီး သူ့အစ်ကို Poh Ming က အမှုဆောင် ဒုဥက္ကဌ ဖြစ်ပါသည်။ 

Press Metal သည် အရှေ့တောင်အာရှ၏ အကြီးဆုံး အလူမီနီယံ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်ပါသည်။

 

 

Lee Yeow Chor

စားအုန်းဆီလုပ်ငန်း IOI ၏ CEO ဖြစ်သူ Lee Yeow Chor သည် အသက် ၅၇ နှစ် ရှိပြီဖြစ်ပြီး သူ့ဖခင် တည်ဆောက်ခဲ့သည့် စားအုန်းဆီနှင့် အိမ်ခြံမြေတိုက်တာ ပိုင်ဆိုင်မှု အင်ပါယာဖြစ်သည့် IOI Corporation တွင် ရှယ်ယာများ အမွေဆက်ခံခဲ့သည်။ သူသည် IOI ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာနှင့် CEO ဖြစ်သည်။

သူသည် ယူကေမှ ဥပဒေဘွဲ့ရရှိခဲ့ပြီး ယခု သူ့အစ်ကိုနှင့်အတူ လုပ်ငန်းစုကို လုပ်ကိုင်လျက် ရှိသည်။

Source forbes

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Investment/Divestment Read 263 times