SMEs လုပ်ငန်းများ မြန်ဆန်စွာ တိုးတက်နိုင်ရေး အတွက် ဒစ်ဂျစ်တယ်နည်းပညာများ အသုံးပြုကြရန်တိုက်တွန်း


13 December, 2018

မြန်မာ့အသေးစားနှင့် အလတ်စားလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးနိုင်ရေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းမြင့်မားနိုင်ရေးအတွက် ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြု၍ ဆောင်ရွက်သွားနိုင်ရန် တိုက်တွန်းခဲ့သည့် တစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲ SMEs Workshop: Digital Transformation to Boost Competitiveness ကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ Novotel Hotel တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။“မြန်မာနိုင်ငံမှာ SME လုပ်ငန်းများ ၉၈ % ရှိပြီး Digital Economy Growth တက်လာခြင်းအနေနဲ့တော့မတွေ့ရပါဘူး၊ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်မားနိုင်ရေးအတွက် ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလဲ၍ အကျိုးအမြတ်ကို ရယူနိုင်ဖို့ လိုပါတယ် ၊ မြန်မာ့SMEs လုပ်ငန်းတွေ ပြင်ဆင်ထားဖို့ အရေးကြီးပါတယ် “ ဟု Senior Vice President and Regional Managing Director of US-ABC မှ Ambassador Michael W.Michalak ကပြောကြားပါတယ်။

အသေးစား နှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပေါ် ဒစ်ဂျစ်တယ်ပြောင်းလဲမှုများ မြှင့်တင်နိုင်ရန်အတွက် နည်းပညာအသစ်များပျံ့နှံ့မှုနှင့် E-commerce ပလက်ဖောင်းတစ်ခုဖြစ်ပေါ်လာရေး ရည်ရွယ်ခဲ့ခြင်းဖြစ်၍ US-ASEAN Business Council ၊ US ICT Council for Myanmar ၊ Max Myanmar Holdings Co.,Ltd၊ UMFCCIနှင့် MYEA တို့ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပါတယ်။Panel Discussion များဖြင့် စကားဝိုင်းဆွေးနွေး၍ SME လုပ်ငန်းများကို Digital Ecosystem ဖြင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန် နှင့် မြန်မာ့စီးပွားရေးအရှိန်အဟုန်မြင့် ဖွံ့ဖြိုးစေရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာများ၊ Facebook ကို မိမိစီးပွားရေးအတွက် အကျိုးရှိဖို့ အသုံးချရန်နည်းလမ်းများ၊ SMEs လုပ်ငန်းများအတွက်လိုအပ်သည့် ဒစ်ဂျစ်တယ် မာကတ်တင်းနည်းပညာရပ်များ၊ ဒစ်ဂျစ်တယ်ငွေပေးချေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါတယ်။

US-ABC အနေဖြင့် ၂၀၁၆ခုနှစ်မှ စတင်၍ ASEAN SME Academy (www.asean-sme-academy.org) ကို စတင် လုပ်ကိုင်ခဲ့ရာ အသင်းဝင်ကုမ္ပဏီများအနေဖြင့် တရားဝင်အွန်လိုင်းသင်ကြားရေးဖြစ်သော ASEAN Online Learning Tool ကို အခမဲ့လေ့လာသင်ကြားနိုင်ခွင့်ရရှိပြီး ICT tools ၊ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်၊ မာကတ်တင်း၊ ထောက်ပံ့ပို့ဆောင်ရေး နှင့် အမျိုးသမီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအတွက် လေ့လာနိုင်သည့် သင်ခန်းစာများ စသည်တို့ ပါဝင်ပါတယ်။ရန်ကုန်နှင့် အခြားမြို့များမှ အသေးစားနှင့်အလတ်စားလုပ်ငန်းရှင်များနှင့် အမှုဆောင်ပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

 

Local News Events & Exhibition Read 531 times