ဆိုးလ်မြို့မှာ တိုက်ခန်းဝယ်ဖို့ မိသားစုဝင် လစာများ ၁၄ နှစ်စာ လိုအပ်ခဲ့


23 December, 2022

ဆိုးလ်မြို့မှာ တိုက်ခန်းဝယ်ဖို့ မိသားစုဝင် လစာများ ၁၄ နှစ်စာ လိုအပ်ခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မြေယာ၊ အခြေခံအဆောက်အအုံနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာန၏ အချက်အလက်များအရ ဆိုးလ်တွင် လူနေတိုက်ခန်းတစ်ခု ဝယ်ယူရန် အတွက် ပျမ်းမျှအိမ်ထောင်စုတစ်ခုသည် ၎င်းတို့၏လစာ ၁၀၀ ရာခိုင်နှုန်း ရာနှုန်းပြည့် ၁၄ နှစ်စာ ပမာဏ လိုအပ်သည်။

စစ်တမ်းကုိ ၂၀၂၁  ဩဂုတ်လမှ ၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ကာလအတွင်း ဤနေရာတွင် အိမ်ထောင်စု ၅၁,၀၀၀ ကို ကောက်ယူခဲ့သည်။
ထိုစစ်တမ်းအရ ဆိုးလ်မြို့တော်တွင် လူနေတိုပ်ခန်းတစ်ခန်း ဝယါယူရန် အိမ်ထောင်စု တစ်လုံး၏ လစာများ စုစုပေါင်းပမာဏ ၁၄ နှစ်စာ လိုအပ်ကြောင်း သိရသည်။
စစ်တမ်းကောက်ယူခဲ့သည့် ကာလမှာ ဆိုးလ်မြို့နှင့် ဆိုးလ်မြို့အနီးတဝိုက်ရှိ တိုက်ခန်းဈေးများ ခေါင်ခိုက်ပြီး အထွတ်အထိပ် ရောက်ရှိနေချိန် ဖြစ်သည်။ ထို့ပြင် ဗဟိုဘဏ် အခြေခံအတိုးနှုန်းမှာ သုညနီးပါး သတ်မှတ်ထားချိန် ဖြစ်သည်။ 

ယခုအခါ ဘဏ်ချေးငွေ အတိုးနှုန်းမြင့်မားနေပြီးအိမ်ရာတိုက်ခန်း အရောင်းအဝယ်များ အေးခဲနေသဖြင့် ဈေးပြန်ကျနေပါသည်။ လွန်ခဲ့သည့် ၂ နှစ်က ဈေးနှုန်းသို့ ပြန်လည်ကျဆင်းဖွယ် ရှိသည်။ 

မြို့ကြီးပြကြီး ဧရိယာ အိမ်ရာဈေးနှုန်းနှင့် ဝင်ငွေ အချိုးသည် ၂၀၂၁ တွင် ပျမ်းမျှ ၁၀.၁ ဖြစ်သည်အထိ မြင့်တက်ခဲ့သည်။ ၎င်းအချိုးပမာဏ မြင့်တက်သည်နှင့်အမျှ အိမ်ထောင်စုတို့ အိမ်ရာတိုက်ခန်း ဝယ်ယူရန် ငွေပိုကုန်မည် ဖြစ်သည်။ 
လွန်ခဲ့သည့် ၂ နှစ် ၂၀၂၀ ခုနှစ်တွင် ၎င်းအချိုးပမာဏ ၈ ဖြစ်ခဲ့သည်။ ၂၀၀၈ မှ ၂၀၁၉ အထိ ၆.၇~၆.၉ ဝန်းကျင်တွင် ရှိနေခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် ဈေးကွက် လှုပ်ရှားမှုလွန်ကဲပြီး ဂဏန်းနှစ်လုံး ပမာဏသို့ ရောက်ရှိခဲ့သည်။ဆိုးလ်မြို့မှာ  အိမ်ရာဈေးနှုန်းနှင့် ဝင်ငွေ အချိုးသည် ၁၄.၁ သို့ ရောက်ရှိခဲ့သည်။ Sejong တွင် ၁၀.၈ သို့ ရောက်ရှိခဲ့သည်။

အိမ်ရာတိုက်ခန်းငှားရမ်းခနှင့် ဝင်ငွေအချိုးမှာမူ နိုင်ငံတစ်လွှာ ပျမ်းမျှပမာဏသည် ယမန်နှစ် ၂၀၂၁ တွင် ၁၅.၇ သို့ ကျဆင်းခဲ့သည်။ ၂၀၂၀ ခုနှစ်ထက် ၀.၉ လျော့ကျသည်။ 
Gyeonggi Province တွင်လည်း ၁၈.၆ မှ ၁၇.၈ သို့ ကျဆင်းခဲ့ပါသည်။ 
ဆိုးလ်မြို့တော်တွင် မကျဆင်းခဲ့ချေ။ ၂၀၂၀ တွင် ၂၁.၃ ဖြစ်ခဲ့ပြီး ၂၀၂၁ တွင် ၂၁.၆ သို့ မြင့်တက်ခဲ့ပါသည်။ ဆိုးလ်မြို့တော်တွင် အိမ်ရာတိုက်ခန်း ငှားရမ်းနေထိုင်သည့် အိမ်ထောင်စုသည် ပျမ်းမျှအားဖြင့် အိမ်ထောင်စုဝင်တို့၏ လစာဝင်ငွေများ စုစုပေါင်း၏ ၂၁.၆% ကို အိမ်ရာတိုက်ခန်းခ ငှားရမ်းခအတွက် သုံးစွဲကြရသည်။ 
အိမ်ပိုင်ရှင် အချိုးအစား များများစားစား မပြောင်းလဲခဲ့ချေ။ နိုင်ငံတဝှမ်း ၆၀.၆% ရှိသည်။ မြို့ကြီးပြကြီး ဧရိယာတွင် ၅၄.၇% ရှိပြီး ၂၀၀၈ မှစ၍ ၁၃ နှစ်တာကာလတွင် အမြင့်မားဆုံး ဖြစ်ပါသည်။ မြို့ကြီးပြကြီး မဟုတ်သောနေရာများတွင် လျော့ကျခဲ့ပါသည်။ 
အိမ်ပိုင်သူ တိုးလာရသည်မှာ အသက် ၂၀ နှစ်ကျော်နှင့် ၃၀ နှစ်ကျော် အသက်အရွယ် ရှိသူများ ပြီးခဲ့သည့်နှစ်တွင် အိမ်ရာတိုက်ခန်း ဝယ်ယူမှု များပြားခဲ့ခြင်းကြောင့် ဖြစ်သည်။ 
အိမ်ရာတိုက်ခန်း ဈေးနှုန်းများ တစ်စထက်တစ်စ မြင့်တက်လာစဉ် ဈေးသိပ်မကြီးခင် လက်ဦးမှု ရယူကာ ဝယ်ယူမှုများ များပြားခဲ့သည်။ အဝယ်လိုက်နေသည်မှာ ကြာကြာမခံဘဲ များမကြာမီတွင် ပုံမှန်အနေအထား ပြန်လည်ရောက်ရှိခဲ့ပါသည်။
Source Yonhap
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Global News Read 6658 times