ဝဒေသ သံဖြူ ထုတ်လုပ်မှု ရပ်တော့မည်ဟု ကြေညာသဖြင့် ကမ္ဘာ့သံဖြူ ဈေးခုန်တက်


18 April, 2023

ဝဒေသ သံဖြူ ထုတ်လုပ်မှု ရပ်တော့မည်ဟု ကြေညာသဖြင့် ကမ္ဘာ့သံဖြူ ဈေးခုန်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


ကမ္ဘာ့တတိယအများဆုံး သံဖြူ ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံတွင် ထုတ်လုပ်မှု ရပ်ဆိုင်းနိုင်ဖွယ်ရှိသည့် သတင်းများကြောင့် တနင်္လာနေ့ (ဧပြီ ၁၇)တွင်  သံဖြူ ဈေးနှုန်းများ ခုန်တက်သွားခဲ့သည်။ 
တရုတ်သည် ကမ္ဘာ့အများဆုံး သံဖြူထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး အင်ဒိုနီးရှားသည် ကမ္ဘာ့ဒုတိယအများဆုံးသံဖြူထုတ်လုပ်သည့် နိုင်ငံ ဖြစ်သည်။

သံဖြူ ဈေးနှုန်းသည် London Metal Exchange ၃ လ ကြိုပွိုင့်ဈေးနှုန်း ၁၁% ခုန်တက်သည်။ ပြီးခဲ့သည့် နှစ်လတာအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိသည်။ သံဖြူ တတစ်တန် $27,705  သို့ စတင်ရောက်ရှိခဲ့ပြီးနောက် $27,180 တွင် ဈေးငြိမ်သွားသည်။ Shanghai Futures Exchange (ShFE) တွင်လည်း အလားတူပင် သံဖြူ ဈေးတက်ခဲ့ပြီးပြီ ဖြစ်သည်။ 

တရုတ်နိုင်ငံနှင့် နယ်စပ်ရှိ သံဖြူတူးဖော်ရေး ဧရိယာကို ထိန်းချုပ်သည့် မြန်မာ၏ အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဝပြည်နယ်မှ ဗဟိုစီးပွားရေး စီမံကိန်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် အများက မမျှော်လင့်ထားသည့် "ထုတ်လုပ်မှု ရပ်ဆိုင်းမည်"ဖြစ်ကြောင်း ဖော်ပြထားသည်။ 

ကျန်ရှိသော သယံဇာတများကို ထိန်းသိမ်းရန် အလို့ငှာ သတ္တုတူးဖော်ရေးနှင့် သန့်စင်ရေးလုပ်ငန်းစဉ် လုပ်ငန်းများအားလုံးကို ဩဂုတ်လမှ စတင်၍ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ 

သံဖြူသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရထားသော  ဝပြည်နယ်အတွက်  ၀င်ငွေရရှိသည့် ရင်းမြစ်တစ်ခုဖြစ်သောကြောင့် ထုတ်လုပ်မှု ရပ်ဆိုင်းခြင်းသည် ထူးခြားသော လုပ်ရပ် ဖြစ်နေသည်။ သို့ဖြစ်ရာ အခြားသော နောက်ခံအကြောင်းတရားများ ရှိလိမ့်မည်ဟု ယူဆကြသည်။ 
သံဖြူ ‌ဈေးနှုန်း ခုန်တက်သွားခြင်းသည် ကမ္ဘာလုံးဆိုင်ရာ သံဖြူထောက်ပံ့ရေးကွင်းဆက်အတွက် အရှေ့တောင်အာရှ၏ လက်လှမ်းမမီဆုံး နေရာတစ်ခု၏ အရေးပါမှုကို မီးမောင်းထိုးပြနေသည်။ 
ချက်ချင်းလက်ငင်း ထိခိုက်မည့်လုပ်ငန်းများမှာ တရုတ်နိုင်ငံမှ သံဖြူ အရည်ကြိုသန့်စင်သည့် စက်ရုံများ ဖြစ်သည်။ မြန်မာသတ္တုရိုင်းအပေါ် တည်မှီနေရခြင်းကို လျှော့ချထားကြသော်လည်း အနည်းနှင့် အများ ထိခိုက်ကြမည် ဖြစ်သည်။ 

မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်မတိုင်မီက သံဖြူအတွက် အရေးပါသောထုတ်လုပ်သည့်နိုင်ငံဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့်ရာစုနှစ်အကုန်တွင် လုပ်ငန်းအားလုံး တိမ်မြှုပ်သွားခဲ့သည်။

သံဖြူသိုက်ကို ၂၀၁၃ ခုနှစ်တွင် တစ်ဖန်ပြန်လည် တူးဖော်ခဲ့ကြရာ တရုတ်နိုင်ငံသည် မြန်မာ့သံဖြူများ အမြောက်အမြား တင်သွင်းခဲ့သည်။ 

၂၀၁၂ တွင် မြန်မာ့သံဖြူ တန်ချိန် ၃ သောင်း ကို တရုတ်နိုင်ငံက တင်သွင်းခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် တန်ချိန် ၈၉,၀၀ သို့ ရောက်ရှိလာခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် တန်ချိန် ၅ သိန်းသို့ ရောက်ရှိသွားသည်။ 
ထိုနောက်ပိုင်းတွင် နှစ်စဉ် ပျမ်းမျှ တန်ချိန် တစ်သိန်းခွဲမှ နှစ်သိန်းအထိ မြန်မာသံဖြူကို တရုတ်နိုင်ငံက တင်သွင်းခဲ့သည်။ 

အသေးစား လက်ဖြင့် တူးဖော်မှုအဖြစ် စတင်ခဲ့သည့် သတ္တုတွင်းသည် စက်ယန္တရားကြီးများဖြင့် တူးဖော်သည့် သတ္တုတွင်း အဖြစ်သို့ ဖွံ့ဖြိုးတိုးတက်ခဲ့သည်။ 


International Tin Association သည် အဆိုပါ သတ္တုတွင်းကို ၂၀၁၆ ခုနှစ်တွင် သွားရောက်ခဲ့ပြီး တစ်နှစ်လျှင် သတ္တုတန်ချိန် ၅၀,၀၀ ဝန်းကျင် ထုတ်လုပ်နိုင်သည်ဟု ခန့်မှန်းသည်။ နောက်ထပ် သတ္တုသိုက်အသစ်များလည်း တွေ့ရှိနိုင်သည်ဟု ဆိုသည်။ 


United States Geological Survey မှ ခန့်မှန်းချက်အရ ထုတ်လုပ်မှုသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၃၆,၉၀၀ ရှိခဲ့ပြီး ယမန်နှစ် ၂၀၂၂ တွင် တန်ချိန် ၃၁,၀၀ သို့ လျော့ကျသွားခဲ့သည်။ 

တရုတ်နိုင်ငံမှ သတ္တုအရည်ကြိုသန့်စင်လုပ်ငန်းများသည် ယမန်နှစ်က ကွန်ဂိုမှ တန်ချိန် ၂၃,၅၀၀ တင်သွင်းခဲ့ကြသည်။ ထို့ပြင် ဩစတေးလျမှ တန်ချိန် ၁၁,၅၀၀ နှင့် နိုင်ဂျီးရီးယားမှ တန်ချိန် ၃,၀၀၀ တင်သွင်းခဲ့သည်။ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် ရုရှားတို့ထံမှ လည်း တန်ချိန် အနည်းငယ်စီ တင်သွင်းခဲ့ကြသည်။ 

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Read 517 times