TikTok က အင်ဒိုနီးရှားတွင် တရုတ်ကုန်ပစ္စည်းများ ရောင်းချမည်မဟုတ်ဟု ပြောကြား


31 July, 2023

TikTok က အင်ဒိုနီးရှားတွင် တရုတ်ကုန်ပစ္စည်းများ ရောင်းချမည်မဟုတ်ဟု ပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

TikTok ၏ e-commerce မြှင့်တင်သည့်  အစီအစဉ်သစ်သည် တရုတ်ကုန်ပစ္စည်းများ အင်ဒိုနီးရှားနိုင်ငံအတွင်း လွှမ်းမိုးလာမည်ကို စိုးရိမ်ကြောင်း အစိုးရ၀န်ကြီးတစ်ဦးက ပြောကြားခဲ့ရာ TikTok က အင်ဒိုနီးရှားတွင် နယ်စပ်ဖြတ်ကျော် e-commerce ဝန်တောင်မှုဖြင့် တရုတ်ကုန်ပစ္စည်းများ ရောင်းချမည့် အစီအစဉ်မရှိကြောင်း  ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ByteDance ပိုင်ဆိုင်သည့် TikTok သည် တရုတ်ကုန်သည်များကို ကမ္ဘာတစ်ဝှမ်း ကုန်ပစ္စည်းများ ရောင်းချရာတွင် ကူညီပေးသည့် အစီအစဉ်ကို လုပ်ဆောင်လျက် ရှိသည်။
ယူကေတွင် စမ်းသပ်ခဲ့ပြီး ဩဂုတ်လတွင် အမေရိကန်မှာ စတင်ရန် စီစဉ်ထားသည်။ 

အင်ဒိုနီးရှားနိုင်ငံ သမဝါယမနှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဝန်ကြီး Teten Masduki က  ပြည်တွင်းမီဒီယာများကို ပြောကြားရာတွင် TikTok နှင့် တွေ့ဆုံခဲ့ပြီး အဆိုပါ အစီအစဉ်သည် နိုင်ငံအတွင်း လုပ်ငန်းငယ်များကို ထိခိုက်စေမည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ TikTok က ၎င်းအစီအစဉ်ကို အင်ဒိုနီးရှားတွင် လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု ဝန်ကြီးက ပြောကြားသည်။

 TikTok Indonesia ၏ ဆက်သွယ်ရေးဌာနအကြီးအကဲ Anggini Setiawan က “ဒီမှာ နယ်စပ်ဖြတ်ကျော်စီးပွားရေးဖြင့် တရုတ်ကုန်ပစ္စည်းများ ရောင်းချသည့် ပလက်ဖောင်း မဖွင့်ဖို့ အသိတရားရှိတဲ့ ကုမ္ပဏီတစ်ခုအနေဖြင့် သတိရှိရှိ ဆုံးဖြတ်ချက်ချထားပါတယ်" ဟု ပြောကြားသည်။
"ဒါက အင်ဒိုနီးရှား ပြည်တွင်း အငယ်စား၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ပံ့ပိုးကူညီဖို့ ကတိကဝတ် ဖြစ်ပါတယ်"ဟု သူမက ပြောကြားသည်။
"ကျန်မတို့မှာ အင်ဒိုနီးရှားရှိ လက်လီရောင်းချသူများနှင့် အပြိုင်အဆိုင် ဈေးရောင်းဖို့ လက်လီလက်ကား ရောင်းချသူအဖြစ် လုပ်ကိုင်ဖို့ ရည်ရွယ်ချက် မရှိပါ။ ကျွန်မတို့ ကိုယ်ပိုင် e-commerce ဖန်တီးဖို့လည်း ရည်ရွယ်ချက် မရှိပါ"ဟု သူမက ပြောကြားသည်။

လက်ရှိ အင်ဒိုနီးရှားတွင် လုပ်ကိုင်နေသည့် TikTok Shop ပုံစံသည် ပြည်တွင်းမှ ဈေးရောင်းသူများကို စွမ်းပကားနှင့် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်သည်။ ထိုအတိုင်း TikTok က ဆက်လက်လုပ်ဆောင်သွားမည်ဟု သူမက ပြောကြားသည်။
TikTok Shop သည် အင်ဒိုနီးရှားမှ ကုန်သည်များက ပြည်တွင်းမှ ဝယ်ယူသူများကို TikTok အက်ပ်ပေါ်မှာ ကုန်ပစ္စည်းများ ရောင်းချရန် ကူညီပေးသည်။ 

TikTok ကို လစဉ် တက်ကြွစွာ သုံးစွဲသူဦးရေသည် အရှေ့တောင်အာရှတွင် ၃၂၅ သန်း ရှိပြီး ယင်းတို့အနက် ၁၂၅ သန်းသည် အင်ဒိုနီးရှားမှ သုံးစွဲသူများ ဖြစ်သည်။ 
အင်ဒိုနီးရှားတွင် TikTok Shop မှာ ဈေးရောင်းသည့် လုပ်ငန်းငယ်များ ၂ သန်းဝန်းကျင်ရှိသည်။

Source: Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Global News Read 334 times