နိုင်ငံ့ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗီယက်နမ်လျှောက်ခဲ့သောလမ်း


16 January, 2018

ဗီယက်နမ်နိုင်ငံ၏ နှစ်ပေါင်း ၃၀ အတွင်း ဖွံ့ဖြိုးတိုးတက်လာမှုသည် စံပြုလောက်ပေသည်။

၁၉၈၆ ခုနှစ်တွင်စတင်ခဲ့သော Doi Moi ၏ စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုစီမံချက်သည် ဗီယက်နမ်နိင်ငံကိုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေပြီး ဗီယက်နမ်နိုင်ငံကို ကမ္ဘာ့ဆင်းရဲသောနိုင်ငံများ စာရင်းမှ အလယ်အလတ် ၀င်ငွေရှိသောနိုင်ငံ အဖြစ်သို့ တိုးတက်ပြောင်းလဲစေခဲ့သည်။

၁၉၉၀ ခုနှစ်မှစ၍ ဗီယက်နမ်နိင်ငံမှ လူတစ်ဦးချင်းစီ၏ ဂျီဒီပီ တိုးတက်မှုသည် ကမ္ဘာနိုင်ငံများအကြား အမြန်ဆုံးဖြစ်ခဲ့ပြီး၊ ၂၀၀၀ ခုနှစ်အထိနှစ်စဉ်ပျမ်းမျှ ၆.၄ ရာခိုင်နှုန်းနီးပါးတိုးတက်ခဲ့သည်။

ကမ္ဘာ့နိုင်ငံများ စီးပွားရေးပျက်ကပ်ဒဏ်ကို ခံနေရပြီး စီးပွားရေးလုပ်ငန်းများအခက်တွေ့နေချိန်တွင် ဗီယက်နမ်နိုင်ငံသည် ဆက်လက်၍ တိုးတက်ဖွံ့ဖြိုးတိုးတက်ခဲ့သည်။

ပြည်တွင်းဝယ်လိုိအားတက်လာမှုနှင့် အရှေ့ပိုင်းသို့ ထုတ်ကုန်များ တင်ပို့မှု များပြားလာခြင်းတို့သည် ၂၀၁၆ ခုနှစ်တွင် နိင်ငံဧ။်ဂျီဒီပီ ၆ ရာခိုင်နှုန်းတိုးတက်လာခြင်းနှင့်နိင်ငံဧ။်ဖွံ့ဖြိုးတက်မှုကိုအဓိကမောင်းနှင်ပေးခဲ့သည့်အဓိကအကြောင်းအရင်းများဖြစ်ခဲ့သည်။

၁၉၉၃ ခုနှစ်အတွင်းတွင် နိုင်ငံ့လူဦးရေ တစ်ဝက်လောက်သည် တစ်နေ့ဝင်ငွေ ၁.၉ ဒေါ်လာခန့်သာ ရရှိခဲ့သော်လည်း ယနေ့ခေတ်တွင်မူ နိုင်ငံ၏ ၃ ရာခိုင်နှုန်းခန့်သာလျှင်ထိုကဲ့သို့ရရှိတော့ပါသည်။

၁၉၉၃ ခုနှစ်က နိုင်ငံတွင်အခြေခံလူတန်းစား ၆၀ ရာခိုင်နှုန်းနီးပါး ရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင်မူ တစ်နိင်ငံလုံးရှိလူဦးရေ၏ ၁၃.၅ ရာခိုင်နှုန်းသို့ကျဆင်းသွားခဲ့ပြီး၊ လူပေါင်း သန်း ၄၀ နီးပါးမှာ ဆယ်စုနှစ် ၂ ခုအတွင်း ဆင်းရဲမွဲတေမှုမှလွတ်မြောက်သွားနိုင်ခဲ့ပါသည်။

ယနေ့ခေတ် ဗီယက်နမ်ပြည်သူသည် လွန်ခဲ့သော နှစ် ၂၀ ခန့်ကထက် ပညာတတ်ဦးရေပိုမိုများပြားလာ၍ ကျန်းမားရေးလည်း ပိုမိုကောင်းမွန်လာခဲ့ကြပါသည်။

လေ့လာခြင်းသည် အခြေခံပညာသင်ကျောင်းသားများအပါအဝင် လူအများအတွက် လွန်စွာအကျိုးရှိစေခဲ့ပါသည်။

မွေးဖွားပြီးနှင့် ၅ နှစ်အောက် ကလေးများ သေဆုံးမှုမှာလည်း လွန်ခဲ့သော နှစ် ၂၀ ခန့်ကထက် ပိုမိုလျော့ကျလာခဲ့ပြီး၊ ၂၀၁၂ ခုနှစ်တွင် ၁၉ ရာခိုင်နှုန်းအထိလျော့ကျကာ မွေးဖွားသော ကလေး ၁၀၀၀ တွင် ၂၄ ယောက်သာ သေဆုံးခဲ့ပြီး ၁၉၉၃ ခုနှစ်က ရှိခဲ့သော ၆၁ ရာခိုင်နှုန်းထက် ပိုမို လျော့ကျလာခဲ့ပါသည်။

၁၉၉၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်အွင်း ပြောင်းလဲမှုများသည် အားတက်ဖွယ် အနေအထားတွင်ရှိနေပါသည်။

ဥပမာ-လူဦးရေဧ။် ၉၉ ရာခိုင်နှုန်းခန့်သည် မီးထွန်းရန်အတွက်လျှပ်စစ်ဓာတ်အားကို အဓိကအားဖြင့် သုံးစွဲခဲ့ကြသော်လည်း  လွန်ခဲ့သော နှစ် ၂၀ ကထက် ၁၄ ရာခိုင်နှုန်း ပိုမိုများပြားလာခဲ့ပါသည်။

ကျေးလက်နေလူထု၏ ၆၄ ရာခိုင်နှုန်းကျော်သည် အဆောက်အဦးကောင်းများနှင့် နေထိုင်နိုင်ပြီး၊ ၆၁ ရာခိုင်နှုန်းကျော်မှာ သန်ရှင်းသောရေကိုရရှိနိင်ခဲ့ကြပါသည်။

လွန်ခဲ့သော နှစ် ၂၀ ခန့်ကမူ အဆောက်အဦးကောင်းများတွင် လူထု၏ ၃၆ ရာခိုင်နှုန်းလောက်သာနေထိုင်နိင်ပြီး၊ သန့်ရှင်းသောရေကိုရရှိသော လူဦးရေမှာလည်း ၁၇ ရာခိုင်နှုန်းကျော်သာရှိခဲ့ပါသည်။

ဆင်းရဲမွဲတေမှုကိုတိုက်ဖျက်လိုပါက ကျေးလက်နေလူထုနှင့် တိုင်းရင်းသားလူနည်းစုများမှစတင်၍ ပြုပြင်ပြောင်းလဲရမည်ဖြစ်ပါသည်။

၁၉၉၀ ခုနှစ်ဧ။် ဂျီဒီပီမြင့်တက်လာမှုကို အဓိကမောင်းနှင်ပေးခဲ့သည်မှာ ကုန်ထုတ်လုပ်နိုင်မှုစွမ်းအားပင်ဖြစ်သည်။

ဗီယက်နမ်သည် လုပ်သားများ၏ စွမ်းရည်များကိုမြင့်တင်ပေးခြင်းဖြင့် ကုန်ထုတ်လုပ်နိုင်စွမ်းကို ဖွံ့ဖြိုးတိုးတက်စေပြီး စီးပွားရေး တည်ငြိမ်အောင်ပြုလုပ်ခဲ့ပါသည်။

ထိုအချိန်အတွင်းမှာပဲ အသေးစားစီးပွားရေးလုပ်ငန်းများကို တည်ငြိမ်အောင်ပြုလုပ်ခဲ့ပြီး၊ အချို့သောဘဏ်များ၏ ဘဏ္ဍာငွေမညီမျှမှုများကိုလည်း အာရုံစိုက်၍ ဖြေရှင်းမှုများ ပြုလုပ်ခဲ့ပါသည်။

SOE အပိုင်းတွင်လည်း တောင့်တင်းခိုင်မာသော ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှ ဖွံ့ဖြိုးတိုးတက်မှု၏ အဓိက မောင်းနှင်အားအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

မြို့ပြအသစ်များ တည်ထောင်ခြင်းသည်လည်း ဖွ့ံဖြိုးတိုးတက်ခြင်းအတွက် အရေးပါသော်လည်း မြို့ပြအသစ်တည်ထောင်ခြင်းထက် ရှိနေသောမြို့များကို အဆင့်မြင့်တင်ပေးခြင်းကပို၍ထိရောက်စေသည်။

ဆယ်စုနှစ်တစ်ခုအတွင်း အရေးပါသော ရင်းနှီးမြှုပ်နှံမှုများကို အကျိုးဖြစ်ထွန်းစေသော အခြေခံအဆောက်အဦးများ အထူးသဖြင့် စွမ်းအင်၊ သယ်ယူပို့ဆောင်ရေး၊ ရေ၊ မိလ္လာစနစ်နှင့် ဆက်သွယ်ရေးများအတွက် ပြုလုပ်ခဲ့ပါသည်။

နိင်ငံဧ။်စိုက်ပျိုးရေးကဏ္ဍသည်လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသောကြောင့် ဗီယက်နမ်နိုင်ငံသည် လက်မှုလယ်ယာမှ စက်မှုလယ်ယာအဖြစ်သို့ မြှင့်တင်ပေးခြင်းဖြင့် ဆင်းရဲမွဲတေမှုကိုလျော့ချ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ ၂၀၁၁-၂၀၂၀ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ၁၀ နှစ်စီမံကိန်းတွင် အခြေခံအဆောက်အအုံ ပြုပြင်မှုများ၊ သဘာဝပတ်ဝန်းကျင်ရေရှည်တည်တံ့ရေး၊  လူနေမှုစနစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသေးစားစီးပွားရေးလုပ်ငန်းများတည်ငြိမ်မှုရှိရေးစသောအချက်များကိုအဓိလိုအပ်ကြောင်း မီးမောင်းထိုးပြခဲ့ပါသည်။

အထူးသဖြင့် ခေတ်သစ်စက်မှုလုပ်ငန်းများတွင် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆန်းသစ်တီထွင်ဖန်တီးမှု မြင့်တက်စေရန်၊ (၂)စျေးကွက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်၊ (၃)အခြေခံအဆောက်အအုံများထပ်မံဆောက်လုပ်နိင်ရေးစသည်တို့ပါ၀င်ပါသည်။

၂၀၁၆ ခုနှစ် ဧပြီလ တွင် အတည်ပြုခဲ့သော ၂၀၁၆-၂၀၂၀ နှစ်တို့အတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် (SEDP)အရ မူဝါဒအရအရေးထားမှုတွင် နောက်ကျနေသော လုပ်ငန်းဆောင်ရွက်မှုများကို အလေးထား၍ လုပ်ဆောင်မှုများကိုအရှိန်အဟုန်မြှင့်၍ ဆောက်ရွက်ရန်အတွကိ အလေးပေးဖော်ပြခဲ့သည်။

Global News How To Read 3963 times