၂၀၂၂ - ၂၀၂၃ ဘဏ္ဍနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်ထိ ကုန်သွယ်မှုပမာဏ US ဒေါ်လာ ၁၆၃၂၁၈ ဒသမ ၀၉ သန်းရှိ


06 October, 2022

၂၀၂၂ - ၂၀၂၃ ဘဏ္ဍနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်ထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၃၂၁၈ ဒသမ ၀၉ သန်းရှိ

 

၂၀၂၂ - ၂၀၂၃ ဘဏ္ဍနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာ ၂၃ ရက်ထိ ကာလအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆၃၂၁၈ ဒသမ ၀၉ သန်းရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီဌာန ကုန်သွယ်မူဝါဒဌာနခွဲမှ သိရသည်။

 

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ စက်တင်ဘာလ ၂၃ ရက်ထိ ကာလအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အခြေအနေမှာ မြန်မာနိုင်ငံမှ ပြည်ပသို့ ပို့ကုန် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၁၅၉ ဒသမ ၁၅၇ သန်း ရရှိခဲ့ပြီး ပြည်ပမှ ပြန်လည်တင်သွင်းမှု အမေရိကန်ဒေါ်လာ ၈၁၅၉ ဒသမ ၀၃၃ သန်း စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၁၆၃၂၁၈ ဒသမ ၀၉ သန်းရှိတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ လယ်ယာထွက်ကုန်များ၊ သစ်တောထွက်ကုန်များ၊ ရေထွက်ကုန်များ အပါအဝင် အခြားသော ထွက်ကုန်များကို တင်ပို့လျက်ရှိကာ မြန်မာနိုင်ငံအတွင်းသို့ လူသုံးကုန်များ၊ ရင်းနှီးမြှုပ်နှံမှုကုန်များ နှင့် လုပ်ငန်းကုန်များကို ပြန်လည်တင်သွင်းလျက်ရှိကြောင်း သိရသည်။

 

ASH
#Myanmar Industry Guide

Export, Import Local News Read 358 times