မြန်မာနိုင်ငံ ကျောက်ဖြူမြို့တွင် ရေနက်ဆိပ်ကမ်းအသစ် ဖွင့်လှစ်


14 February, 2018

မြန်မာနိုင်ငံ အနောက်ဘက်ကမ်းခြေမှာ ရေနက်ဆိပ်ကမ်းအသစ်တစ်ခုကို ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလမှ တရားဝင်ဖွင့်လှစ်လိုက်တယ်။ အဲဒီရေနက်ဆိပ်ကမ်းဟာ ကန်ဒေါ်လာ ၂.၄၅ ဘီလျံ ကုန်ကျမယ့် စီမံကိန်းဖြစ်တဲ့ အရှေ့အလယ်ပိုင်းဒေသမှ ရေနံစိမ်းတွေကို တရုတ်နိုင်ငံသို့ သယ်ယူပို့ဆောင်ဖို့ ဆိပ်ကမ်းနဲ့ ပိုက်လိုင်း စီမံကိန်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

မိုင်းပေါင်း ၄၈၀ (ကီလိုမီတာ ရ၇၀ ) ရှည်လျားတဲ့ ရေနံစိမ်းပိုက်လိုင်းရှည်နဲ့ ရေနက်ဆိပ်ကမ်းတို့ကို China National Petroleum Corp. (CNOC) နဲ့ Myanmar Oil and Gas Enterprise (MOGE) တို့ ဖက်စပ်လုပ်ကိုင်ကြတယ်။ နှစ်ခုစလုံးဟာ နိုင်ငံပိုင်လုပ်ငန်းတွေ ဖြစ်တယ်။ ဆိပ်ကမ်းမှာ စုစုပေါင်း ရေနံစိမ်း ဂါလံ ၂၂ သန်း သိုလှောင်ထားမယ့် ဆီလှောင်ကန် တစ်ဒါဇင် ပါ၀င်တယ်။

အခုလို လုပ်ကိုင်တဲ့အတွက် မြန်မာနိုင်ငံမှ ကန်ဒေါ်လာ ၁၄ သန်း၊ ရေနံစိမ်း တန်ချိန် ၂သန်းနဲ့ သဘာဝဓာတ်ငွေ့ ၂.၄ ဘီလျံ ကုဗမီတာတို့ကို နှစ်စဉ် ရရှိမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ ရေနံစိမ်းပိုက်လိုင်းဟာ တစ်နေ့ကို ဂါလံ သန်း ၁၉၀ ပို့ပေးနိုင်မယ်လို့ တွက်ချက်ခန့်မှန်းထားတယ်။

အခုလို ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်ဆောင်နေတာကြောင့် မြန်မာနိုင်ငံဟာ ပထဝီအရ တရုတ်နိုင်ငံရဲ့ အနောက်ဘက်ဆိပ်ကမ်းအဖြစ် ပေါ်ထွက်လာမယ်လို့ ပြောဆိုမှုများ ရှိလာပါတယ်။

တရုတ်နိုင်ငံဟာ နိုင်ငံတကာမှာ ဆိပ်ကမ်းတွေ လိုက်ဝယ်နေတာကြောင့် စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး အခုလို သုံးသပ်ပြောဆိုမှုများ ပေါ်ထွက်စေခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ သယ်ယူပို့ဆောင်ရေးမှာ ခါးပတ်လမ်း(Belt and Road) လို့ ကင်ပွန်းတပ်ထားတဲ့ ကမ္ဘာ့ကွန်ရက်တစ်ခုကို ထူထောင်နေတာဖြစ်ပြီး အာရှ၊ ဥရောပ၊ အာဖရိကတို့နှင့် တရုတ်နိုင်ငံအကြား စွမ်းအင်လောင်စာတွေအပါအဝင် ကုန်ကြမ်းကုန်စည်တွေ တရုတ်နိုင်ငံသို့ သယ်ဆောင်ရန်နဲ့ တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ ကုန်ချောတွေ နိုင်ငံတကာ ဈေးကွက်များသို့ တင်ပို့ရန်အတွက် ရည်ရွယ်ထားတယ်လို့ ယူဆကြတယ်။

ဒီတော့ ကွန်ရက်အတွက် အချက်အချာကျတဲ့နေရာတွေကို ပုံစံအမျိုးမျိုးဖြင့် ရယူနေတာ ဖြစ်ပါတယ်။ ကွန်ရက်မှာ ရေကြောင်းနဲ့ ကုန်းလမ်းတို့ကို တွဲဘက်သုံးစွဲထားတယ်။ လက်ရှိသုံးစွဲနေတဲ့ မာလက်ကာရေလက်ကြား ရေကြောင်းလမ်းကို အရန်အဖြစ် ထားရှိနိုင်တဲ့အဖြစ်သို့ ရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းကို အသုံးပြုတာကြောင့် မာလာကာ ရေလက်ကြားမှတစ်ဆင့် သွားရတဲ့ ရေလမ်းခရီး ရေမိုင် ၁၂၀၀ ကို ခုတ်မောင်းဖို့ လိုတော့တဲ့အတွက် အချိန် အနည်းဆုံး ၄ ရက်သက်သာသွားတယ်။

အခုလို နိုင်ငံတကာ အခြေခံအဆောက်အအုံ စီမံကိန်းတွေကို လုပ်ကိုင်တဲ့အခါ နှစ်ဦးနှစ်ဖက် အကျိုးအမြတ် ရရှိစေဖို့ ပြောဆိုလုပ်ကိုင်ပါတယ်။ ဆိပ်ကမ်းတစ်ခုကို ဖွံ့ဖြိုးစေတဲ့အခါ ရေနက်ပင်လယ်ဆိပ်ကမ်းမျှဖြင့်သာ အဆုံးမသတ်ပါဘူး။ သယ်ယူပို့ဆောင်ရေး ဗဟိုပြုု စီးပွားရေးဇုန်အဖြစ် ပြည့်ပြည့်စုံစုံ ဖြစ်သွားအောင် ထူထောင်ပါတယ်။

အဲဒီဇုန်မှာ သိုလှောင်ရေးကိစ္စအပြင် ကုန်ထုတ်လုပ်မှု၊ စီးပွားရေးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးတို့အပြင် အိမ်ရာစီမံကိန်းတို့ကိုပါ ထည့်သွင်းတည်ဆောက်ပါတယ်။ ပြည့်ပြည့်စုံစုံ အကုန်လုံး ပါ၀င်တဲ့ ဆိပ်ကမ်း စီမံကိန်းကြီးတွေ “all-inclusive” port projects ဖြစ်ပါတယ်။

နမူနာအဖြစ် သီရိလင်္ကာနိုင်ငံ တောင်ပိုင်းမှာ တရုတ်နိုင်ငံမှ ၀ယ်ယူပြီးတဲ့နောက် တည်ဆောက်ခဲ့တဲ့ ဟန်ဘံတိုတာ Hambantota မှာဆိုရင် ရေနက်ဆိပ်ကမ်းတစ်ခုအဖြစ် တည်ဆောက်ခဲ့တာ မဟုတ်ဘဲ ရေနက်ဆိပ်ကမ်းက အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့်သာ ပါ၀င်ခဲ့တာ ဖြစ်ပါတယ်။

လုံးဝ အသစ်ဖြစ်တဲ့ စီးပွားရေး သဘောသဘာဝ ၀န်းကျင်တစ်ခုကို ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ အကြီးအကျယ်လုပ်ကိုင်တဲ့ စက်မှုဇုန်တွေ၊ LNG စက်ရုံ၊ ကွန်ဖရင့်အဆောက်အဦ၊ အားကစားရုံတွေ၊ ခရီးသွားလုပ်ငန်းအတွက် နေရာတွေကို ပင်လယ်ကမ်းစပ် ဖို့မြေပေါ်မှာ တည်ဆောက်ပေးခဲ့ပါတယ်။

အဲဒါတွေအပြင် နိုင်ငံတကာ လေဆိပ်တစ်ခုကိုပါ ထည့်သွင်း တည်ဆောက်ထားပါတယ်။

တကယ်တော့ အဲဒီလေယာဉ်ကွင်းမှာ နိုင်ငံတကာ လေကြောင်းတွေ လေယာဉ်အတက်အဆင်း မရှိပါဘူး။

အလားတူပင် ဥရောပမှ ဂရိနိုင်ငံရဲ့ အထင်ကရဆိပ်ကမ်း Piraeus ကိုလည်း မြေထဲပင်လယ်ရဲ့ ဗဟိုချက်ဆုံဆည်းရာဆိပ်ကမ်းဖြစ်အောင် ပြောင်းလဲပေးခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုကို တရုတ်အစိုးရပိုင်လုပ်ငန်းဖြစ်တဲ့ COSCO က ပြုခဲ့ပါတယ်။

တကယ်တော့ တရုတ်ရဲ့ ခါးပတ်လမ်း(Belt and Road)ဟာ ဒီကနေ့အတွက် မဟုတ်ပါဘူး။ မနက်ဖြန်အတွက်လည်း မဟုတ်ပါဘူး။ နောင်လာမယ့် နှစ်ပေါင်း ၅၀ အတွက် ဖြစ်ပြီး အဲဒီအချိန်မတိုင်ခင်မှာ ဟိုနားတစ်စက်၊ ဒီနားတစ်စက် အစက်ကလေးတွေ ကမ္ဘာ့မြေပုံပေါ်မှာ အစက်ချနေတာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၅၀ ကြာပြီးချိန်မှာတော့ အဲဒီ အစက်ကလေးတွေအတော်များများတို့ဟာ ကွန်ရက်ကြီးတစ်ခုအဖြစ် လမ်းကြောင်းများ ချိတ်ဆက်ထားပြီးသား ဖြစ်နေမှာပါ။

Events & Exhibition Read 3805 times