ကုန်းတွင်းဆိပ်ကမ်း စီမံခန့်ခွဲပုံအဆင့်ဆင့်


21 August, 2018

မြေအသုံးပြုမှု နှင့် အလုပ်သမားခ ကုန်ကျစရိတ်တို့သည် ထောက်ပံ့ပို့ဆောင်စရိတ်တို့တွင် အထင်ရှားဆုံး ကုန်ကျစရိတ်များဖြစ်ကြသည်။

ရေနက်ဆိပ်ကမ်းအများစုသည် ဆိပ်ကမ်းကို လိုအပ်လာပါက ထပ်မံတိုးချဲ့နိုင်ရန် မြေနေရာ အကန့်အသတ်များရှိနေသည်။ထိုအကန့်အသတ်များကို ကျော်လွှားနိုင်ရန်မှာ လိုအပ်သည့် မြေနေရာအတွက် ကုန်ကျစရိတ်မှာ အလွန်များပြားမည်ဖြစ်သည် (ဥပမာ- လူနေရပ်ကွက်များ ဖယ်ရှားရန် အတွက် လျော်ကြေးကိစ္စများ၊ မြေပြုပြင်စရိတ်၊ ပင်လယ်တွင်းသို့ မြေဖို့ခြင်း)။ ဆိပ်ကမ်းဒေသ အများစုသည် မြို့ပြတွင်တည်ဆောက်ထားသည့် အတွက် အလုပ်သမားခသည်လည်း ဈေးနှုန်းကြီးမြင့်သည်။

ကုန်ပစ္စည်းထားသိုနိုင်သည့် ပမာဏ နှင့် ကြပ်တည်းမှု

************

ဘက်စုံပို့ဆောင်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည့်အခါ ကုန်းတွင်းပိုင်းဒေသများသို့ ကုန်စည်ဖြန့်ဖြူးပို့ဆောင်နိုင်သည့် စွမ်းရည်ပမာဏ မြင့်မားလာသဖြင့် ကုန်းတွင်းဆိပ်ကမ်းများကို တည်ဆောက်ရန် အဓိက တွန်းအားတစ်ရပ် ဖြစ်လာသည်။

ဆိပ်ကမ်းမှတိုက်ရိုက်ကုန်စည် ဖြန့်ဖြူးသည့်စနစ်သည် ဆိပ်ကမ်းတွင်း ကြပ်တည်းမှုဖြစ်ပေါ်လာခြင်း၊ ကုန်သေတ္တာအခွံ ရွေ့လျားမှုပိုမိုများပြားလာခြင်း၊ စွမ်းအင်သုံးစွဲမှုများပြားလာခြင်း တို့ကြောင့် လုပ်ငန်းထိရောက်မှု နည်းပါးလာသည့်အတွက် ကုန်စည်ဖြန့်ဖြူးရေးအစီအမံရေးဆွဲရာတွင် ကုန်းတွင်းဆိပ်များ တည်ဆောက်ရန် ထည့်သွင်းလာကြသည်။

ကုန်းတွင်းပိုင်းဒေသရှိဈေးကွက်

*************

ဆိပ်ကမ်းမှ အလှမ်းကွာဝေးသော နေရာဒေသများသို့ ကုန်ပစ္စည်းများကို သယ်ယူပို့ဆောင်ဖြန့်ဖြူးရသည့်အခါ ကုန်းတွင်းဆိပ်များသည် အလွယ်တကူ သွားလာနိုင်သည့်အတွက် ဖြန့်ဖြူးရေးကုန်ကျစရိတ်ကို လျော့နည်းစေသည့် အပြင် ကုန်ပစ္စည်း ဖြန့်ဖြူးနိုင်သည့် ပမာဏကိုလည်း မြင့်မားစေသည်။သယ်ယူပို့ဆောင်သည့်ပမာဏ ကောင်းမွန်သော ကုန်စည်ပို့ဆောင်သည့် လမ်းကြောင်းများသည် ဆိပ်ကမ်းကိုမှီခိုအားထားရသည့် နောက်ခံကုန်းတွင်းဒေသ hinterland ကို ပိုမိုကျယ်ပြန့်လာစေသည့် အတွက် ဆိပ်ကမ်းများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးတက်လာစေသည်။

ထိုသို့ ဆိပ်ကမ်းများ နှင့် ကုန်းတွင်းဆိပ်များ ပူးပေါင်းဆောင်ရွက်လာကြသည့်အခါတွင် သွင်းကုန်၊ပို့ကုန်ပမာဏကို တိုးတက်လာစေပြီး ကုန်းတွင်းဆိပ်များသည် စီပွားရေးနှင့် ကုန်သွယ်ရေးတိုးတက်မှု တို့အတွက် အခြေခံတစ်ရပ်ဖြစ်လာပါသည်။ကုန်းတွင်းဆိပ်တည်ဆောက်ရာတွင် ဒေသတွင်းနှင့် နိုင်ငံတကာ ကုန်သွယ်မှုပုံစံကို အထောက်အပံ့ပြုနိုင်သည့် နေရာများတွင် တည်ဆောက်ရန်လိုအပ်ပါသည်။

ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်စီမံခန့်ခွဲမှု

*************

ကုန်းတွင်ဆိပ်တစ်ခုသည် တည်နေရာအနေအထားအရ ကုန်သေတ္တာများ စီးဆင်းမှုကို လွယ်ကူချောမွေ့စေသဖြင့် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်စီမံခန့်ခွဲမှု ဆိုင်ရာ လုပ်ငန်းဆောင်တာများကိုလည်း ပေါင်းစပ်ပေးနိုင်ပါသည်။ ဥပမာအားဖြင့် ဆိပ်ကမ်းများ နှင့် ကုန်းတွင်းပိုင်းဒေသရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်သူများ၊ ထောက်ပံ့ပို့ဆောင်ဆိုင်ရာမန်နေဂျာများကို စုစည်းပေါင်းစပ်ပေးခြင်းဖြစ်သည်။ ထို့အပြင် ကုန်းတွင်းဆိပ် တည်ရှိနေသည့်အတွက် ကုန်စည်ဖြန့်ဖြူးရေးစင်တာများ၊ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းများ၊ ကုန်သေတ္တာစခန်းများစသည်တို့ ပေါ်ထွန်းလာမည်ဖြစ်သည်။

တစ်ဖန် ကုန်းတွင်းဆိပ်သည် သွင်းကုန်၊ ပို့ကုန်ကုန်ပစ္စည်းများကို ဆိပ်ကမ်းများကဲ့သို့ ခေတ္တယာယီ ထိန်းသိမ်းထားသိုပေးသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် ထောက်ပံ့ဖြည့်ဆည်းကွင်းဆက်တွင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် ကြားခံတစ်ခုဖြစ်လာပါသည်။

How To Read 895 times