မြန်မာ-တရုတ်နယ်စပ် စီးပွားရေးဇုန် အကောင်အထည်ဖော်ရန် အဆိုပြုလွှာ ခေါ်ယူ


13 March, 2019

မြန်မာ - တရုတ်စီးပွားရေး စင်္ကလြမ်းနှင့် ဆက်စပ်နေသော နယ်စပ် စီးပွားရေးဇုန် အကောင်အထည်ဖော်ဖို့ စိတ်ဝင်စားတဲ့ ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအား အဆိုပြုလွှာခေါ်ယူရေးကို  စီးပွား၊ ကူး သန်းဒုဝန်ကြီးဦးအောင်ထူးက ဦးဆောင် ဆောင်ရွက်နေပါတယ်။

နှစ်နိုင်ငံအစိုးရများ ဦးဆောင်ပြီး ကချင်ပြည်နယ် ကန်ပိုက်တီး၊ ရှမ်းပြည်နယ် မူဆယ်နဲ့ ချင်း ရွှေဟော်တို့မှာ စီးပွားရေးဇုန်များ အကောင်အထည်ဖော်ဖို့ စီစဉ်ထားပါတယ်။ မြန်မာ - တရုတ်စီးပွားရေး စင်္ကလြမ်းနဲ့ ဆက်စပ်နေတဲ့ အဆိုပါစီးပွားရေးဇုန်များအတွက် သက်ဆိုင်ရာပြည်နယ်ဝန်ကြီးများနဲ့လည်း ဆက်လက်ညှိနှိုင်းရဦးမှာဖြစ်ပါတယ်။

စီးပွားရေးဇုန်အတွင်း ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများကို နှစ်နိုင်ငံဈေးကွက်သို့ တင်ပို့ခြင်းနဲ့ အခြားနိုင်ငံများသို့ တင်ပို့မည်ဆိုပါက အခွန်ကင်းလွတ်ခွင့်များ ပေးရမည့်အစီအစဉ်များလည်း ပါဝင်ပါတယ်။

နယ်စပ်စီးပွားရေးဇုန်များကို နှစ်နိုင်ငံနယ်စပ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့နဲ့  နှစ်နိုင်ငံလူမှုဘဝ တိုးတက်ရေး အထောက်အကူပေးနိုင်မယ့် မျှော်မှန်းချက်နဲ့ အကောင်အထည်ဖော်လုပ်ဆောင်မှာဖြစ်ပါတယ်။ လက်ရှိအခြေအနေကတော့ စီးပွားရေးဇုန် အကောင်အထည်ဖော်မယ့် မြေယာသတ်မှတ်ခြင်းပင် ဆောင်ရွက်မှုမရှိသေးပါဘူး။

လက်ရှိမှာ စိတ်ဝင်စားမှု အဆိုပြုလွှာများခေါ်ယူရေးကိုသာ ဦးစားပေးဆာင်ရွက်နေပြီး မြေနေရာ သတ်မှတ်ဖို့ကိုလည်း ပြည်နယ်အစိုးရများနှင့် တရုတ်အစိုးရ တာဝန်ရှိသူများ ဆက်လက်ညှိနှိုင်း ဆောင်ရွက်ရမှာဖြစ်ပါတယ်။

မြန်မာ - တရုတ်နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ်များ ဖွင့်လှစ်ထားတဲ့ ဒေသများ၌ စီးပွားရေးဇုန်များ ထပ်မံအကောင်အထည်ဖော်မယ့် အစီအစဉ်မှာ ပူးပေါင်းဆောင်ရွက်လိုကြောင်း မူဆယ်မြို့ရှိ ဒေသခံစီးပွားရေးလုပ်ငန်းရှင် အချို့က ပြောကြားပါတယ်။

day daily

Local News Read 785 times