ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာအဆင့်တွင် ဟောင်ကောင်ကို စင်ကာပူ  ကျော်တက်


27 September, 2022

ကမ္ဘာ့ဘဏ္ဍာရေးအချက်အချာအဆင့်တွင် ဟောင်ကောင်ကို စင်ကာပူ  ကျော်တက်

စင်ကာပူသည် ဟောင်ကောင်ကို ကျော်တက်ကာ အာရှ၏ ထိပ်တန်းဘဏ္ဍာရေးဗဟိုချက် ဖြစ်လာပြီး ကမ္ဘာ့အဆင့်တွင် တတိယနေရာသို့ ရောက်ရှိလာကြောင်း အသစ်ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ္ဍာရေး ဗဟိုချက်များအညွှန်း Global Financial Centres Index GFCI အစီရင်ခံချက်တွင် ဖော်ပြထားသည်။

Global Financial Centres Index GFCI အပြည့်အစုံကို အောက်ဆုံးတွင် ဖော်ပြပေးထားပါသည်။

ကမ္ဘာ့အဆင့်တွင် လန်ဒန်သည် ပထမ နေရာတွင် ရှိနေပြီး နယူးယောက်သည် ဒုတိယနေရာတွင် ရှိနေသည်။

ဟောင်ကောင်သည် စတုတ္ထနေရာတွင် ရှိနေသည်။
စတုတ္ထနေရာသို့ ဟောင်ကောင်ကျဆင်းရသည်မှာ ကိုဗစ်ထိန်းချုပ်မှု တင်းကျပ်ခြင်းနှင့် လူတော်များ  ထွက်ခွာကုန်ကြခြင်းတို့ကြောင့် ဖြစ်သည်။ အခြားနိုင်ငံများက ကိုဗစ်ထိန်းချုပ်မှု ပြဋ္ဌာန်းချက်များကို ဖြေလျော့နေကြပြီဖြစ်သော်လည်း ဟောင်ကောင်သည် တရုတ်အစိုးရ၏ ကိုဗစ် သုည မူဝါဒအရ တင်းကျပ်ထားဆဲ ဖြစ်သည်။

ဟောင်ကောင်တွင် ကိုဗစ်ထိန်းချုပ်မှု တင်းကျပ်ထားချိန်တွင် စင်ကာပူက ဖြေလျော့ပေးထားပြီးပြီ ဖြစ်သည်။ ၂၀၂၂ တွင် ဧည့်ခရီးသည် ၄ သန်း လာရောက်မည်ဟု မျှော်မှန်းထားသည်။ 

စန်ဖရန်စစ္စကိုက အဆင့် နှစ်ဆင့် မြင့်တက်လာပြီး ပဉ္စမနေရာသို့ ရောက်ရှိလာသည်။

ကမ္ဘာ့ဘဏ္ဍာရေး ဗဟိုချက်များ အညွှန်း ထိပ်တန်း (၁၀) နိုင်ငံများတွင် တရုတ်နိုင်ငံမှ ရှန်ဟိုင်း၊ ပေကျင်း၊ ရှန်ကျန်းတို့ ဆက်လက်ပါဝင်ကြသည်။

ပါရီသည် ထိပ်တန်း(၁၀)ထဲသို့ ပြန်လည် ရောက်ရှိလာသည်။

တိုကျိုသည် အဆင့် (၁၆) သို့ ကျဆင်း သွားသည်။

ဆစ်ဒနီက အဆင့် ၁၀ ဆင့် မြင့်တက်ပြီး အဆင့် (၁၃) သို့ ရောက်ရှိလာသည်။

ဒူဘိုင်းသည် အဆင့် (၁၇) တွင် ရှိနေသည်။

အဘူဒါဘီသည် အဆင့် (၃၂) တွင် ရှိနေသည်။

ရုရှားမှ မော်စကိုနှင့် စိန့်ပီတာဘတ်တို့ကို ကြည့်လျှင် မော်စကိုသည် အဆင့် ၂၂ ဆင့် လျော့ကျခဲ့ပြီး အဆင့် (၇၃) တွင် ရှိနေသည်။
စိန့်ပီတာဘတ်သည် အဆင့် ၁၇ ဆင့် ကျဆင်းပြီး အဆင့် ၁၁၄ တွင်ရှိနေသည်။

စာရင်းအောက်ဆုံးတွင် ဘာဘာဒို၊ စီအန်းနှင့် ဝူဟန်တို့ ရှိနေကြသည်။

ကမ္ဘာ့ဘဏ္ဍာရေး ဗဟိုချက်များအညွှန်း Global Financial Centres Index GFCI ကို  think tanks  ဖြစ်သည့် Z/Yen Partners and the China Development Institute မှ ထုတ်ပြန်သည်။ ကမ္ဘာတစ်လွားရှိ ဘဏ္ဍာရေး အချက်အချာ ဗဟိုချက် ၁၁၉ နေရာကို စာရင်းပြုစုပေးထားသည်။ 
 
ဘဏ္ဍာရေး ဗဟိုချက် ထိပ်တန်း (၂၀) စာရင်း

၁။ နယူးယောက်၊ အမေရိကန်
၂။ လန်ဒန်၊ ယူကေ
၃။ စင်္ကာပူ
၄။ ဟောင်ကောင်
 ၅။ ဆန်ဖရန်စစ္စကို၊ အမေရိကန်
၆။ ရှန်ဟိုင်း၊ တရုတ်
၇။ လော့စ်အိန်ဂျယ်လိစ်၊ အမေရိကန်
 ၈။ ပေကျင်း၊ တရုတ်
 ၉။ ရှန်ကျန်း၊ တရုတ်
၁၀။ ပါရီ၊ ပြင်သစ်
 ၁၁။ ဆိုးလ်၊ တောင်ကိုရီးယား
၁၂။ ချီကာဂို၊ အမေရိကန်
၁၃။ ဆစ်ဒနီ၊ ဩစတြေးလျ
 ၁၄။ ဘော်စတွန်၊ အမေရိကန်
၁၅။ ဝါရှင်တန်ဒီစီ၊ အမေရိကန်
၁၆။ တိုကျို၊ဂျပန်
၁၇။ ဒူဘိုင်း၊ ယူအေအီး
၁၈။ ဖရန့်ဖတ်၊ ဂျာမနီ
 ၁၉။ အမ်စတာဒမ်၊ နယ်သာလန်
 ၂၀။ ဂျနီဗာ၊ ဆွစ်ဇာလန်

Source GFCI
#MyanmarIndustriesGuide 

To join Telegram Channel  https://t.me/Guid4U

 

MIG
 

Banking & Loan Read 349 times