ကမ္ဘောဒီးယား ဘဏ်လုပ်ငန်းကဏ္ဍကို ကြီးစိုးထားသည့် ဘဏ်လုပ်ငန်းများ 


23 May, 2023

ကမ္ဘောဒီးယား ဘဏ်လုပ်ငန်းကဏ္ဍကို ကြီးစိုးထားသည့် ဘဏ်လုပ်ငန်းများ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ကမ္ဘောဒီးယား ဘဏ်လုပ်ငန်းကဏ္ဍတွင် ဘဏ်လုပ်ငန်း ၅၈ ခု ရှိနေပြီး  ကူးသန်းရောင်ဝယ်ရေး ဘဏ်လုပ်ငန်းကြီး ၃ ခု က ဈေးကွက်ကို ကြီးစိုးထားသည်။ 
Advanced Bank of Asia Limited (ABA)၊ Acleda Bank Plc နှင့် Canadia Bank Plc တို့သည် ကမ္ဘောဒီးယားရှိ ဘဏ်လုပ်ငန်းဈေးကွက်ကို လွှမ်းမိုးထားသည်။
ABA သည် အရင်းအနှီး ကန်ဒေါ်လာ သန်း ၆၆၀၊ Canadia Bank သည် အရင်းအနှီး ကန်ဒေါ်လာ သန်း ၆၆၀ ၊ Acleda Bank သည် အရင်းအနှီး ကန်ဒေါ်လာ ၄၃၃ သန်း ဖြင့် လုပ်ကိုင်လျက် ရှိသည်။ 

ကမ္ယောဒီးယား ဗဟိုဘဏ် National Bank of Cambodia (NBC) မှ  ၂၀၂၃ မေလ ၁၈ ရက်တွင် ထုတ်ပြန်သည် The Banking Supervision Report 2022 အစီရင်ခံစာအရ ABA နှင့် Acleda Bank  တို့သည် ဘဏ်ချေးငွေ အများဆုံး ထုတ်ချေးသည့် ဘဏ်များ ဖြစ်ပြီး ABA သည် ကန်ဒေါ်လာ ၆.၅ ဘီလီယံ ချေးငွေ ချပေးထားပြီး Acleda Bank က ကန်ဒေါ်လာ ၆.၃ ဘီလီယံ ချေးငွေ ထုတ်ချေးထားသည်။ 
ချေးငွေ တတိယအများဆုံး ထုတ်ချေးသည့် ဘဏ်လုပ်ငန်းမှာ Canadia Bank ဖြစ်ပြီး ကန်ဒေါ်လာ ၅ ဘီလီယံ ထုတ်ချေးထားသည်။ 
၎င်းတို့ထံမှ ချေးငွေ ရယူထားသည့် လုပ်ငန်းများမှာ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ စိုက်ပျိုးရေး၊ သစ်တော၊ ငါးဖမ်းနှင့် သတ္တုတူးဖော်ရေး အစရှိသည့် လုပ်ငန်းကဏ္ဍများမှ လုပ်ငန်းများ ဖြစ်သည်။ 

ကမ္ဘောဒီးယားတွင် ဘဏ်ချေးငွေဖြင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိကြရာ ကျောက်မိုင်းလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ အသုံးအဆောင်များ၊ ဆောက်လုပ်ရေး၊ လက်ကားရောင်းဝယ်ရေး၊ လက်လီရောင်းဝယ်ရေး၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်မှု၊ သတင်းမီဒီယာ၊ ဆက်သွယ်ရေး၊ ငှားရမ်းမှု၊ လုပ်ငန်းလည်ပတ်အငှားလုပ်ငန်းများ၊ အိမ်ခြံမြေလုပ်ငန်းများ၊ ငွေကြေးမဟုတ်သော ဝန်ဆောင်မှုများ အစရှိသည့် လုပ်ငန်းအမျိုးအစားများ ပါဝင်သည်။ ထို့ပြင် တစ်ကိုယ်ရေ ချေးငွေများလည်း ဘဏ်များက ထုတ်ချေးပေးကြသည်။ 

အစီရင်ခံစာတွင် ဘဏ်မှာ ငွေအပ်နှံသည့် ပမာဏများကိုလည်း ဖော်ပြထားသည်။ 
အများဆုံးဖြစ်သည့် ABA သည် အပ်နှံငွေ ကန်ဒေါ်လာ ၇.၂ ဘီလီယံ ရှိပြီး ဒုတိယအများဆုံး ဖြစ်သည့် Acleda Bank တွင် ကန်ဒေါ်လာ ၅.၈ ဘီလီယံ ရှိသည်။ ဈေးကွက်ဝေစု ရာခိုင်နှုန်းမှာ ABA သည်  ၁၉.၁ ရာခိုင်နှုန်း၊ Acleda Bank သည် ၁၅.၆ ရာခိုင်နှုန်း ရရှိထားသည်။ 
တတိယနေရာတွင် ရှိနေသည့် Canadia Bank တွင် အပ်နှံငွေ ကန်ဒေါ်လာ ၅.၆ ရာခိုင်နှုန်းရှိပြီး ဈေးကွက်ဝေစုမှာ ၁၅ ရာခိုင်နှုန်း ဖြစ်သည်။ 
Source The Banking Supervision Report 2022 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 200 times