သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လျက်ရှိ


17 October, 2022

သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လျက်ရှိ
 

 နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိရန်အတွက် အထူးစီးပွားရေးဇုန်များ ဆောင်ရွက်လျက်ရှိရာ သီလဝါအထူးစီးပွားရေးဇုန်ကို ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့ နယ်တို့တွင် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါစီမံကိန်း၏ ပထမအဆင့် စက်မှုဇုန် A (ဟက်တာ ၄၀၅.၂၇၅)ကို ၃၀-၁၁-၂၀၁၃ ရက်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၉၉% ပြီး စီးခဲ့ပြီး ဒုတိယအဆင့်အကောင်အထည်ဖော်မည့် စက်မှုဇုန် B (ဟက်တာ ၇၀၀)ကို ၂၁-၁၀-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းတိုင်းတာပြီး ဧရိယာ(၂-၁), (၂-၂), (၂-၃), (၂-၄) အပိုင်း (၄) ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိသည်။

 သီလဝါအထူးစီးပွားရေးဇုန်ကို ရင်းနှီးတည်ဆောက်သူ (Developer) အဖြစ် Myanmar Japan Thilawa Development Ltd. ကိုတည်ထောင်ခဲ့ပြီး Myanmar Japan Thilawa Development Ltd. ၏ ခွင့်ပြုမတည်ငွေရင်း (Authorized Capital) နှင့် ရင်းနှီးမြှုပ်နှံမှု မတည် ငွေရင်း (Paid up Capital) တို့ဖြင့် ဆောင်ရွက်ခဲ့သည်။

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက် မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်ထိ နိုင်ငံပေါင်း(၂၁)နိုင်ငံ မှ ကုမ္ပဏီပေါင်း (၁၂၂)ခု ခွင့်ပြုခဲ့ပြီး လက်ရှိတွင်စီးပွားဖြစ်လည်ပတ်နေသည့် စက်ရုံပေါင်း(၁၀၄)ခုထိ ရှိပြီဖြစ်ကာ သီလဝါ အထူးစီးပွားရေးဇုန်အတွင်း အလုပ်အကိုင်အခွင့်အလမ်းအနေဖြင့် လုပ်သားအင်အား နှစ်သောင်း ကျော်ကို ဖန်တီးပေးနိုင်ကြောင်းနှင့် သီလဝါအထူးစီးပွားရေးဇုန်လုပ်ငန်းများ၏ နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုပမာဏတွင် ဂျပန်က အများဆုံးဖြစ်ကာ စင်္ကာပူက ဒုတိယနှင့် ထိုင်းနိုင်ငံက တတိယအများဆုံး ဖြစ်ကြောင်း သိရှိရသည်။ 


၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလထိ သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု ထပ်မံတိုးမြှင့်ထည့်ဝင်ခဲ့သည့် ကုမ္ပဏီ (၁၄) ခုရှိပြီး ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာသန်း ၉၀.၇၆၃ တိုးတက်လာကြောင်းနှင့် ဇုန်အတွင်းရှိ စက်ရုံများမှ ပြည်တွင်းရှိ လိုအပ် သည့် ကုန်ပစ္စည်းများကို သွင်းကုန်အစားထိုးအဖြစ် ထုတ်လုပ်ပေးလျက်ရှိသကဲ့သို့ ပြည်ပဈေး ကွက်များသို့လည်း ကုန်ပစ္စည်းများကို အရည်အသွေးပြည့်မီစွာ ထုတ်လုပ်တင်ပို့ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။

Source commercial

Local News Read 562 times