ထိုင်ဝမ်ကန်စွန်းများရောင်းအားကောင်းနေ


10 April, 2018

နွေရာသီ ကုန်စိမ်းများရှားပါးချိန်တွင် စိုက်ပျိုးဖြစ်ထွန်းမှုလွယ်ကူသည့် ထိုင်ဝမ်ကန်စွန်းများ ရောင်းအားကောင်းနေသည့်အပြင် ဈေးနှုန်းပိုမိုရရှိနေသောကြောင့် စိုက်ပျိုးသူများ အကျိုးအမြတ်များနေကြောင်း သိရပါသည်။

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်ရှိ သီးပင်၊ စားပင်စိုက်ပျိုးသော တောင်သူများသည် ထိုင်ဝမ်ကန်စွန်းအပြင် ထိုင်ဝမ်မုန့်ညင်း၊ မုန်ညင်းစိမ်း၊ ဆလတ်ရွက်၊ ခွေးတောက်ရွက်၊ ချည်ပေါင်ရွက်နှင့် ဂျပန်သခွားအစရှိသဖြင့် အစုံစိုက်ပျိုးလေ့ရှိပြီး ရာသီဥတုပူပြင်းလာသည်နှင့်အမျှ ရောင်းအားကောင်းပြီး ငွေမြန်မြန်ပေါ်သည့်အတွက် အဆင်ပြေကြောင်း သိရပါသည်။

ရာသီကုန် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရောင်းချသူများအနေဖြင့် လူအင်အားအသုံးမပြုနိုင်ခြင်းနှင့် ငွေကြေးအရင်းအနှီး မတတ်နိုင်ခြင်းများကြောင့် ကုန်ပေါ၍ဈေးနှုန်းကျဆင်းချိန် အကျိုးအမြတ်ခံစားရခြင်းမရှိဘဲ ကုန်ရှားပါးချိန်မှသာ အကျိုးအမြတ်ဖြစ်ထွန်းကြောင်း သိရပါသည်။

လူအင်အားမရှိသောကြောင့် အလုပ်လုပ်ရသည်မှာ အဆင်မပြေကြောင်း၊ ဈေးရောင်းနေချိန်တွင် အပင်များကို ပြုစုဖို့လူလိုကြောင်း၊ စိုက်ပျိုးသူအချင်းချင်း စုဖွဲ့၍ ရောင်းဝယ်စိုက်ပျိုးမည်ဆိုပါက ပိုကောင်းကြောင်း၊ ရန်ကုန်တွင် မြေဈေးကြီးသောကြောင့် စိုက်ဖို့ထက် နေဖို့ကပိုခက်သော ဒေသဖြစ်ကြောင်း ကူညီပေးမည်အဖွဲ့အစည်းများရှိလျှင် ပိုမိုအဆင်ပြေနိုင်ကြောင်း တောင်သူတစ်ဦးက ပြောခဲ့ပါသည်။

ယခုကဲ့သို့ ရာသီဥတုပူပြင်းနေသောအချိန်တွင် ထိုင်ဝမ်ကန်စွန်း၊ ထိုင်ဝမ်မုန့်ညင်းများမှာ တစ်ခါစိုက်ပြီးသည်နှင့် ပေါင်းနုတ်၊ မြေသြဇာကျွေး၊ အပင်ဆေးဖြန်းခြင်း၊ ရေသွင်းခြင်းများကို ဂရုတစုက်ပြုလုပ်ပေး၍ အဆက်မပြတ် ခူးစွတ်နိုင်သဖြင့် ဈေးကွက်ရောင်းအားကောင်းချိန်တွင် အချိန်မီတင်ပို့ရောင်းချနိုင်သဖြင့် အကျိုးအမြတ်များဖြစ်ထွန်းနေကြောင်း သိရပါသည်။

The Farmer 

Local News Read 712 times