ထိုင်းသကြား အထွက်များမည်


24 March, 2022

ထိုင်းသကြား အထွက်များမည်

ထိုင်းနိုင်ငံမှာ နှစ်နှစ်တိုင်တိုင် မိုးနည်းခဲ့သဖြင့် ထွက်နှုန်းကျဆင်းခဲ့ပြီး ယခုနှစ်တွင် ယခုနှစ် ကြံအထွက်နှုန်း ကောင်းသဖြင့် သကြားအထွက်နှုန်း မြင့်တက်မယ်လို့ ခန့်မှန်းထားပါတယ်။

ယခုနှစ် ကြံကြိတ်ရာသီ ပြီးဆုံးချိန် မတ်လ ၃၁ ရက်အထိ သကြားထုတ်လုပ်မှု ပမာဏ တန်ချိန် ၁၀ သန်းအထိ ရှိနိုင်မယ်လို့ Thai Sugar Millers Corp က ဆိုပါတယ်။ 
ကြံရိတ်သိမ်းရာသီ စတင်ခဲ့ချိန် ဒီဇင်ဘာလ ၇ ရက်မှ ယခုအထိ သကြားစက်များက ကြံ တန်ချိန် ၈၇.၇၅ သန်းကို ကြိတ်ပြီး သကြား တန်ချိန် ၉.၆ သန်း ထုတ်လုပ်ခဲ့ပါတယ်လို့ Thai Sugar Millers Corp က ပြောကြားပါတယ်။

ကြံရိတ်သိမ်းတာ စုစုပေါင်း တန်ချိန် သန်း ၉၀ ရှိလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ ယမန်နှစ်က တန်ချိန် ၆၆.၇ သန်း ထွက်ရှိခဲ့ပြီး ယခုနှစ်မှာ ၃၅% ပိုများ ပါတယ်။ 
ထိုင်းနိုင်ငံက ထုတ်လုပ်တဲ့ သကြားစုစုပေါင်းပမာဏရဲ့ ၇၀% ကို ပြည်ပသို့ တင်ပို့ပါတယ်။ ကျန်တဲ့ ၃၀% ကို ပြည်တွင်းမှာ သုံးစွဲတယ်လို့ Thai Sugar Millers Corp မှ အမှုဆောင်အရာရှိ Sirivuthi Siamphakdee က ပြောကြားပါတယ်။

Agriculture & Livestock Read 730 times