ထိုင်းမှာ နိုင်ငံစီးပွားရေးထဲ ဘတ် ၁ ထရီလီယံ ဝင်လာရန် နိုင်ငံခြားသား မြေပိုင်ခွင့် အဆိုပြုထား


07 August, 2022

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသား အိမ်ရာမြေ ပိုင်ဆိုင်ခွင့်  အဆိုပြုထား


ချမ်းသာသောနိုင်ငံခြားသားများကို ဆွဲဆောင်ရန် ထိုင်းအစိုးရက နိုင်ငံခြားသားများ ထိုင်းနိုင်ငံအတွင်း နေထိုင်ရန်အတွက် မြေကွက်များ ဝယ်ယူနိုင်ခွင့် ပေးထားတဲ့ အစီအစဉ် မူကြမ်းကို အဆိုပြုထားပါတယ်။  ဝယ်ယူထားတဲ့ မြေကွက်မှာ  နေအိမ်အဆောက်အဦကိုသာ ဆောက်လုပ်ခွင့် ရှိပါတယ်။ 

အစိုးရပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana သည် မကြာသေးမီက မြေယာဌာနမှ နိုင်ငံခြားသားများအား လူနေထိုင်ရန်အတွက် တစ်ရိုင် (အကြမ်းဖျင်းအားဖြင့် ၀.၁၆ ဟက်တာ) ကို မြေကွက် အပြည့်အဝပိုင်ဆိုင်ခွင့်ပေးမည့် စည်းမျဉ်းများရေးဆွဲနေကြောင်း အသိပေးပြောကြားခဲ့ပါတယ်။ 

အဆိုပြုထားသော အစီအစဉ်ကို အစိုးရအဖွဲ့ရဲ့  သဘောတူညီချက် ရယူဖို့ တင်ပြထားပါတယ်။ ချမ်းသာကြွယ်ဝသော နိုင်ငံခြားသားများကို နှစ်ရှည်နေထိုင်ရန် ဆွဲဆောင်ရန် အစိုးရရဲ့ အစီအစဉ်နှင့် ကိုက်ညီပြီး စီးပွားရေးကို မြှင့်တင်ရန် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ဆွဲဆောင်မှုရှိသော အခွန်ခံစားခွင့်များလည်း တစ်ပါတည်း ပေးအပ်မှာ ဖြစ်တဲ့အပြင် ၁၀ နှစ် သက်တမ်းရှိ ဗီဇာကိုလည်း ပေးအပ်မှာ ဖြစ်ပါတယ်။ 



ကာလရှည်ကြာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေမှာ နိုင်ငံခြားသားက မြေယာအိုးအိမ် ပိုင်ဆိုင်မှုများ ဝယ်ယူခြင်းကို တားမြစ်ကန့်သတ်ထားတာကို ယခုအဆိုပြုတဲ့ အစီအစဉ်က အတိုင်းအတာ တစ်ခုအထိ ခွင့်ပြုထားပါတယ်။ လက်ရှိ တည်ဆဲ ဥပဒေများအရ နိုင်ငံခြားသားက ကွန်ဒိုမီနီယံကိုသာ ဝယ်ယူပိုင်ဆိုင်ခွင့် ရပါတယ်။ တကယ်လို့ မြေကွက်၊ လုံးချင်းအိမ် စတဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူချင်ရင် နိုင်ငံခြားသားက ထိုင်းနိုင်ငံသားနှင့် လက်ထပ်ထားသူ ဖြစ်ဖို့ လိုအပ်ပါတယ်။ 

ထိုင်းအစိုးရက ယခုမှ ၂၀၂၆ အထိ ၅ နှစ်တာကာလအတွင်း အရည်းအချင်းပြည့်မီသူဦးရေ တစ်သန်းကျော် ထိုင်းနိုင်ငံမှာ လာရောက် နေထိုင်ကြဖို့ မျှော်မှန်းထားပါတယ်။ 
အရည်းအချင်းပြည့်မီသူများကို အကြမ်းအားဖြင့် လေးမျိုး သတ်မှတ်ထားပါတယ်။

  • တတ်ကျွမ်းသက်မွေး ပညာရှင်များ
  • ထိုင်းနိုင်ငံမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်လိုသူများ
  • အင်မတန်ချမ်းသားသူများ
  • အငြိမ်းစားယူထားပြီး ငွေပိုငွေလျှံ အမြောက်အမြား ရှိနေသူများ

 ယခု အဆိုပြုထားတဲ့ နိုင်ငံခြားသား အိမ်ရာမြေ ပိုင်ဆိုင်ခွင့် အစီအစဉ်က နိုင်ငံစီးပွားရေးထဲသို့ ဘတ် ၁ ထရီလီယံ ဝင်ရောက်လာစေလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။ 

 Government Housing Bank မှ အချက်အလက်များအရ  ယခုနှစ် ၂၀၂၂ မှာ နိုင်ငံခြားသားများအနေဖြင့် ကွန်ဒိုမီနီယံကိုသာ ဝယ်ယူပိုင်ဆိုင်ခွင့် ရှိပါတယ်။ နိုင်ငံသားအလိုက် ပိုင်းခြားကြည့်ရင် ကွန်ဒို အဝယ်အများဆုံး နိုင်ငံသားများမှာ တရုတ် (၄၅%)၊ ရုရှား (၆.၄%)၊ အမေရိကန် (၅.၄%)၊ ဗြိတိသျှ (၄.၃%) နှင့် ဂျာမန် (၃.၈%) တို့ ဖြစ်ပါတယ်။ 

#MyanmarBuilderGuide
 Telegram Channel https://t.me/Guid4U
Source: Bangkokpost

Investment/Divestment Read 675 times