ဆန်ကုန်သွယ်မှု ထိန်းကျောင်းရန် ထိုင်းက ဗီယက်နမ်နှင့် ပူးပေါင်းလုပ်ကိုင်မည်


29 May, 2022

ဆန်ကုန်သွယ်မှု ထိန်းကျောင်းရန် ထိုင်းက ဗီယက်နမ်နှင့် ပူးပေါင်းလုပ်ကိုင်မည်

 

ထိုင်းနှင့် ဗီယက်နမ်တို့သည် ကမ္ဘာ့ဈေးကွက်တွင် ၎င်းတို့၏ ဈေးညှိနှိုင်းမှု အသာစီး ရနေစေဖို့ စွမ်းအားကို မြှင့်တင်ရန် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောကြားပါတယ်။
 
စပါးဈေးနှုန်းများ ကျဆင်းနေချိန်တွင်  ‌ေြမဩဇာ အပါအဝင် စရိတ်စကများ မြင့်မားနေတာကြောင့် ရုန်းကန်နေရသော နှစ်နိုင်ငံရှိ လူဦးရေ သန်းချီပြီး ရှိနေတဲ့  လယ်သမားများအတွက် အကျိုးရှိစေမည့် လုပ်ရပ်ဖြစ်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Thanakorn Wangboonkongchana က ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


ထိုသို့ အကွက်ရွှေ့ခြင်းဟာ  ကမ္ဘာတစ်ဝှမ်းရှိ စားသုံးသူများအဖို့မှာတော့ အစားအသောက်စရိတ်များ မြင့်မားလာမည့် အကြောင်းတရားတစ်ခု ဖြစ်နေပါတယ်။

ဗီယက်နမ်မှ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဒုဝန်ကြီးTran Thanh Nam က ထိုင်းမှ တာဝန်ရှိသူများနှင့် မေလ ၂၆ ရက် ကြာသပတေးနေ့ တွင် တွေ့ဆုံခဲ့ပြီး ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ပါတယ်။

ဗီယက်နမ် စားသောက်ကုန် အသင်း ဉက္ကဋ္ဌ Nguyen Ngoc Nam က ထိုင်းနိုင်ငံမှ သက်ဆိုင်သူများနှင့် နောက်လမှာ တွေ့ဆုံပြီး ဆန်ထုတ်လုပ်မှု ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးမယ်လို့ မေလ ၂၇ ရက် သောကြာနေ့မှာ ပြောကြားပါတယ်။
တွေ့ဆုံဆွေးနွေးမယ့် အကြောင်းအရာက ဆန်ဈေးနှုန်းများ ထိန်းချုပ်ဖို့ သဘောတူညီချက်အတွက် မဟုတ်ကြောင်း ၎င်းက အလေးပေးပြောကြားပါတယ်။
“အစည်းအဝေးမှာ ရေရှည်တည်တံ့တဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုအတွက် ပူးပေါင်းဆောင်ရွက်ဖို့ အစီအမံတွေကို အဓိကထား ‌ေဆွး‌ေနွးသွားမှာပါ” လို့ ဥက္ကဋ္ဌက ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။

 

 

ဂျုံနှင့် ပြောင်းတို့က ယူကရိန်းစစ်ပွဲကြောင့် ဈေးနှုန်းများ မြင့်မားနေချိန်မှာ ဆန်ဈေးနှုန်းများက ဈေးအနိမ့်မှာပဲ ဆက်လက်တည်ငြိမ်နေပါတယ်။ လက်ကျန်အလုံအလောက် ရှိနေပြီး ထုတ်လုပ်မှုလည်း များပြားနေလို့ ဆန်ဈေးနှုန်းများ ငြိမ်နေတာ ဖြစ်ပါတယ်။

The Rice Trader စီအီးအိုနှင့် သုတေသီ Jeremy Zwinger က စပါးအထွက် များထားတဲ့အတွက် အလျှံပယ် ဖြစ်နေတာကြောင့် ၂၀၂၃ အထိ ဆန်ဈေးနှုန်းများ ဆက်လက်နိမ့်ကျနေဦးမယ်လို့ ခန့်မှန်းပါတယ်။ 

ပြောင်းဈေးနှုန်းများ မြင့်တက်တာကြောင့် တိရစ္ဆာန်အစာအတွက် ပြောင်းအစား ဆန်ကွဲကို အစားထိုး သုံးစွဲလာကြပေမဲ့လည်း ဈေးတက်စေလောက်အောင် မများဘူးလို့ Zwinger က ပြောကြားပါတယ်။ စပါးဈေနှုန်းများ နိမ့်ကျနေပြီး ဓာတ်မြေဩဇာ ဈေးနှုန်းများ မြင့်တက်နေတဲ့အတွက် လယ်သမားတွေက ဓာတ်မြေဩဇာ လျှော့သုံးကြရင် စပါးအထွက်နည်း သွားမယ်လို့ ၎င်းက ပြောကြားပါတယ်။

ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်မ‌ျားအနေဖြင့် ကမ္ဘာ့ဈေးကွက် ဝယ်လိုအား ပြန်ကောင်းလာခြင်း၊ ထိုင်းဘတ် ငွေလဲနှုန်းတွင် တန်ဖိုးကျဆင်းခြင်းကြောင့် အကျိုးကျေးဇူး ရရှိကြပြီး ‌ကမ္ဘာ့ဆန်ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်စွမ်း ပိုကောင်းနေစေပါတယ်။ ယခုနှစ် ဆန်တင်ပို့မှု တန်ချိန် ၈ သန်းအထိ မြင့်မားနိုင်ပါတယ်။ ယခင်နှစ်က တန်ချိန် ၆.၁ သန်း တင်ပို့ခဲ့တာထက် ပိုများမှာ ဖြစ်ပါတယ်လို့ စီးပွားကူးသန်းဝန်ကြီး Jurin Laksanawisit က ၂၀၂၂ မေလ ၂၇ ရက်မှာ သတင်းထောက်များကို ပြောပြခဲ့ပါတယ်။


အိန္ဒိယက သကြားတင်ပို့မှု ကန့်သတ်ခြင်းနှင့် မလေးရှားက ကြက်သားတင်ပို့မှု ပိတ်ပင်ထားခြင်းကြောင့် ထိုင်းမှ သကြားနှင့် ကြက် ပို့ကုန်လုပ်ငန်းရှင်များ အကျိုးကျေးဇူး ရရှိကြောင်း ပြောကြားပါတယ်။

Agriculture & Livestock Export, Import Read 639 times