ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားအတွက် အရေးပါသည့် တန်ချိန် ၁၅ သန်းနီးပါးရှိ လစ်သီယမ်


20 January, 2024

ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားအတွက် အရေးပါသည့် တန်ချိန် ၁၅ သန်းနီးပါးရှိ လစ်သီယမ် သတ္တုသိုက် တွေ့ရှိ

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်းနိုင်ငံသည် တန်ချိန် ၁၅ သန်းနီးပါးရှိ လစ်သီယမ်သတ္တုသိုက်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ဇန်နဝါရီလ ၁၉ ရက်တွင် ပြောကြားသည်။ 

လစ်သီယမ်သည် လျှပ်စစ်ကားအတွက် အရေးပါသည့် သတ္တုဖြစ်သဖြင့် ထိုင်းနိုင်ငံ၏ ရည်မှန်းချက်ဖြစ်သော လျှပ်စစ်ကားထုတ်လုပ်ရေး ဒေသဆိုင်ရာ အချက်အချာကျသော ဖြစ်လာရန်အတွက် အထောက်အပံ့ ဖြစ်လာမည် ဖြစ်သည်။

 

ယခုလို သတ္တုသိုက်ကြီး တွေ့ရှိခြင်းကြောင့် ထိုင်းနိုင်ငံသည် ဘိုလီးဗီးယားနှင့် အာဂျင်တီးနားတို့ပြီးလျှင် တတိယအကြီးဆုံး လစ်သီယမ်သတ္တုသိုက် ရှိသည့်နိုင်ငံ ဖြစ်လာသည်။

 

 လီသီယမ်တန်ချိန် ၁၄ ဒသမ ၈ သန်းကို ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင် ဖန်ငပြည်နယ်ရှိ သီးခြားနေရာနှစ်ခုကြားတွင် ဖြန့်ကျက်ထားကြောင်း အစိုးရလက်ထောက်ပြောရေးဆိုခွင့်ရှိသူ Rudklao Intawong Suwankiri က ပြောကြားသည်။

 

“ကျွန်မတို့ ရှာဖွေတွေ့ရှိထားတဲ့ အရင်းအမြစ်တွေကနေ ဘယ်လောက်ထုတ်သုံးနိုင်မလဲဆိုတာကို စူးးစမ်းနေပါတယ်။ အဖြေသိရဖို့အတွက် အချိန်တော့လိုတယ်” ဟု Rudklao က ပြောကြားသည်။

Lithium သည် လျှပ်စစ်ကားများတွင် အသုံးပြုသည့် ဘက်ထရီများ ထုတ်လုပ်ရာတွင် အဓိက အစိတ်အပိုင်းတစ်ခုဖြစ်ပြီး စမတ်ဖုန်းများနှင့် အခြားသော အီလက်ထရွန်းနစ်ပစ္စည်းများတွင်လည်း အသုံးပြုသည်။

 

“သတင်းကောင်းပါပဲ။  အီးဗီ ဘက္ထရီ‌တွေ ထုတ်လုပ်ရာမှာ ထိုင်းနိုင်ငံအတွက် ကိုယ့်ကိုယ်ကိုယ် မှီခိုအားထားနိုင်စေရန် အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်” ဟု Rudklao က လစ်သီယမ်ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

 

Source AFP


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Global News Read 325 times