ထိုင်းနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ချက်များ


08 January, 2018

ထိုင်းနိုင်ငံသည် လယ်ယာ၊ ၀န်ဆောင်မှု၊ ခရီးသွားလုပ်ငန်း၊ ဒစ်ဂျစ်တယ်ကဏ္ဍများတွင် အနှစ် ၂၀ စီမံကိန်းအတွက် မဟာဗျူဟာ ရည်မှန်းချက်များ ထားရှိ၍ ဆောက်ရွက်နေသည်ဟု စီးပွားရေးကော်မတီဥက္ကဋ္ဌ တစ်ဦးက ဇန်နဝါရီ ၅ ရက်က ပြောကြားခဲ့ကြောင်းသိရသည်။

ယင်းကဏ္ဍများတွင် ရည်မှန်းချက်များ အောင်မြင်ပြည့်စုံသည်အထိ ဆောင်ရွက်သွားမည်ဟုလည်း ကတိပေး ပြောကြားခဲ့ပါသည်။

လယ်ယာကဏ္ဍတွင် လယ်သမားဦးရေ ၂၅ သန်းရှိပြီး နိုင်ငံလူဦးရေ၏ ၃၀ ရာခိုင်နှုန်း ရှိနေပြီး၊ ၎င်းတို့၏ ၀င်ငွေများမြင့်မြင့်မားမားရရှိ၍ လူမှုအဆင့်အတန်း မြင့်မားစေရန် ရည်မှန်းထားပါသည်။

ဆန်စပါးများ နိုင်ငံခြားသို့ တင်ပို့စျေးကွက် ၀င်နိုင်ရေးကိုလည်း အထူးကြိုးစားရမည်ဖြစ်ပြီး၊ ထို့အတွက်လည်း နည်းပညာသစ်များ၊ တီထွင်မှုများ သုံးစွဲနိုင်ရေးအတွက် အစိုးရက တွန်းအားပေးဆောင်ရွက်နေပါသည်။

ဆန်စပါး အထွက်နှုန်းကောင်း၍ အရည်အသွေးလည်း ကောင်းမွန်စေရန် အစိုးရနှင့် လယ်သမားများလည်း ပူးပေါင်းဆောင်ရွက်နေပါသည်။

ဓာတုဆေးဝါး ကင်းလွတ်သော စပါးများ အထွက်ကောင်းရန်လည်း ရည်မှန်းထားကြောင်းသိရပါသည်။

စက်မှုကဏ္ဍတိုးတတ်ရေးနှင့် ၀န်ဆောင်မှုကဏ္ဍများတွင်လည်း တိုးတတ်ဖွံ့ဖြိုးရန် ရည်မှန်းချက်ထား ဆောင်ရွက်နေပြီး အထူးသဖြင့် ဒစ်ဂျစ်တယ်ကဏ္ဍသည်လည်း ထိုင်းနိုင်ငံဖွံ့ဖြိုးတိုးတတ်ရန် အလေးထား၍ ဆောင်ရွက်နေသည်ဟု သိရပါသည်။

အရှေ့ဖျား စီးပွားရေးစင်္ကြံတည်ဆောက်ရာတွင် ဒစ်ဂျစ်တယ်နည်းလမ်းအသုံးပြု၍ ဖွံ့ဖြိုးတိုးတတ်စေရန်၊ အရှေ့တောင်အာရှနှင့် တောင်အာရှ အိမ်နီးချင်းနိုင်ငံများနှင့်လည်း စီးပွားရေး ပူပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်ရန် မျှော်မှန်းထားပါသည်။

၎င်းမဟာဗျူဟာ နည်းလမ်းများကို ဧပြီလမတိုင်မီ ဆောင်ရွက်နိုင်ရန် အစိုးရအဖွဲ့ထံ တင်သွင်းအဆိုပြုထားသည်ဟု သိရပါသည်။

အာဆီယံနိုင်ငံများအတွင်း ထိုင်းနိုင်ငံသည် အဆင့်(၉)၊ စင်္ကာပူက အဆင့်(၃)၊ မလေးရှားသည် အဆင့်(၂၃)၊ အင်ဒိုနီးရှားက (၃၆)၊ ဘရူနိုင်းက အဆင့်(၄၆)၊ ဗီယက်နမ်က အဆင့်(၅၅)၊ ဖိလစ်ပိုင်က အဆင့်(၅၆)၊ ကမ္ဘောဒီးယားက အဆင့်(၉၄)၊ လာအိုက အဆင့်(၉၈)တို့၌ စီးပွားရေးဖွံ့ဖြိုးမှု အဆင့်ရှိကြသည်ဟု အကဲဖြတ်အဆင့်များ သတ်မှတ်ထားပါသည်။

Global News How To Read 1407 times