စွန့်ပစ်ပလပ်စတစ် တင်သွင်းမှုများကို ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ စတင်ပိတ်ပင်မည်


06 March, 2023

စွန့်ပစ်ပလပ်စတစ် တင်သွင်းမှုများကို ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံ စတင်ပိတ်ပင်မည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ထိုင်းနိုင်ငံသည် နိုင်ငံသားတို့၏ ကျန်းမာရေးထိခိုက်မှုများနှင့် ရေထု၊ လေထု ညစ်ညမ်းမှုများကို ကာကွယ်စောင့်ရှောက်ရန် စွန့်ပစ်ပလပ်စတစ်ပစ္စည်းတင်သွင်းမှုများကို ကန့်သတ်ဆောင်ရွက်လျက် ရှိပါသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်၍ စွန့်ပစ်ပလပ်စတစ် အပိုင်းအစ (ဖြတ်စ) တင်သွင်းမှုအား ပိတ်ပင်တားမြစ်သွားမည်။

ထိုင်းအစိုးရက မူဝါဒများကို သဘောတူညီခဲ့ပြီးနောက် ပလပ်စတစ်(ဖြတ်စ) ကုန်ကြမ်းများကို အသုံးပြုထုတ်လုပ်နေသည့် ထိုင်းနိုင်ငံအတွင်းရှိ ကုန်ထုတ်လုပ်ငန်း (၁၄)ခု၏ စွန့်ပစ်ပလပ်စတစ် တင်သွင်းမှုများကို ယခုနှစ်၌ ကန့်သတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ခြွင်းချက်ကိစ္စများ ရှိသော်လည်း လာမည့်နှစ်၌ ကုန်ကြမ်းတင်သွင်းမှု၏ ထက်ဝက်ခန့်ကို လျှော့ချရန် တစ်ဆင့်ချင်း အခြေခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ငွေကြေးဓနပြည့်စုံသည့် အနောက်နိုင်ငံများ၌ ပလပ်စတစ်ပစ္စည်းများကို ပြန်လည်သန့်စင် အသုံးပြုလျက်ရှိပြီး ဆင်းရဲသည့်နိုင်ငံများ၏ ပြန်လည်အသုံးပြုရန် ထုတ်လုပ်သည့် စက်ရုံများသို့ အရည်အသွေးမြှင့် ကုန်ကြမ်း(ဖြတ်စ)များအဖြစ်   တင်ပို့လေ့ရှိကြကြောင်း၊ အခြားသောပစ္စည်းများကို မီးရှို့ဖျက်ဆီးခြင်း (သို့မဟုတ်) အမှိုက်ပုံတို့၌ စွန့်ပစ်လေ့ရှိကြကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများ၌ ကမ္ဘာ့ပလပ်စတစ်ညစ်ညမ်းမှု အန္တရာယ်များကို အလူးအလဲခံစားနေရပြီး သက်ရှိရေနေသတ္တဝါတို့၏ အသက် အန္တရာယ်နှင့် အစားအစာ၊ ရေထုစနစ်တို့ကို များစွာခြိမ်းခြောက်ခံနေရကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံသည် စွန့်ပစ်ပလပ်စတစ် တင်သွင်းမှုများကို ၂၀၁၈ ခုနှစ်မှ စတင်ပိတ်ပင်ခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် နှစ်စဉ် စွန့်ပစ်ပလပ်စတစ်အမှိုက် တန်ချိန် (၂)မီလီယံခန့်ရှိရာ လေးပုံတစ်ပုံခန့်သာ ပြန်လည်အသုံးပြုကြောင်းနှင့် အများစုကို တစ်ကြိမ်တည်းသာအသုံးပြုကြောင်း ထိုင်းအစိုးရက ထုတ်ပြန် ထားသည်။ှ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Laws and Regulations Global News Read 299 times