ThaiBev က လုပ်ငန်း တိုးချဲ့ရန် ဘတ် ၈ ဘီလီယံအထိ သုံးစွဲသွားမည်


11 October, 2022

ThaiBev က လုပ်ငန်း တိုးချဲ့ရန် ဘတ် ၈ ဘီလီယံအထိ သုံးစွဲသွားမည်

စင်ကာပူ စတော့အိပ်ချိန်းစာရင်းဝင် အစားအသောက်နှင့် အဖျော်ယမကာကုမ္ပဏီဖြစ်ပြီး မြန်မာနိုင်ငံတွင် Grand Royal ကို လုပ်ကိုင်လျက် ရှိသည့် Thai Beverage (ThaiBev) သည် ၎င်း၏လုပ်ငန်းများကို လာမည့်နှစ်တွင် တိုးချဲ့ရန်အတွက် ထိုင်းဘတ်ငွေ ၅ ဘီလီယံမှ ၈ ဘီလီယံအထိ သုံးစွဲသွားရန် လျာထားပြီး အဓိကအားဖြင့် ထိုင်းနိုင်ငံတွင် တိုးချဲ့မည် ဖြစ်သည်။
အစားအသောက်လုပ်ငန်းအတွက် ဘတ် ၁.၁ ဘီလီယံ၊ အရက်အတွက် ဘတ် သန်း ၆၀၀-၈၀၀ ၊ အရက်မဟုတ်သော အဖျော်ယမကာအတွက် ဘတ် သန်း ၃၀၀-၄၀၀ သုံးစွဲမည် ဖြစ်သည်။ ကျန်သည့် ဘတ်ဂျက်ကို ဒစ်ဂျစ်တယ် ပလက်ဖောင်း၊ လော့ဂျစ္စတစ် အခြေခံအဆောက်အအုံ၊ ကျန်းမာကြံ့ခိုင်ရေး၊ ထုတ်ကုန် ဆန်းသစ်မှု စသည့် ကဏ္ဍများတွင် သုံးစွဲသွားမည် ဖြစ်သည်။ 

 အစားအသောက်လုပ်ငန်းကဏ္ဍတွင် လာမည့်နှစ်တွင် KFC ၃၅ ဆိုင် အပါအဝင် စားသောက်ဆိုင်အသစ် ၇၀ ခု ဖွင့်လှစ်မည်ဖြစ်သည်။ 
"ရင်းနှီးမြှုပ်နှံမှုအသစ်တွေက ကိုဗစ်မတိုင်ခင်ကာလတုန်းကလို ကြီးကြီးမားမား မဟုတ်ဘူး။ တည်ရှိပြီးသား လုပ်ငန်းတွေကို အာရုံစိုက်သွားမယ်" ဟု လုပ်ငန်းစု ဥက္ကဋ္ဌ Thapana Sirivadhanabhakdi က ပြောကြားသည်။

အာဆီယံသည် လုပ်ငန်းစု၏ အခရာကျသည့် ဈေးကွက်အဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး အရက်မဟုတ်သော အဖျော်ယမကာ လုပ်ငန်းကဏ္ဍအတွက် အလားအလာကောင်းများ ရှိနေသည်ဟု သူက ဆိုသည်။ အရက်ယာမကာလုပ်ငန်းကဏ္ဍထက်လည်း ပိုကြီးမားကျယ်ပြန့်ကြောင်း Mr Thapana က ပြောကြားသည်။

ဖိလစ်ပိုင်တွင် အရက်မဟုတ်သော အဖျော်ယမကာ ဈေးကွက်သည် စုစုပေါင်း ယမကာဈေးကွက်၏ ၅၀% ရှိသည်။ အင်ဒိုနီးရှားတွင် ၈၇% ရှိသည်။ ထိုင်းတွင် ၄၉% ရှိသည်။


Mr Thapana က  ၂၀၂၂ ပထမ ၉လတာအတွင်း ThaiBev ရောင်းအား ဘတ် ၂၀၈ ဘီလီယံ ရရှိခဲ့ကြောင်း ပြောကြားပါသည်။
ThaiBev ၏ အဓိက ဈေးကွက်ဖြစ်သော ထိုင်းနှင့် ဗီယက်နမ်တို့တွင် ကိုဗစ်တားမြစ်ချက်များ ရုပ်သိမ်းခြင်း၊ ဆိုင်ထိုင် စားသောက်ခြင်းကို ခွင့်ပြုခြင်းတို့ကြောငိ့ ရောင်းအား ပြန်ကောင်းလာစေခဲ့သည်။ အရက် အဖြူနှင့် အညို နှစ်မျိုးစလုံး ရောင်းအား ပြန်ကောင်းလာသည်။ 
မြန်မာနိုင်ငံတွင် အခက်အခဲများ ရင်ဆိုင်နေရသည်မှာ ၂ နှစ် ရှိပြီ ဖြစ်သော်လည်း မြန်မာအခြေပြု Grand Royal Group သည် စွမ်းဆောင်ရည် ခိုင်မာနေဆဲ ဖြစ်သည်။ နံပါတ်(၁) ဝီစကီအဖြစ် ဆက်ရှိနေသဖြင့် ဝင်ငွေကောင်းကြောင်း Mr Prapakon က ပြောကြားသည်။ 
ထိုင်းဈေးကွက်တွင် အရက် အဖြူ Ruang Khao  သည် ရောင်းအားအကောင်းဆုံး နံပါတ်(၁) နေရာတွင် ဆက်ရှိနေပြီး အရက် အညို  Hong Thong  သည်လည်း အရောင်းရဆုံး ဆက်ဖြစ်နေဆဲ ဖြစ်သည်။ SangSom ရမ်အရက်လည်း ရောင်းအားတက်လာသည်။ 
၂၀၂၂ ပထမ ၉ လာတာအတွင်း ဘီယာရောင်းအား ဘတ် ၉၂.၆ ဘီလီယံ ရရှိခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။
Source Bangkokpost

Investment/Divestment Read 310 times