ThaiBev ပြည်တွင်းပြည်ပ တိုးချဲ့ရန် ဘတ် ၇ ဘီလီယံ သုံးစွဲမည်


11 October, 2023

ThaiBev ပြည်တွင်းပြည်ပ တိုးချဲ့ရန် ဘတ် ၇ ဘီလီယံ သုံးစွဲမည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

ထိုင်းနိုင်ငံမှ စင်ကာပူ စတော့အိပ်ချိန်း စာရင်းဝင် အာဆီယံ စားသောက်ကုန်နှင့် ယမကာလုပ်ငန်းကြီး Thai Beverage (ThaiBev) သည် စီးပွားရေး လုပ်ငန်းကို ပြည်တွင်းပြည်ပ နှစ်မျိုးလုံးကို အောက်တိုဘာလ ၁ ရက်တွင် စတင်သည့် လက်ရှိဘဏ္ဍာနှစ်တွင် ဘတ် ၇ ဘီလီယံ သုံးစွဲမည်။ 
ဘတ် ၄ ဘီလီယံကို ကမ္ဘောဒီယားတွင် ယမကာ စက်ရုံသစ် တရုံ ဆောက်လုပ်ရန် သုံးစွဲမည်။
ထောက်ပံ့ပို့ဆောင်ရေး၊ ဇီဝဓာတ်ငွေ့ စက်ရုံနှင့် အခြားသော ဗျူဟာမြောက် လုပ်ဆောင်မှုများ အတွက် ၃ ဘီလီယံ လျာထားသည်ဟု ကုမ္ပဏီ၏ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Thapana Sirivadhanabhakdi က ပြောကြားသည်။

 “ကုမ္ပဏီအနေဖြင့် မဟာဗျူဟာ မဏ္ဍိုင်သုံးရပ်ဖြင့် ရေရှည်တည်တံ့သော တိုးတက်မှုကို ဆက်လက်လုပ်ဆောင်ရန် စီစဉ်ထားပါတယ်။ မဏ္ဍိုင်သုံးရပ် က ကြီးထွားရေး၊ ရေရှည်တည်တံ့ရေးနှင့် စွမ်းဆောင်ရည် ရှိစေရေးတို့ ဖြစ်ပါတယ်"ဟု ၎င်းက ပြောကြားသည်။ 

ကြီးထွားမှုမဏ္ဍိုင်အောက်တွင် ThaiBev သည် ၎င်း၏ စျေးကွက်တွင် တည်ရှိမှုကို အမျိုးမျိုး ခက်ဖြာလိုသည်။ ထုတ်ကုန်အမျိုးအမည်များကို ချဲ့ထွင်လိုသည်။  စားသုံးသူများ၏ ပြောင်းလဲလာသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးလိုပါသည်။


ThaiBev သည် ကမ္ဘောဒီးယားတွင် ၎င်း၏ ပထမဆုံး ဘီယာချက်စက်ရုံကို တည်ဆောက်နေကြောင်း ကုမ္ပဏီ၏ ဘီယာထုတ်လုပ်ရေးအဖွဲ့ အကြီးအကဲ Michael Chye Hin Fah က ပြောကြားခဲ့သည်။ ၂ နှစ်အတွင်း ပြီးစီးရန် အစီအစဉ် ရေးဆွဲထားသည်။ 
တစ်နှစ်လျှင် ဘီယာ လီတာ သန်း ၅၀,၀၀၀ ထုတ်လုပ်နိုင်မည့် စက်ရုံ ဖြစ်သည်။ 
"ဘီယာချက်စက်ရုံ ရှိတံ့အတွက် Chang beer က ရေရှည်မှာ ကမ္ဘောဒီးယား ပရီမီယံဘီယာကဏ္ဍတွင် စျေးကွက်ဝေစု ၁၀% ကို ရရှိပါလိမ့်မယ်" ဟု Mr Fah က ပြောကြားသည်။

စီးပွားရေးလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာပြီး ခရီးသွားများ ပြန်လည်ဝင်ရောက်လာခြင်းကြောင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီ၏ ဘီယာလုပ်ငန်းသည် ပြန်လည်ကောင်းမွန်လာခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ဗီယက်နမ်တွင် ကုမ္ပဏီ၏ စီးပွားရေးသည် မက်ခရိုစီးပွားရေး အကျပ်အတည်းကြားတွင် ဘီယာ သောက်သုံးမှု အားနည်းခြင်းကြောင့် စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း Mr Fah က ပြောကြားခဲ့သည်။
 ထောက်ပံ့ပို့ဆောင်ရေး တိုးတက်ကောင်းမွန်သည်နှင့်အမျှ ကမ္ဘောဒီးယားစက်ရုံမှ ထုတ်လုပ်သော အဖျော်ယမကာများကို ဗီယက်နမ်ဈေးကွက်သို့ ထိရောက်စွာ ပို့ဆောင်ရာတွင် လွယ်ကူချောမွေ့စေမည်ဟု ၎င်းက ဆိုသည်။

အရက်နှင့်ပတ်သက်၍ ကုမ္ပဏီ၏အမှုဆောင်ဒုဥက္ကဋ္ဌ၊ အဖွဲ့ဘဏ္ဍာရေးအရာရှိချုပ်နှင့် အရက်ထုတ်ကုန်အုပ်စု အကြီးအကဲ Prapakon Thongthepparot မှ ပြောကြားခဲ့ပါသည်။
ပြည်တွင်းဈေးကွက်သည် ပြည့်ဝနေပြီ ဖြစ်သဖြင့် ထပ်မံကြီးထွားဖို့ ခဲယဉ်းသည်၊ ကုမ္ပဏီ၏ အရက်လုပ်ငန်းကဏ္ဍ ၉၀% သည် ထိုင်းမှာ လုပ်ကိုင်နေသည်။ သို့ဖြစ်ရာ နိုင်ငံတကာ ပရီမီယံ အရက် ဈေးကွက်ထဲသို့ ချဲ့ထွင်မည်ဟု ၎င်းက ပြောကြားသည်။ 

 နိုင်ငံတကာ နာမည်ရ အမှတ်တံဆိပ် ပရီမီယံ အရက်များ တိုးချဲ့လုပ်ကိုင်ရန် Larsen Cognac နှင့် Cardrona Distillery တို့ကို ဝယ်ယူခဲ့ကြောင်း၊ ဖြန့်ဖြူးရေး ကွန်ရက်များကို အားတောင့်တင်းအောင် ဆောင်ရွက်ခဲ့ကြောင်း Mr Prapakon က ပြောကြားသည်။ ယခုလို ဝယ်ယူသည့်အတွက် ကော့ညက်အရက်ကဏ္ဍတွင် ခြေကုပ် အခိုင်အမာ ရရှိစေသည်။ 

ThaiBev ကုမ္ပဏီ၏ အကြီးတန်း ဒုဥက္ကဋ္ဌနှင့် စားသောက်ကုန်လုပ်ငန်း အကြီးအကဲ Nongnuch Buranasetkul က လက်ရှိဘဏ္ဍာရေးနှစ်တွင်  စားသောက်ကုန်လုပ်ငန်းကို တိုးချဲ့ရန်အတွက် ထိုင်းဘတ်ငွေ သန်း ၈၀၀ မှ ၁ ဘီလီယံခန့် သုံးစွဲရန် စီစဉ်ထားကြောင်း၊ KFC နှင့် Oishi တို့ကို စူးစိုက်မည် ဖြစ်ကြောင်း ပြောကြားသည်။  KFC နှင့် Oishi စားသောက်ဆိုင် ၅၀-၆၀ ထပ်တိုး ဖွင့်လှစ်မည်ဟု ၎င်းက ပြောကြားသည်။

ကုမ္ပဏီ၏ ဘဏ္ဍာရေးနှစ် ၂၀၂၃ ခုနှစ် ပထမကိုးလတွင် ThaiBev သည် စားသောက်ဆိုင် ၅၃ ဆိုင်ကို ထပ်မံ ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လအထိ ဆိုင်ခွဲပေါင်း ၇၇၁ ဆိုင်အထိ ဖွင့်လှစ်ထားသည်။ 

Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 228 times