ထိုင်းတွင် ခေါက်ဆွဲခြောက်ထုပ် ၁ ဘတ်ဈေးတက်ရန် ခွင့်ပြု


25 August, 2022

Mama ၊ Wai Wai နှင့် Yum Yum အသင့်ပြုတ်စား ခေါက်ဆွဲခြောက် တံဆိပ်သုံးမျိုး၏ ဈေးနှုန်းများကို ပြည်တွင်းကုန်သွယ်မှု ဦးစီးဌာနမှ ၁၆ ရာခိုင်နှုန်း တိုးမြှင့်ရန် ဗုဒ္ဓဟူးနေ့ (ဩဂုတ် ၂၄) အတည်ပြုခွင့်ပြုလိုက်သည်။ ကြာသပတေးနေ့မှစ၍ တစ်ထုပ်လျှင် ၆ ဘတ်မှ ၇ ဘတ်သို့ ၁ ဘတ် ဈေးစတက်မည်ဖြစ်သည်။

ဂျုံ၊ စားအုန်းဆီနှင့် ပလတ်စတစ်ထုပ်ပိုးပစ္စည်းများ အပါအဝင် ကုန်ကြမ်းများ စျေးနှုန်း မြင့်တက်နေခြင်း၊ စွမ်းအင်ဈေးနှုန်းနှင့် လုပ်သားစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် ဈေးတက်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်ဟု ပြည်တွင်းကုန်သွယ်မှု ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် Mr Wattanasak က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

အကြီးမားဆုံး ခေါက်ဆွဲခြောက် အမှတ်တံဆိပ် ငါးခု Mana၊ Wai Wai၊ Yum Yum၊ Nissin ၊ Suesat တို့၏ ထုတ်လုပ်သူများသည် ထုတ်လုပ်မှု ကုန်ကျစရိတ် မြင့်မားလာသည်နှင့်အညီ ၎င်းတို့၏ ဈေးနှုန်းများ တစ်ပတ်အတွင်း ၂ ဘတ် မြှင့်တင်ရန် ခွင့်ပြုဖို့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအား တောင်းဆိုခဲ့သည်။

“ဈေးတင်ဖို့ သတ်မှတ်ချက် ၂ ခု ချမှတ်ထားတယ်။ ကုန်ကြမ်းဈေးကျရင် ခေါက်ဆွဲခြောက်ထုတ်လုပ်သူတွေအနေနဲ့ ခေါက်ဆွဲခြောက်ထုပ် ဈေးနှုန်းတွေ လျှော့ချရမယ်။ ထုတ်လုပ်မှုကုန်ကျစရိတ်ကို မျက်ခြည်မပြတ် စောင့်ကြည့်ဖို့အတွက်ဦးစီးဌာနကို ကုန်ကြမ်းဈေးနှုန်းတွေ အဆက်မပြတ် အသိပေးထားဖို့ ညွှန်ကြားထားပါတယ်" ဟု Mr Wattanasak က ပြောသည်။

Source: Bangkokpost
#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U

 

Read 2116 times