ထိုင်းပို့ကုန် လျော့နည်း၊ ဒုတိယနှစ်ဝက်အထိ ပြန်မကောင်းနိုင်


31 March, 2023

ထိုင်းပို့ကုန် လျော့နည်း၊ ဒုတိယနှစ်ဝက်အထိ ပြန်မကောင်းနိုင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံ၏ ပို့ကုန်များ ငါးလဆက်တိုက် လျော့နည်းနေဆဲ ဖြစ်သည်။ 
ကမ္ဘာ့စီးပွားရေး နှေးကွေးနေသဖြင့် ဖေဖော်ဝါရီလတွင် ခန့်မှန်းထားသည်ထက် လျော့နည်းသွားကာ ယခုနှစ် ပထမနှစ်ဝက်တွင် တင်ပို့မှု ပိုမိုကျဆင်းဖွယ်ရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလတွင် ကုန်သွယ်မှုလိုငွေ ဒေါ်လာ ၁.၁၁ ဘီလီယံရှိသည်။

ပထမနှင့် ဒုတိယ သုံးလပတ်များတွင် တင်ပို့မှု ကျဆင်းသွားဖွယ်ရှိကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာ ကုန်သွယ်မှုမြှင့်တင်ရေးဌာန အကြီးအကဲ Phusit Ratanakul Sereroengrit က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဒုတိယနှစ်ဝက်တွင် တိုးတက်ကောင်းမွန်လာနိုင်သည်ဟု မျှော်လင့်ထားသည်။

ဝန်ကြီးဌာနသည် ယခုနှစ်အတွင်း ပို့ကုန်တိုးတက်မှု ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအထိ မျှော်မှန်းထားဆဲဖြစ်ကြောင်း Poonpong Naiyanapakorn က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ၏ ပို့ကုန်ကျဆင်းမှုတွင် စက်မှုကုန်ပစ္စည်းများ တင်ပို့မှု နည်းပါးခြင်းက အဓိကကျသည်။ အီလက်ထရွန်းနစ်ပစ္စည်းများနှင့် ကွန်ပျူတာသုံး hard disk drive များ တင်ပို့မှုညသိသိသာသာ လျော့ကျခဲ့သည်။
ဖေဖော်ဝါရီလတွင် ဆန်တန်ချိန် ၆ သိန်းခန့် တင်ပို့ခဲ့သည်။
Source Reuters 
 

Export, Import Read 246 times