ထိုင်းစားအုန်ဆီကြမ်း တန်ချိန် ၁ သန်း တင်ပို့ရန် လျာထား


23 February, 2023

ထိုင်းစားအုန်ဆီကြမ်း တန်ချိန် ၁ သန်း တင်ပို့ရန် လျာထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ထိုင်းနိုင်ငံတွင် ဆီအုန်းစိုက်ခင်းဧရိယာသည် ယခုနှစ်တွင် ရိုင် ၆ ဒသမ ၂ သန်းရှိမည်ဟု ခန့်မှန်းထားသည်။ ၂၀၂၂ ခုနှစ်တွင် ရိုင် ၆ ဒသမ ၁၅ သန်းထက် ပိုများပါသည်။

စားအုန်းဆီကြမ်း တင်ပို့မှုသည် ယခုနှစ်တွင် တန်ချိန် ၁ သန်းအထိ ရှိလာနိုင်သည်။ ယမန်နှစ်က တန်ချိန် ၉၁၉,၀၀၀ တင်ပို့ခဲ့ပါသည်။
စာအုန်းဆီကြမ်း ပိုမိုထွက်ရှိခြင်း၊ အိန္ဒိယနှင့် တရုတ် နိုင်ငံများမှ ဝယ်လိုအား အားကောင်းနေခြင်းတို့ကြောင့် ပိုမိုတင်ပို့နိုင်လိမ့်မည်ဟု ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။
ပြည်ပသို့ ပိုမိုတင်ပို့မည် ဖြစ်သော်လည်း ပြည်တွင်းစားအုန်းဆီ ဈေးနှုန်းတည်ငြိမ်ရေးကိုလည်း ထိန်းသိမ်းထားမည်ဟု ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက ပြောကြားသည်။


လတ်ဆတ်ဆီအုန်းသီး တန်ချိန် ၁၈.၉ သန်း ယခုနှစ်တွင် ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။

ထိုင်းစားအုန်းဆီကို အိန္ဒိယနိုင်ငံသို့ အများဆုံး တင်ပို့သည်။ တရုတ်နိုင်ငံသို့ ဒုတိယအများဆုံး တင်ပို့သည်။ 
ပြည်တွင်း စားအုန်းဆီကြမ်း အရန်သိုလှောင်မှု ပမာဏကို ယခင်က တန်ချိန် ၃ သိန်း ထားသိုခြင်းကို လျှော့ချပြီး ယခုနှစ်တွင် တန်ချိန် ၂ သိန်းခွဲ ထားရှိမည် ဖြစ်သည်။

လတ်ဆတ်ဆီအုန်းသီးအတွက် အစိုးရက အာမခံချက်ဖြင့်  သတ်မှတ်ပြဋ္ဌာန်းပေးထားသည့် အနည်းဆုံးဈေးနှုန်းမှာ တစ်ကီလိုဂရမ် ၄ ဘတ်ဖြစ်ပြီး ပေါက်ဈေး၅.၁၀ ဘတ် ရှိသဖြင့် ပြဋ္ဌာန်းဈေးနှုန်းထက် ကျော်လွန်ပါသည်။

စားအုန်းဆီ အများဆုံး ထုတ်လုပ်သည့် နိုင်ငံမှာ အင်ဒိုနီးရှားဖြစ်ပြီး ဒုတိယအများဆုံး ထုတ်လုပ်သည့် နိုင်ငံမှာ မလေးရှား ဖြစ်ပါသည်။ ထိုင်းနိုင်ငံသည် ကမ္ဘာ့တတိယအများဆုံး စားအုန်းဆီထုတ်လုပ်သည့် နိုင်ငံဖြစ်ပါသည်။
အင်ဒိုနီးရှားနှင့် မလေးရှား နှစ်နိုင်ငံ စားအုန်းဆီ ထုတ်လုပ်သည့် ပမာဏ စုစုပေါင်းသည် ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်မှု စုစုပေါင်း၏ ၈၃.၆% ရှိပါသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Agriculture & Livestock Read 461 times