ဘတ် အားကောင်းလာဖို့ ကာလတိုတွင် အကန့်အသတ် ရှိနေဦးမည်


20 October, 2022

ဘတ် အားကောင်းလာဖို့ ကာလတိုတွင် အကန့်အသတ် ရှိနေဦးမည်

TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

 

ထိုင်းဘတ်ငွေသည် ဗုဒ္ဓဟူးနေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၃၈.၀၉ ဖြင့် ဖွင့်လှစ်ခဲ့ပြီး အင်္ဂါနေ့ အပိတ်ဈေး ၃၈.၁၂ ထက် အနည်းငယ် အားကောင်းလာသည်။
ထိုင်းငွေကြေးသည် အစိမ်းနှင့် ယှဉ်လျှင် ၃၇.၉၀ နှင့် ၃၈.၁၅ ကြားတွင် ရွေ့လျားနိုင်ဖွယ်ရှိသည်ဟု Krungthai စျေးကွက်ဗျူဟာမှူး Poon Panichpibool က ကြိုတင်ခန့်မှန်းသည်။
ကန်ဒေါ်လာ အားကောင်းနေခြင်းသည် လျော့ကျဖွယ် ရှိနေပြီး ဈေးကွက်ထဲ ဈေးပြန်ကျမည့်အရေး ရှိနေသည်ဟု ၎င်းက ပြောကြားသည်။
သို့သော် ဘတ်အပေါ် ဖိအားများ ရှိနေဆဲ ဖြစ်သည်။ ရွှေဝယ်ယူကြခြင်း၊ ဂျပန်ယန်းအပါအဝင် အခြားနိုင်ငံခြားသုံးငွေနှင့် ဝယ်ယူခြင်းတို့ကြောင့် ဘတ်တန်ဖိုး မြင့်တက်ဖို့ ခဲယဉ်းနေစေသည်။ 
ဤအတောအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် လွန်ခဲ့သည့် နှစ်ရက်အတွင်း ဘတ်ငွေ ၅.၈ ဘီလီယံတန်ဖိုးရှိ နှစ်ရှည်ငွေချေးစာချုပ်များကို ရောင်းထုတ်ပစ်ခဲ့ကြသည်။ 
သို့ဖြစ်ရာ  ရေတိုကာလတွင် ဘတ်ငွေ အားကောင်းလာဖို့ အကန့်အသတ် ရှိနေဦးမည်ဟု Poon က ဆိုသည်။
တစ်ဒေါ်လာ ၃၇.၈၀ ဘတ် ထက် ကျော်လွန်ရန် မမျှော်လင့်ထားကြောင်း၊ ဒေါ်လာတန်ဖိုး ကျဆင်းခြင်းဖြစ်စေ၊ ထိုင်းမှ ပိုင်ဆိုင်မှုများ ထပ်မံဝယ်ယူရန် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများ ပြန်လည်ရောက်ရှိလာခြင်းဖြစ်‌ေစ ထိုကဲ့သို့သော သိသာထင်ရှားသော အကြောင်းအချက်ရှိမှသာ ဘတ်တန်ဖိုး အထက်တက်နိုင်လိမ့်မည်ဟု သူက ဆိုသည်။
Source THE NATION  
TO GET INSTANT UPDATE 
Join Telegram Channel  
https://t.me/Guid4U

Banking & Loan Read 200 times