နိုင်ငံခြားသားများ အိမ်ရာမြေ ပိုင်ဆိုင်ခွင့် ထိုင်းအစိုးရ အတည်ပြု


26 October, 2022

နိုင်ငံခြားသားများ အိမ်ရာမြေ ပိုင်ဆိုင်ခွင့် ထိုင်းအစိုးရ အတည်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းအစိုးရသည် နိုင်ငံခြားသားများကို အိမ်ရာမြေ ပိုင်ဆိုင်ခွင့် ပေးဆောင်ရန် အဓိကခြေလှမ်းတစ်ရပ်ကို ဆောင်ရွက်ခဲ့ပါတယ်။
ထိုင်းအစိုးရသည် ချမ်းသာသော နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ခြင်းဖြင့် နိုင်ငံစီးပွားရေးကို မြှင့်တင်ရန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ 
လက်ရှိတွင် လူတစ်ဦးချင်းအရ အိမ်ခြံမြေပိုင်ဆိုင်မှုကို အဓိကအားဖြင့် ကွန်ဒိုအခန်းများကုိသာ ပိုင်ဆိုင်ခွင့် ခွင့်ပြုရန် ကန့်သတ်ထားသည်။ နောက်တစ်နည်းမှာ ရှုပ်ထွေးသော နှစ်ရှည်ငှားရမ်းစာချုပ်များဖြင့် ကာလရှည်ကြာ ပိုင်ဆိုင်ခွင့် ရယူတဲ့ နည်းလမ်းဖြစ်ပါသည်။
.
 အင်္ဂါနေ့(အောက်တိုဘာ ၂၅)တွင် ပြုလုပ်သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် အတည်ပြုခဲ့သည့် အစီအစဉ်သစ်အရ အရည်အချင်းပြည့်မီသော နိုင်ငံခြားသားများကို လူနေအိမ် ရည်ရွယ်ချက်အတွက် မြေတစ်ရိုင် (၀.၄ ဧက) အထိ ပိုင်ဆိုင်ခွင့် ခွင့်ပြုပါသည်။ 
 .
အစီအစဉ်သည် ထိပ်တန်းကျွမ်းကျင်ပညာရှင်များ၊ အသားတင်တန်ဖိုး မြင့်မားသော လူပုဂ္ဂိုလ်များနှင့် အငြိမ်းစားများကို အိမ်ရာ‌မြေနေရာ ပိုင်ဆိုင်ခွင့်ပေးရန် ဦးတည်ချက် ထားရှိပါသည်။
ဘန်ကောက်နှင့် ဘန်ကောက်မြို့မှ ကားဖြင့် ၂ နာရီခရီး ဝေးကွာသော ပင်လယ်ကမ်း‌ခြေ အပန်းဖြေရာ  ပတ္တရားတို့တွင်သာ ခွင့်ပြုထားပါသည်။
.
နိုင်ငံခြားသားသည် မြေကို ဝယ်ယူပြီး အိမ်ဆောက်နိုင်ပါသည်။ ဝယ်ယူသည့်မြေတွင် အိမ်ပါနေပါက အိမ်ကိုပါ ဝယ်ယူခွင့် ရှိပါသည်။
.
အိမ်ရာပိုင်ဆိုင်ခွင့်အတွက် အရည်အချင်းပြည့်မီရန်  အနည်းဆုံးကာလ သုံးနှစ်အတွက် အနည်းဆုံးငွေပမာဏ ဘတ်ငွေ သန်း ၄၀ ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး ၎င်း ဘတ် သန်း ၄၀ တွင် ဝယ်ယူမည့် အိမ်ရာမြေ၏ တန်ဖိုးကို ထည့်တွက်နိုင်ပါသည်။
 .
ရင်းနှီးမြှုပ်နှံမှုအတွက် ရွေးချယ်ခွင့်များတွင် အစိုးရ၊ ထိုင်းဘဏ်နှင့် အစိုးရပိုင်လုပ်ငန်းများမှ ထုတ်ပေးသော အာမခံငွေချေးစာချုပ်များ ပါဝင်သည်။
.
နိုင်ငံခြားသား ကွန်ဒိုပိုင်ဆိုင်ခွင့်ကို ၄၉% အထိ ခွင့်ပြုထားသည်။ ကွန်ဒိုအခန်းပေါင်း အကြမ်းအားဖြင့် တစ်သန်းခွဲရှိသည်။ နိုင်ငံခြားသား ပိုင်ဆိုင်သည် ကွန်ဒိုအခန်း စုစုပေါင်းမှာ ၉ သောင်းခန့်သာ ရှိသဖြင့် ၆% မျှသာ ရှိသည်။ ၄၉% ပြည့်မီရန် အဝေးကြီး ဝေးနေသည်။ သို့ဖြစ်ရာ အိမ်ရာမြေ ပိုင်ဆိုင်ခွင့်ဖြင့် နိုင်ငံခြားသားများကို ဆွဲဆောင်ခြင်း ဖြစ်သည်။
.
၂၀၂၂ ပထမ ၃ လပတ်တွင် ထုတ်ပြန်သောစာရင်းအရ ကွန်ဒိုအများဆုံးဝယ်ယူသည့် နိုင်ငံသား ၅ မျိုးမှာ တရုတ် (၄၅%)၊ ရုရှား (၆.၄%)၊ အမေရိကန် (၅.၄%)၊ ဗြိတိသျှ (၄.၃%) နှင့် ဂျာမန် (၃.၈%)တို့ ဖြစ်ပါသည်။
.
ကွန်ဒိုအခန်း ဝယ်ယူကြရာတွင် ဘန်ကောက်သည် နိုင်ငံခြားဝယ်လက်များကြားတွင် ရေပန်းအစားဆုံးနေရာဖြစ်သည်။ နိုင်ငံခြားသား ပိုင်ဆိုင်သည့် ကွန်ဒိုအခန်း စုစုပေါင်း၏ ၃၉.၃% သည် ဘန်ကောက်တွင် တည်ရှိပါသည်။ ကျန်ပြည်နာ်များတွင် ချွန်ဘူရီ(၃၂.၁%)၊ စမွတ်ပရာကန်(၁၀.၉%)၊ ဖူးကက်(၇.၈%)၊ ချန်မိုင်း(၄.၆%) တို့သည် နိုင်ငံခြားသား ကွန်ဒိုတိုက်ခန်း အဝယ်များပါသည်။
Source Bangkokpost 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Laws and Regulations Read 541 times