လေအေးစက် ဒုတိယအများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် ထိုင်း ရောက်ရှိ


16 October, 2022

 

လေအေးစက် ဒုတိယအများဆုံး တင်ပို့သည့် နိုင်ငံအဖြစ် ထိုင်း ရောက်ရှိ

TO GET INSTANT UPDATE  
Join Telegram Channel  
 https://t.me/Guid4U

 
၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံပြီးလျှင် လေအေးပေးစက်များ ဒုတိယအများဆုံး တင်ပို့သည့်နိုင်ငံဖြစ်ခဲ့သည်။ Covid အကျပ်အတည်းကာလတွင် ဘတ်ငွေ ၂၀၃ ဘီလီယံ ကျော် တန်ဖိုးရှိ လေအေးပေးစက်များနှင့် အစိတ်အပိုင်းများကို ယမန်နှစ်က ပြည်ပသို့ တင်ပို့ခဲ့သည်။ ၂၀၂၀ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၁ ခုနှစ်တွင် ၂၅ ရာခိုင်နှုန်း ပိုများသည်။ 
.
ယခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ ပထမရှစ်လအတွင်း ထိုင်းနိုင်ငံမှ ဘတ်ငွေ ၁၆၄ ဘီလီယံကျော် တန်ဖိုးရှိ လေအေးပေးစက်များ ပြည်ပသို့ တင်ပို့ခဲ့သည်။ ယမန်နှစ် အလားတူကာလထက် ၂၁ ရာခိုင်နှုန်း ပိုများသည်။
 

ဥက္ကဋ္ဌ Supanee Chantasasawat

 

Federation of Thai Industries FTI ၏ Air-Conditioning and Refrigeration Club ဥက္ကဋ္ဌ Supanee Chantasasawat က ကိုဗစ်-၁၉ အခြေအနေကို ဖြေလျှော့ပြီး အထူးသဖြင့် ဗီယက်နမ်နှင့် အင်ဒိုနီးရှားတို့ကဲ့သို့ နိုင်ငံများမှ ဝယ်လိုအား ပြန်လည်ကောင်းမွန်လာသောကြောင့် ပို့ကုန်ဈေးကွက်သည် ကြီးထွားလာဖွယ်ရှိကြောင်း ပြောကြားသည်။

.

Covid အကျပ်အတည်းကြောင့် ပြည်တွင်းရောင်းအား ကျဆင်းခဲ့သော်လည်း ပြည်ပနိုင်ငံများမှ အမှာစာများ ဆက်တိုက်ရရှိနေသဖြင့် လုပ်ငန်းကဏ္ဍ အနည်းငယ်သာ ထိခိုက်ခဲ့ကြောင်း Supanee မှ ပြောကြားခဲ့ပါသည်။

.

ယခုနှစ်တွင် ပြည်တွင်းဝယ်လိုအား မြင့်တက်မှုကြောင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ၂၀၂၂ ခုနှစ်တွင် လေအေးပေးစက်များ ပိုမိုထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားကြောင်း သူမ က ပြောကြားသည်။ 

လောင်စာနှင့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများ  မြင့်မားနေခြင်းအပြင် ချပ်စ်ပြတ်တောက်မှုများသည် ထုတ်လုပ်မှုစရိတ်များကို မြင့်မားလာစေသည့် စိန်ခေါ်မှုများ ဖြစ်ကြောင်း သူမက ပြောကြားသည်။

.

ကမ္ဘာတစ်ဝှမ်း ပိုပူပြင်းသော နွေရာသီသည်  အထူးသဖြင့် အေးသော ရာသီဥတု နိုင်ငံများတွင်လည်း ဖြစ်ပေါ်သဖြင့် ထိုင်းနိုင်ငံမှ လေအေးပေးစက် နှင့် အစိတ်အပိုင်းများ တင်ပို့ရန် အခွင့်အလမ်းများ တိုးမြင့်လာမည် ဟု ယုံကြည်ကြောင်း Supanee က ပြောကြားသည်။ 

.

၂၀၂၂ ခုနှစ် ပထမရှစ်လတွင် ထိုင်းနိုင်ငံမှ လေအေးပေးစက်နှင့် အစိတ်အပိုင်းများကို တင်ပို့သည့် ထိပ်တန်းငါးနိုင်ငံမှာ အမေရိကန်၊ သြစတြေးလျ၊ ဗီယက်နမ်၊ ထိုင်ဝမ်နှင့် ဂျပန်တို့ဖြစ်ကြောင်းသိရသည်။

.

 တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံ၏ အဓိကပြိုင်ဘက်ဖြစ်နေဆဲ ဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် သက်သာသော လုပ်ခလစာနှင့် အလုပ်သမားများ ပိုမိုရရှိနိုင်သော ပြိုင်ဖက်ဖြစ်လာနေသည်။ ဂျပန်ကဲ့သို့သော နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံ ထုတ်လုပ်သူများသည် ဗီယက်နမ်တွင် ၂၀၁၈ ခုနှစ်ကတည်းက ရင်းနှီးမြှုပ်နှံခဲ့ကြသည်ဟု သူမက ထောက်ပြသည်။

.

ထိုင်းနိုင်ငံသည် ပြည်ပမှ အစိတ်အပိုင်းများနှင့် ပစ္စည်းများ တင်သွင်းရန် လိုအပ်နေသေးသောကြောင့် ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို ဆုံးရှုံးနိုင်သည်ဟု ၎င်းက ရှင်းပြသည်။

Source nationthailand

Tips Read 2798 times