ထိုင်းလေကြောင်းလိုင်း လေယာဉ် အသစ် ၄၅ စီး ဖြည့်ထည့်ရသည့်အကြောင်းရင်း စီအီးအို ရှင်းပြ


24 February, 2024

ထိုင်းလေကြောင်းလိုင်း လေယာဉ် အသစ် ၄၅ စီး ဖြည့်ထည့်ရသည့်အကြောင်းရင်း စီအီးအို ရှင်းပြ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Thai Airways International (THAI) သည် ဆက်လက် အသုံးမပြုတော့သည့် သက်တမ်းရင့် လေယာဉ်များကို အစားထိုးရန် လေယာဉ် အသစ် ၄၅ စီး ဖြည့်ထည့်ရမည်ဟု စီအီးအို Chai Eamsiri က ရှင်းလင်းပြောကြားသည်။ 

ထပ်ဖြည့်ထည့်သည့် လေယာဉ်များတွင် ငှားရမ်းစာချုပ်ဖြင့် ရယူမည့် လေယာဉ်များ၊ ငှားရမ်းဝယ်ယူ hire-purchase စာချုပ်ဖြင့် ရယူမည့် လေယာဉ်များ ပါဝင်သည်။

 

Chai က THAI လေယာဉ်စုကို ၂၀၁၃ ခုနှစ်တွင် ရှိခဲ့သော လေယာဉ်အရေအတွက် ပြန်လည်ဖြည့်တင်းရန် လိုအပ်ကြောင်း အခိုင်အမာ ပြောကြားပါသည်။

 

၂၀၁၃ ခုနှစ်တွင် THAI လေကြောင်းလိုင်းသည် အစီး ၁၀၀ ဖြင့် ပြေးဆွဲခဲ့သည်။  Covid-19 ကြောင့် လေကြောင်းလိုင်းလုပ်ငန်း ရပ်တန့်သွားကာ ဒေဝါလီခံပြီး ပြန်လည်ထူထောင်ရေး အစီအစဉ်တွင် ပါဝင်ခဲ့ရပြီးနောက် သက်တမ်းရင့်နေသော လေယာဉ်များသည် ပြုပြင်ထိန်းသိမ်းစရိတ် အကုန်အကျခံရန် မထိုက်တန်သဖြင့် ၎င်းလေယာဉ်များ ဆက်လက်သုံးစွဲခြင်း မပြုတော့ဟု Chai မှ ရှင်းပြပါသည်။

.

၂၀၂၂ ခုနှစ် နှစ်ကုန်တွင် THAI မှာ လေယာဉ် ၆၄ စီးသာ ကျန်သည်။ ၂၀၁၃ ခုနှစ်ထက် ၃၅% လျော့နည်းနေသည်။ ထိုသို့ လျော့နည်းနေသည်ကို ဖြည့်တင်းရန် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တို့တွင် လေယာဉ်များ ငှားရမ်းသုံးစွဲခြင်း စတင်ခဲ့သည်။

ကိုယ်ထည်အကျယ် လေယာဉ် ၂၁ စီး ငှားရမ်းခဲ့ရာ ၂၀၂၃ ခုနှစ် ဒုတိယ ၃ လပတ်မှစ၍ စတင် ရရှိခဲ့သည်။ 

၎င်းလေယာဉ်များ အားလုံးနီးပါးသည် Airbus 350 ဖြစ်ပြီး Rolls-Royce မှ ထုတ်လုပ်သည့် Trent XWB အင်ဂျင်များ တပ်ဆင်အသုံးပြုထားပါသည်။

.

THAI လေကြောင်းလိုင်းသည် ကိုယ်ထည်အကျဉ်း Airbus 321 Neo လေယာဉ်များကို ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်တွင် စတင်ငှားရမ်းပြီး လေယာဉ်များ ဖြည့်တင်းမည်။ 

. 

လေယာဉ်များ ငှားရမ်း ဖြည့်တင်းပေးသည့်အတွက်ကြောင့် ယမန်နှစ်က THAI လေယာဉ်စုတွင် အစီး ၇၀ အထိ ရှိလာခဲ့သည်။ ယခုနှစ်တွင် ၇၉ စီး ဖြစ်လာရန် ရည်မှန်းထားသည်။ နောက်နှစ်တွင် အစီး ၉၀ ရှိလာမည် ဖြစ်သည်ဟု Chai က ပြောကြားသည်။

 

အချို့သော အငှားစာချုပ်များသည် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အပြင် သက်တမ်းပိုရင့်သော လေယာဉ်များ ဆက်လက် အသုံးမပြုသဖြင့် အကယ်၍ လေယာဉ်များ ဖြည့်တင်းခြင်း မပြုခဲ့လျှင် ၂၀၃၃ ခုနှစ်တွင် လေယာဉ် ၅၁ စီးသာ ကျန်မည်။ ၂၀၁၃ ခုနှစ်ထက် ၄၉% လျော့နည်းနေမည်။

သို့ဖြစ်ရာ THAI လေကြောင်းလိုင်းသည် လေယာဉ် ၄၅ စီး ဖြည့်တင်းမှသာ ၂၀၃၃ ခုနှစ်တွင် လေယာဉ် ၉၆ စီး ရှိမည်ဟု Chai က ပြောကြားပါသည်။

 

Source bangkokpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Air Read 2353 times