ထိုင်းလေကြောင်းလိုင်း လေယာဉ် အသစ် ၄၅ စီး ဖြည့်ထည့်ရသည့်အကြောင်းရင်း စီအီးအို ရှင်းပြ


24 February, 2024

ထိုင်းလေကြောင်းလိုင်း လေယာဉ် အသစ် ၄၅ စီး ဖြည့်ထည့်ရသည့်အကြောင်းရင်း စီအီးအို ရှင်းပြ

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Thai Airways International (THAI) သည် ဆက်လက် အသုံးမပြုတော့သည့် သက်တမ်းရင့် လေယာဉ်များကို အစားထိုးရန် လေယာဉ် အသစ် ၄၅ စီး ဖြည့်ထည့်ရမည်ဟု စီအီးအို Chai Eamsiri က ရှင်းလင်းပြောကြားသည်။ 

ထပ်ဖြည့်ထည့်သည့် လေယာဉ်များတွင် ငှားရမ်းစာချုပ်ဖြင့် ရယူမည့် လေယာဉ်များ၊ ငှားရမ်းဝယ်ယူ hire-purchase စာချုပ်ဖြင့် ရယူမည့် လေယာဉ်များ ပါဝင်သည်။

 

Chai က THAI လေယာဉ်စုကို ၂၀၁၃ ခုနှစ်တွင် ရှိခဲ့သော လေယာဉ်အရေအတွက် ပြန်လည်ဖြည့်တင်းရန် လိုအပ်ကြောင်း အခိုင်အမာ ပြောကြားပါသည်။

 

၂၀၁၃ ခုနှစ်တွင် THAI လေကြောင်းလိုင်းသည် အစီး ၁၀၀ ဖြင့် ပြေးဆွဲခဲ့သည်။  Covid-19 ကြောင့် လေကြောင်းလိုင်းလုပ်ငန်း ရပ်တန့်သွားကာ ဒေဝါလီခံပြီး ပြန်လည်ထူထောင်ရေး အစီအစဉ်တွင် ပါဝင်ခဲ့ရပြီးနောက် သက်တမ်းရင့်နေသော လေယာဉ်များသည် ပြုပြင်ထိန်းသိမ်းစရိတ် အကုန်အကျခံရန် မထိုက်တန်သဖြင့် ၎င်းလေယာဉ်များ ဆက်လက်သုံးစွဲခြင်း မပြုတော့ဟု Chai မှ ရှင်းပြပါသည်။

.

၂၀၂၂ ခုနှစ် နှစ်ကုန်တွင် THAI မှာ လေယာဉ် ၆၄ စီးသာ ကျန်သည်။ ၂၀၁၃ ခုနှစ်ထက် ၃၅% လျော့နည်းနေသည်။ ထိုသို့ လျော့နည်းနေသည်ကို ဖြည့်တင်းရန် ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ်တို့တွင် လေယာဉ်များ ငှားရမ်းသုံးစွဲခြင်း စတင်ခဲ့သည်။

ကိုယ်ထည်အကျယ် လေယာဉ် ၂၁ စီး ငှားရမ်းခဲ့ရာ ၂၀၂၃ ခုနှစ် ဒုတိယ ၃ လပတ်မှစ၍ စတင် ရရှိခဲ့သည်။ 

၎င်းလေယာဉ်များ အားလုံးနီးပါးသည် Airbus 350 ဖြစ်ပြီး Rolls-Royce မှ ထုတ်လုပ်သည့် Trent XWB အင်ဂျင်များ တပ်ဆင်အသုံးပြုထားပါသည်။

.

THAI လေကြောင်းလိုင်းသည် ကိုယ်ထည်အကျဉ်း Airbus 321 Neo လေယာဉ်များကို ၂၀၂၅ ခုနှစ် စတုတ္ထသုံးလပတ်တွင် စတင်ငှားရမ်းပြီး လေယာဉ်များ ဖြည့်တင်းမည်။ 

လေယာဉ်များ ငှားရမ်း ဖြည့်တင်းပေးသည့်အတွက်ကြောင့် ယမန်နှစ်က THAI လေယာဉ်စုတွင် အစီး ၇၀ အထိ ရှိလာခဲ့သည်။ ယခုနှစ်တွင် ၇၉ စီး ဖြစ်လာရန် ရည်မှန်းထားသည်။ နောက်နှစ်တွင် အစီး ၉၀ ရှိလာမည် ဖြစ်သည်ဟု Chai က ပြောကြားသည်။

 

အချို့သော အငှားစာချုပ်များသည် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်သည့်အပြင် သက်တမ်းပိုရင့်သော လေယာဉ်များ ဆက်လက် အသုံးမပြုသဖြင့် အကယ်၍ လေယာဉ်များ ဖြည့်တင်းခြင်း မပြုခဲ့လျှင် ၂၀၃၃ ခုနှစ်တွင် လေယာဉ် ၅၁ စီးသာ ကျန်မည်။ ၂၀၁၃ ခုနှစ်ထက် ၄၉% လျော့နည်းနေမည်။

သို့ဖြစ်ရာ THAI လေကြောင်းလိုင်းသည် လေယာဉ် ၄၅ စီး ဖြည့်တင်းမှသာ ၂၀၃၃ ခုနှစ်တွင် လေယာဉ် ၉၆ စီး ရှိမည်ဟု Chai က ပြောကြားပါသည်။

 

Source bangkokpost 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Air Read 1804 times