ဗီယက်နမ်တွင် နှစ်သစ်ကူး 'တက်'ဆုကြေးများ ထုတ်ပြန်ကြေညာ


30 December, 2023

ဗီယက်နမ်တွင် နှစ်သစ်ကူး 'တက်'ဆုကြေးများ ထုတ်ပြန်ကြေညာ
 

ယခုနှစ် ဗီယက်နမ်တွင် တစ်ဦးချင်းအတွက် တက်အမြင့်ဆုံးဆုကြေးမှာ ဒေါင် ၅.၇ ဘီလီယံ (ကန်ဒေါ်လာ ၂၃၄,၃၁၇)) ဖြစ်ပါသည်။
အနိမ့်ဆုံး တက်ဆုကြေးမှာ ဒေါင် ၂ သောင်း (ကန်ဒေါ်လာ ၈၂ ဆင့်) ဖြစ်ပါသည်။

 တက်(Tet)ဆုကြေးများကို ဒီဇင်ဘာလ ၂၆ ရက်အထိ ၊ ဟိုချီမင်းစီးတီး မပါ ဒေသ ၂၈ ခုတို့က ရိုးရာ
လပြက္ခဒိန်အလိုအရ နှစ်သစ်ကူးသည့် အချိန်အခါတွင် ချီးမြှင့်မည့် ဆုကြေး အသီးသီးကို ကြိုတင် ကြေညာကြသည်။

 လာမည့်နှစ်တွင် တက် နှစ်သစ်ကူး အလုပ်ပိတ်ရက်ရှည်သည် ဖေဖော်ဝါရီ  ၈ ရက်မှ ၁၄ ရက်အထိ ဖြစ်ပါသည်။ 


 အမြင့်ဆုံး တက်ဆုကြေးငွေမှာ မဲခေါင်မြစ်ဝကျွန်းပေါ်ဒေသ Long An ပြည်နယ်ရှိ ဂျပန်ရင်းနှီးမြုပ်နှံထားသော ကုမ္ပဏီတစ်ခုမှ အထွေထွေဒါရိုက်တာတစ်ဦးဖြစ်ပြီး လစာမှာ ဒေါင် ၂၃၅ သန်း ဖြစ်ပါသည်။

အနိမ့်ဆုံး Tet ဘောနပ်စ်သည် ဗီယက်နမ်နိုင်ငံ၏ တောင်ဘက်အကျဆုံးပြည်နယ် Ca Mau ပြည်နယ်ရှိ ဝန်ထမ်းတစ်ဦး ရရှိမည် ဖြစ်သည်။ 

ယမန်နှစ်ကတည်းက ကမ္ဘာ့စီးပွားရေးကျဆင်းမှု၏ သက်ရောက်မှုကြောင့် သစ်၊ အထည်အလိပ်နှင့် သားရေကဲ့သို့သော ကုန်ထုတ်လုပ်ငန်းများသည် ပြည်ပအမှာစာ နည်းပါးနေခဲ့ပါသည်။

 တောင်ပိုင်းဒေသများတွင် အလုပ်သမားဦးရေများသော စက်ရုံများသည် လုပ်သားဦးရေ လျှော့ချခဲ့ကြသည်။ အချိန်ပို ဆင်းသည့် အလုပ်နာရီများ မရှိသလောက် လျော့နည်းသွားသည်။ ပုံမှန် အလုပ်ချိန်ကိုလည်း လျှော့ချကြသည်။ အဆိုင်းများကိုလည်း တရက် ၂ ဆိုင်း၊ ၃ ဆိုင်းအစား တဆိုင်းဖြင့် စက်ရုံလည်ပတ်သည်။

စီးပွားရေးလုပ်ငန်းများသည် တစ်နှစ်တာ၏ လုပ်ငန်းရလဒ်များအပေါ် အခြေခံ၍ ဗီယက်နမ်၏ အကြီးမားဆုံး အားလပ်ရက်ဖြစ်သည့် Tet အတွက် ဘောနပ်စ်များ ပေးလေ့ရှိပါသည်။

Source vnexpress 

 

Labour Affairs Read 238 times