Tesla  Gigafactory Berlin  နားမကြားသော လုပ်သား ၆၀ အလုပ်ခန့်


26 September, 2023

Tesla  Gigafactory Berlin  နားမကြားသော လုပ်သား ၆၀ အလုပ်ခန့်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဂျာမနီနိုင်ငံ ဘာလင်မြို့အနီးတွင် Tesla ၏ Gigafactory Berlin ကားစက်ရုံကို ယမန်နှစ်က စတင်ဖွင့်လှစ်ခဲ့သည်။ လုပ်သား ဦးရေ ၁၁,၀၀၀ ဝန်းကျင် ရှိသည်။

စက်ရုံတွင် နားမကြားသော လုပ်သား ၆၀ ဦး  အလုပ်ခန့်ထားကြောင်း လူမှုကွန်ရက် ပလက်ဖောင်း X တွင် စက်ရုံ၏ ဝန်ထမ်းစုဆောင်းရေးဌာနက ဗီဒီယိုပို့စ်တခု တင်ပြခဲ့သည်။
၎င်း ၆၀ ဦးတွင် အများစုမှာ စစ်ပွဲကြောင့် ထွက်ပြေးလာကြသည့် ယူကရိန်းနိုင်ငံသားများ ဖြစ်သည်။ 
 
နားမကြားသည့် ဝန်ထမ်းများနှင့် အတူလုပ်ကိုင်ရသော  နားကြားသည့် ဝန်ထမ်းများ၏ အမြင်သဘောထားများကိုလည်း ဗီဒီယိုတွင် တင်ပြထားသည်။ 
"ကျွန်တော်တို့က နားမကြားလို့ ချန်မထားရေး၊ မတူကွဲပြားသူများ ပါဝင်ရေး စတာတွေ ပြောရုံမျှ အပြောသက်သက် ‌မဟုတ်ပါဘူး။ အတူရှင်သန် နေထိုင်ပါတယ်။ ကျွန်တော့်အဖို့ မသန်စွမ်းဝန်ထမ်းတွေ မရှိဘူး၊ သူတို့က သူလိုငါလို ရိုးရိုးဝန်ထမ်းတွေပါ" ဟု ဗီဒီယိုထဲမှာ အထွေထွေ တပ်ဆင်ရေး ကြီးကြပ်ရေးမှူး Holger က ပြောကြားသည်။ 

လုပ်ဖော်ကိုင်ဖက် ဝန်ထမ်းအချို့သည့် နားမကြားသူများနှင့် ပြောဆိုနိုင်အောင် အလုပ်တွင် အရေးပါသည့် စကားလုံးများအတွက်  လက်ဟန်ပြ ဘာသာစကား sign language ဖြင့် လက်ဟန်ပြ ပြောဆိုတတ်အောင် သင်ယူထားကြသည်။


Source teslarati 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Labour Affairs Read 820 times