ထိုင်းဘဏ်များ စံချိန်သစ်တင် အသားတင်အမြတ် ရရှိ


23 October, 2023

ထိုင်းဘဏ်များ စံချိန်သစ်တင် အသားတင်အမြတ် ရရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ထိုင်းဘဏ် တစ်ဆယ်ခုသည် စံချိန်သစ်တင်သည့် အသားတင်အမြတ်ငွေ ဘတ် ၁၇၇ ဘီလီယံ ရရှိခဲ့ကြသည်။


ထိုင်းစတော့အိတ်ချိန်း စာရင်းဝင် ဘဏ် ၉ ခု အပါအဝင် ထိုင်းပြည်တွင်းဘဏ်များ ဖြစ်ကြသည့် ကူးသန်းရောင်းဝယ်ရေးဘဏ်ဆယ်ခုသည် ၂၀၁၃ ခုနှစ် ပထမကိုးလတွင်  စုစုပေါင်းအသားတင် အမြတ်ငွေ ဘတ် ၁၇၇ ဘီလီယံ ရရှိခဲ့ကြသည်။

ထိုင်းဗဟိုဘဏ်က မူဝါဒ အတိုးနှုန်းကို မြှင့်တင်ထားသဖြင့် ဘဏ်များ ရရှိသည့် အသားတင် အမြတ် ပိုများစေခဲ့သည်။


• Bangkok Bank (BBL) သည် ပိုင်ဆိုင်မှု ပမာဏအရ ထိုင်းနိုင်ငံ၏ အကြီးမားဆုံးဘဏ် ဖြစ်ပြီး အသားတင်အမြတ် ဘတ် ၃၂.၈ ဘီလီယံ ရရှိခဲ့သည်။

• Kasikornbank (KBank) သည် အသားတင်အမြတ် ဘတ် ၃၃.၀ ဘီလီယံ ရရှိခဲ့သည်။

• Krungthai Bank (KTB) သည် အသားတင်အမြတ် ဘတ် ၃၀.၅ ဘီလီယံ ရရှိခဲ့သည်။

• SCB X သည် Siam Commercial Bank (SCB) ၏ ဦးပိုင်ကုမ္ပဏီဖြစ်ပြီး အသားတင်အမြတ် ဘတ် ၃၂.၅ ဘီလီယံ ရရှိခဲ့သည်။ လုပ်ငန်းစု၏ အဒိပမဏ္ဍိုင်ဖြစ်သော SCB သည် တတိယ ၃ လပတ်တွင် အသားတင်အမြတ် ၁၁.၈ ဘီလီယံ ရရှိခဲ့ပြီး ယခုနှစ် ပထမ ၉ လတွင် အသားတင်အမြတ် ဘတ် ၂၅.၂ ဘီလီယံ ရရှိခဲ့သည်။

• Bank of Ayudhya (Krungsri) သည် အသားတင်အမြတ် ၂၅.၂ ဘီလီယံ ရရှိခဲ့သည်။

• TMBThanachart Bank (ttb) သည် အသားတင်အမြတ် ၁၃.၆ ဘီလီယံ ရရှိခဲ့သည်။

Kasikorn Research Center (K-Research) ၏ လက်ထောက်မန်နေဂျာ Thanyalak Vacharachaisurapol က ၂၀၂၃  ခုနှစ် စတုတ္ထသုံးလပတ်တွင်လည်း ဘဏ်လုပ်ငန်းကဏ္ဍ၏ စုစုပေါင်းအသားတင်အမြတ်သည် တတိယသုံးလပတ်နည်းတူ ရရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်း ပြောကြားသည်။

 


Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 356 times