မြန်မာတယ်လီနော ရောင်းချရန် အတည်ပြု ခွင့်ပြုချက် ရရှိ


18 March, 2022

မြန်မာတယ်လီနော ရောင်းချရန် အတည်ပြု ခွင့်ပြုချက် ရရှိ


နော်ဝေဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော၏ မြန်မာနိုင်ငံရှိ လုပ်ငန်းကဏ္ဍ မြန်မာတယ်လီနော ကို ပြည်တွင်းကုမ္ပဏီတစ်ခုနှင့် လက်ဘနွန်ရင်းနှီးမြုပ်နှံမှုကုမ္ပဏီတစ်ခုထံ ရောင်းချရန် နောက်ဆုံးအဆင့် အတည်ပြု ခွင့်ပြုချက်ရရှိထားပြီဖြစ်ကြောင်း အဆိုပါကိစ္စနှင့်ပတ်သက်ပြီး အသိပညာပေးသည့် သတင်းရင်းမြစ်သုံးခုအရ သိရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားပါသည်။

အတည်ပြု ခွင့်ပြုချက်ကို မတ်လ ၁၅ ရက်တွင် လက်ခံရရှိခဲ့ပြီး ၅ ရက်အတွင်း အပြီးအစီး လက်လွှဲပြောင်းရန် ညွှန်ကြားထားသည်ဟု သိရပါသည်။


ယခင်ဖော်ပြခဲ့သော ရိုက်တာသတင်းတွင် လက်ဘနွန် ဝန်ကြီးချုပ် မိသားစုပိုင်လုပ်ငန်း M1 Group သို့ အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချခြင်းကို ခွင့်ပြုချက်မရရှိဘဲ ပြည်တွင်းလုပ်ငန်းတစ်ခုနှင့် ဖက်စပ်လုပ်ကိုင်ရန် ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလတွင် ဖော်ပြခဲ့သော သတင်းတွင် Atom အမည်ရှိ ဖက်စပ်လုပ်ငန်းတွင် ပြည်တွင်းလုပ်ငန်း ရွှေဗျိုင်းဖြူက ၈၀% နှင့် M1 က ၂၀% ပိုင်ဆိုင်မှု အချိုးအစား ထားရှိကြောင်း ဖော်ပြခဲ့ပါသည်။

 ယခင်သတင်း

M1 Group က ရွှေဗျိုင်းဖြူနှင့်အတူ Telenor Myanmar ကို ဝယ်ယူမည်

Local News Investment/Divestment Read 1524 times