အသေးစားစက်မှုလုပ်ငန်းများ မှတ်ပုံတင်လျှင် သုံးနှစ်တာဝင်ငွေခွန် ကင်းလွတ်ခွင့်ရမည်


21 October, 2022

အသေးစားစက်မှုလုပ်ငန်းများ မှတ်ပုံတင်လျှင် သုံးနှစ်တာဝင်ငွေခွန် ကင်းလွတ်ခွင့်ရမည်

အသေးစားစက်မှုလက်မှုလုပ်ငန်းများ၏ ကုန်ပစ္စည်းများ အသစ်ထုတ်မှတ်ပုံတင်ခြင်းဖြင့် သတ်မှတ်ပမာဏအတွက် သုံးနှစ်တာ ဝင်ငွေခွန် ကင်းလွတ်ခွင့် ရရှိမည်ဟု သိရပါသည် 

အဆိုပါလုပ်ငန်းများအနေဖြင့် မှတ်ပုံတင်မည်ဆိုလျှင် နှစ်တစ်နှစ်၏ စုစုပေါင်း အသားတင်အမြတ် ဝင်ငွေကျပ်သိန်း ၁ဝဝ အထိ ဝင်ငွေကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။

မှတ်ပုံတင်ရန် ဆောင်ရွက်ရာတွင် မှတ်ပုံတင်ကြေးအနေဖြင့် ကျပ် ၁ဝ,ဝဝဝ နှင့် လျှောက်လွှာကြေး ၁,၀၀၀ ကျပ် စုစုပေါင်း ကျပ် ၁,၁ဝဝဝ ကျပ် ကျသင့်မည်ဖြစ်သည်ဟု သိရပါသည်။

Laws and Regulations Read 479 times