မြန်မာနိုင်ငံမှ ထိုင်ဝမ်၊ ဂျပန်ကုမ္ပဏီများ သိုသိပ်နှိမ့်ချထား


05 February, 2023

မြန်မာနိုင်ငံမှ ထိုင်ဝမ်၊ ဂျပန်ကုမ္ပဏီများ သိုသိပ်နှိမ့်ချထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


မြန်မာနိုင်ငံသည် တစ်ချိန်က အာရှ၏ “နောက်ဆုံး စီးပွားရေး အခွင့်အလမ်း နယ်သစ်" နှင့် ကျယ်ပြန့်သော တရုတ်ဈေးကွက်၏ နောက်‌ကျောဘက်အဖြစ် လူသိများခဲ့သည်။

လွန်ခဲ့သော ဆယ်နှစ်‌ေကျာ်က စစ်တပ်က ချုပ်ကိုင်မှုကို ဖြေလျှော့ပြီး ဒီမိုကရေစီနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အတွက် လမ်းခင်းပေးပြီးနောက် ရင်းနှီးမြုပ်နှံသူများ မြန်မာနိုင်ငံအတွင်းသို့ စုပြုံရောက်ရှိလာခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်တွင် ကုမ္ပဏီများ၏ ကံကြမ္မာသည် အဆိုးရွားဆုံး အလှည့်အပြောင်းကို ခံစားခဲ့ရသည်။
သို့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်မီ မြန်မာနိုင်ငံတွင် လုပ်ငန်းစတင်ခဲ့သော ထိုင်ဝမ်နှင့် ဂျပန်စီးပွားရေးလုပ်ငန်းအချို့သည် နိုင်ငံရေးမငြိမ်သက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း မြန်မာနိုင်ငံမှာ ဆက်နေရန် ရွေးချယ်ခဲ့ကြသည်။ သို့သော် သိုသိုသိပ်သိပ်ဖြင့် နှိမ့်ချထားပြီး လုပ်ကိုင်ကြသည်။ ထင်ပေါ်မှုကို မလိုလားကြချေ။ 
မြန်မာနိုင်ငံတွင် လည်ပတ်လုပ်ကိုင်နေသော ဂျပန်နှင့် ထိုင်ဝမ် ကုမ္ပဏီအများစုသည် မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုများကို ငြင်းဆိုခဲ့ကြသည်။ လူအများ၏ အာရုံစိုက်ခြင်း မခံရရန် ရှောင်ရှားကြသည်။

ထို့အပြင် လူ့အခွင့်အရေးအဖွဲ့များသည် မြန်မာနိုင်ငံရှိ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ပါဝင်ပတ်သက်သူများကို ပစ်မှတ်ထားလျက်ရှိသည်။ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများသည် စစ်အစိုးရအတွက် ရန်ပုံငွေ အရင်းအမြစ် ဖြစ်နေနိုင်သည်ဟု သံသယ ရှိသည်။

စီးပွားရေးလုပ်ငန်းများသည် မြန်မာ့နိုင်ငံရေး အခြေအနေနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ကြသည်။ ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုအပေါ် တုံ့ပြန်မည်ကို စိုးရိမ်ကြသည်။

 

ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား ဖွံ့ဖြိုးတိုးတက်ရေးအကူအညီများကို ၁၉၅၄ ခုနှစ်တွင် စတင်ပေးအပ်ခဲ့သည်။
ဂျပန်ကုမ္ပဏီများသည် ၂၀၂၀ ခုနှစ်အထိ မြန်မာနိုင်ငံတွင် တက်ကြွစွာ ရင်းနှီးမြှုပ်နှံခဲ့ကြသည်။ သို့သော် အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းမှုသည် ၂၀၂၁ အာဏာသိမ်းကတည်းက အလျဉ်ပြတ်တောက်နေခဲ့သည်။

ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့Japan External Trade Organisation (JETRO) က အာဏာသိမ်းပြီးနောက် ဂျပန်ဘဏ္ဍာရေးအဖွဲ့အစည်း အများအပြား တိုင်းပြည်မှ ထွက်ခွာသွားခဲ့ကြကြောင်း ပြောကြားခဲ့သည်။
ငွေရေးကြေးရေးလုပ်ငနမဟုတ်သော ကုမ္ပဏီများတွင် အမြင့်ဆုံး အရင်းအနှီး ထုတ်ယူသူမှာ  အဖျော်ယမကာကုမ္ပဏီကြီး Kirin ဖြစ်သည်။ ဖက်စပ်လုပ်ငန်းဖြစ်သည့် Myanmar Brewery မှ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချခဲ့သည်။

     Advertisement

Click Here > Big M Enterprise

သို့သော် စိန်ခေါ်မှုရှိသော ပတ်ဝန်းကျင်တွင် ဆက်နေကြသည့် လုပ်ငန်းများလည်း ရှိနေသည်။

ဂျပန်နိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် မှတ်ပုံတင်ထားသည့်စာရင်းအရ ယမန်နှစ် ၂၀၂၂  ဇွန်လအထိ မြန်မာနိုင်ငံတွင်  ဂျပန်ကုမ္ပဏီ ၄၁၃ ခု ကျန်ရှိနေသေးသည်။

စနစ်ကွန်ရက်ကုမ္ပဏီ Brycen Myanmar ၏ ဒါရိုက်တာ Mr Yuichi Shibata က “မြန်မာနိုင်ငံမှာ  ဂျပန်ကုမ္ပဏီတွေ  ဂျပန် ၄,၀၀၀ လောက် ရှိတယ်။  တစ်ချိန်မှာတော့ ဂျပန် ၂၀၀ ပဲ ကျန်တော့တယ်" ဟု ပြောကြားသည်။
"ကျွန်တော်တို့ရဲ့ ဖောက်သည်တွေ လုပ်ငန်းလည်ပတ်မှုများကို လျှော့ချခြင်း သို့မဟုတ် ထွက်ခွာခဲ့ကြပါတယ်။ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ အသွားအလာ ပိတ်ဆို့နေချိန်မှာ ကျွန်တော်တို့ရဲ့ လည်ပတ်မှု လျှော့ချဖို့ ဂျပန်ရုံးချုပ်ကို ကျွန်တော် အဆိုပြုခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် တောင်းဆိုတာကို ပေးတဲ့အဖြေကတော့ အရည်အချင်းရှိတဲ့ အင်ဂျင်နီယာတွေကို ခန့်အပ်ဖို့ အခြေအနေတွေကို အခွင့်ကောင်းယူဖို့ပါပဲ။ ကျွန်တော် အံ့ဩမိတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေ လုပ်စရာ အလုပ် သိပ်မရှိဘူး" ဟု သူက ပြောသည်။

မြန်မာနိုင်ငံသည် ကြီးမားကျယ်ပြန့်သော တရုတ်ဈေးကွက်၏ နောက်ကျောဘက်နေရာအဖြစ် ရှုမြင်ပြီး ၂၀၁၀ နောက်ပိုင်းတွင် ထိုင်ဝမ်စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံသို့ သဲသဲမဲမဲ ဝင်ရောက်လာခဲ့သည်။

၂၀၀၃ ခုနှစ်ကတည်းက ရန်ကုန်မှာ နေလာခဲ့သူ ထိုင်ဝမ်အထည်ချုပ်လုပ်ငန်းပိုင်ရှင် Mr Andrew Yin က “မြန်မာနိုင်ငံဟာ တိုးတက်မှုအလားအလာ အများကြီးရှိပါတယ်။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနဲ့ ဗီယက်နမ်တို့ရဲ့ ခြေရာကို နင်းနိုင်ဖွယ်ရှိပါတယ်။ ဒီတော့ ကြီးထွားဖို့ နေရာများစွာ ကျန်ရှိ‌ေနပါသေးတယ်" ဟု ပြောကြားသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ မတည်ငြိမ်သော နိုင်ငံရေးအခြေအနေသည် “ကြီးမားသော ပြဿနာ” ဖြစ်သည်ဟု သူက ဆိုသည်။

“နိုင်ငံရေးအရကြည့်ရင်  အာဏာသိမ်းတာက ဒီမိုကရေစီနိုင်ငံတွေအတွက် ခွင့်မလွှတ်နိုင်တဲ့ လုပ်ရပ်ပါ။ ဖောက်သည်တွေက နိုင်ငံရေးအကြောင်းပြချက်ကြောင့် ထုတ်ကုန်များကို မဝယ်ချင်ကြပါ။ အဲဒီမှာ ခင်ဗျား ဘာမှ လုပ်လို့မရဘူး" ဟု သူက ပြောသည်။


လွန်ခဲ့သည့် နှစ် ၇၀ အတွင်း မြန်မာနိုင်ငံတွင် ထိုင်ဝမ်၏ ရင်းနှီးမြှုပ်နှံမှုသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၂၅ သန်းရှိပြီး အထည်ချုပ်၊ လေအေးပေးစက်၊ ဖိနပ်၊ ကားအပိုပစ္စည်း၊  အစားအသောက်နှင့် အဖျော်ယမကာစသည့် လုပ်ငန်းများတွင် ပါဝင်ခဲ့သည်။
တတိယနိုင်ငံမှတစ်ဆင့် သဘောတူညီချက်များကို ပြုလုပ်ကြသောကြောင့် အမှန်တကယ် အရေအတွက်မှာ ပိုမိုများပြားသည်ဟု ယူဆရသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြုပ်နှံထားသည့် ထိုင်ဝမ်ကုမ္ပဏီ ၂၀၀ ခန့်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုတွင် ဆိုးရွားစွာ ထိခိုက်ခံခဲ့ရသည်။

သို့သော်လည်း ယခုအချိန်တွင် နိုင်ငံတွင်းမှ ထွက်ခွာရန် အစီအစဉ် မရှိသေးကြောင်း Mr Yin က ပြောသည်။ နိုင်ငံရေးအခြေအနေ တိုးတက်လာမည်ဟု မျှော်လင့်ထားသည်။

“မြန်မာနိုင်ငံကို  ရန်ကုန်ကို ကောင်းမွန်တဲ့ နေ့ရက်တွေ ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်ဝန်ထမ်းတွေနဲ့ အတူတူ ကျော်ဖြတ်ချင်တယ်၊ အကောင်းမြင်ထားပြီး ချဲ့ထွင်မယ်။ ဒါကို ကျွန်တော်တို့ အတူတကွ အမြဲစဉ်းစားတယ်” ဟု Brycen Myanmar မှ Mr Shibata က ပြောသည်။
Source CNA 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Local News Read 4783 times