ထိုင်ဝမ်တွင် နိုင်ငံခြားသား ဘွဲ့ရများ အလုပ်ရှာရန် ဗီဇာ ဖြေလျော့


23 January, 2024

ထိုင်ဝမ်တွင် နိုင်ငံခြားသား ဘွဲ့ရများ အလုပ်ရှာရန် ဗီဇာ ဖြေလျော့

https://t.me/Guid4U
JOIN THE CHANNEL 

 

ထိုင်ဝမ်သည် နိုင်ငံခြားသား ဘွဲ့ရများအတွက် ၂ နှစ် နေထိုင်ခွင့် ပေးထားခြင်းဖြင့် ကော်လာဖြူ လုပ်သား မလုံလောက်မှုကို ဖြေရှင်းရန် ရည်ရွယ်ထားသည်။

 

ထီုင်ဝမ်သည် ၂၀၃၂ ခုနှစ် မတိုင်ခင် ကော်လာဖြူလုပ်သား အသစ် ၂ သိန်းဝန်းကျင် လိုအပ်သည်။ 

 

အရှေ့အာရှ နိုင်ငံများကဲ့သို့ အရည်အချင်း ရှိသူများ မရရှိခြင်းကြောင့် ထိုင်ဝမ်သည် ဘွဲ့ရပြီးခါစ နိုင်ငံခြားသား အလုပ်ရှာရန် ဗီဇာစည်းကမ်းများကို လျှော့ပေါ့ပေးသည့် ဟောင်ကောင်၏ နည်းလမ်းအတိုင်း ဆောင်ရွက်သည်။  ဘွဲ့ရပြီးနောက် ဆက်လက်နေထိုင်ခွင့် ဗီဇာကို ၂ နှစ်ဟု တိုးမြှင့် သတ်မှတ်ပေးလိုက်သည်။ ယခင် မူဝါဒ အဟောင်းတွင် ဘွဲ့ရပြီးခါစ နိုင်ငံခြားသားသည် ၆လ မှ တစ်နှစ်အထိသာ ဆက်လက်နေထိုင်ခွင့် ရရှိသည်။ 

ဟောင်ကောင်တွင် နိုင်ငံတကာ ကျောင်းသားများကို ဘွဲ့ရပြီး နှစ်နှစ်အထိ နေထိုင်ခွင့်ပြုထားသည်။  ဟောင်ကောင်ဒေသခံ မဟုတ်သော ဘွဲ့ရများအတွက် ဗီဇာသက်တမ်းကို ၂၀၂၂ ခုနှစ်တွင် ၁၂ လမှ ၂၄လအထိ တိုးမြှင့်ခဲ့သည်။

ဂျပန်သည် ၂၀၂၃ ခုနှစ်မှစ၍ ဘွဲ့ရခါစ နိုင်ငံခြားသားများကို နှစ်နှစ်အထိ နေထိုင်ခွင့်ပေးသည်။

 

စင်ကာပူသည် ဘွဲ့ရခါစ နိုင်ငံခြားသားများကို သုံးလသာ နေထိုင်ခွင့်ပေးသည်။

 

ထိုင်ဝမ်သည် ကုန်ထုတ်လုပ်ငန်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်း၊ လက်လီ၊ အစားအသောက်ဝန်ဆောင်မှု၊ ဧည့်ဝတ်ကျေပွန်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်သားရှားပါးလျက်ရှိသည်။

 

မကြာသေးမီက စစတမ်းကောက်ယူချက်အရ ထိုင်ဝမ်ရှိ နိုင်ငံခြားကျောင်းသား ၈၆ ရာခိုင်နှုန်းသည် ဘွဲ့ရပြီးနောက် ထိုင်ဝမ်တွင် အလုပ်ရှာရန် ဆန္ဒရှိကြောင်း သိရသည်။ 

 

ထိုင်ဝမ်သည် ၂၀၃၂ ခုနှစ်မတိုင်ခင်တွင်  ကော်လာဖြူ  နိုင်ငံခြားအလုပ်သမား ၄၀၀,၀၀၀ ကို အလုပ်ခန့်နိုင်ရန် ကြိုးစားမည်ဟု အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကောင်စီ အကြီးအကဲ Kung Ming-hsin က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပြောကြားခဲ့သည်။ ထက်ဝက်ကို တိုင်တမ်တက္ကသိုလ်မှ ဘွဲ့ရသူများကို ခန့်ထားမည်ဟု ၎င်းက ပြောကြားသည်။ 

 

"အလုပ်ရဖို့က မလွယ်ဘူး ဒါပေမယ့် တကြိမ် ရလိုက်ပြီးသွားရင် နောက်ပိုင်းမှာ အဆင်ပြေသွားပါတယ်" ဟု အသက် ၃၃ နှစ်အရွယ် မလေးရှားနိုင်ငံသား Loh Yiheng က ပြောကြားသည်။ Loh အလုပ်ရဖို့ အလုပ်ရှာခဲ့သည်မှာ ၆ လဝန်းကျင် ကြာပြီးမှ အလုပ်ရခဲ့သည်။ 

 

ထိုင်ဝမ်ရှိ တက္ကသိုလ် ၁၄၈ ခုသည် သိပ္ပံနှင့်နည်းပညာအပေါ်  အလွန်အလေးပေးထားပါသည်။

အရှေ့တောင်အာရှမှ အဖွဲ့ဝင် ၁၀ နိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် ပိုမိုရင်းနှီးသော စီးပွားရေးဆက်ဆံမှုတည်ဆောက်ရန် ရည်ရွယ်ထားသည့် ထိုင်ဝမ်၏ New Southbound မူဝါဒကြောင့် နိုင်ငံတကာမှ ကျောင်းသားအများစုသည် အရှေ့တောင်အာရှမှ လာကြသည်။

 

ထိုင်ဝမ်တွင် နိုင်ငံခြားသား ကျောင်းသားဦးရေသည်  ၂၀၁၉ ခုနှစ်တွင် ၁၃၀,၀၀၀ အထိ စံချိန်တင်မြင့်မားလာခဲ့သည်။ ၆၃,၀၀၀ သည် ဘွဲ့ကြိုသင်တန်းများ တက်ကြသည်။ 

နိုင်ငံတကာ ကျောင်းသားအသစ် ရောက်ရှိလာသည့် ဦးရေသည် ၂၀၂၁ ခုနှစ်တွင် ၁၇,၀၀၀ နှင့် ၂၀၂၂ ခုနှစ် တွင် ၁၉,၀၀၀ ရှိခဲ့သည်။

ထိုင်ဝမ်ကုမ္ပဏီများသည် အရှေ့တောင်အာရှ အရည်အချင်းရှိသူကို ခေါ်ယူလိုကြသည်။ နောက်ပိုင်းတွင် ထိုင်းနှင့် ဗီယက်နမ်တို့တွင် အလုပ်လုပ်ရန် အသုံးတည့်သည်။ 

 

Source FMT


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Labour Affairs Read 366 times