ကုမ္ပဏီ၏အခြေအနေမှာ ဆိုင်းငံ့ (Suspended) ဖြစ်ပေါ်လျှင် မည်သို့ဆောင်ရွက် ရပါသလဲ။


25 August, 2020

ကုမ္ပဏီ၏အခြေအနေမှာဆိုင်းငံ့ (Suspended) ဖြစ်နေရင် ပုံစံ - နှစ်စဉ် အစီရင်ခံစာ (Form-AR) နှင့် ပုံစံ - ဈ-၉(ဃ) (Form-1-9(D)) တို့ကိုတင်ရပါမည်။

• နှစ်စဉ်အစီရင်ခံစာ (Annual Return) နောက်ဆုံးတင်ပြရမည့်ရက်ကို ကုမ္ပဏီ၏ Profile တွင် ဖော်ပြထားပါသည်။

• အဆိုပါရက်နေ့ အထိမှတ်ပုံတင်ကြေး ၅၀,၀၀၀/-ကျပ်ပေးသွင်းတင်ပြရန် ဖြစ်ပါသည်။

• နှစ်စဉ်အစီရင်ခံစာ (Annual Return) နောက်ဆုံးတင်ပြရမည့်ရက်မှ ကျော်လွန်ပြီး ၂၇ ရက်အတွင်း ဖြစ်ပါက နောက်ကျကြေး (late fee) ၁၀၀,၀၀၀/-ကျပ်အပါအဝင် ၁၅၀,၀၀၀/- ကျပ် ပေးသွင်းရမည်ဖြစ်ပါသည်။

• နှစ်စဉ်အစီရင်ခံစာ(Annual Return) တင်ပြရမည့်ရက်ထက် ၂၈ ရက် ကျော်လွန်သည်နှင့် ကုမ္ပဏီ၏ Profile တွင် ဆိုင်းငံ့ (Suspended) အခြေအနေ ကိုဖော်ပြထားခြင်း ဖြစ်ပါသည်။

• ဆိုင်းငံ့ (Suspended) စာရင်းမှ ပယ်ဖျက်ရန် ပုံစံ-ဈ-၉(ဃ)(Form-l-9(D)) တွင် Company Letter Head ဖြင့် ညွှန်ကြားရေးမှူးချုပ်သို့ လိပ်မူ၍ ပုံစံ-နှစ်စဉ်အစီရင်ခံစာ (Form-AR) လုပ်ဆောင်ပြီးကြောင်း (သို့မဟုတ်) COMPANY PROFILE ကို Screen Shot ရိုက်ပြီး Upload File တွဲရမည်ဖြစ်ပါသည်။

• ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ရန် မှတ်ပုံတင်ကြေး ၁၀၀,၀၀၀/-ကျပ် ပေးသွင်းရမည် ဖြစ်ပါသည်။

• ပုံစံ-နှစ်စဉ်အစီရင်ခံစာ (Form-AR)အတွက် ၅၀,၀၀၀/-ကျပ် + နောက်ကျကြေး (Late Fee)အတွက် ၁၀၀,၀၀၀/-ကျပ်နှင့် + ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ခြင်းအတွက် ၁၀၀,၀၀၀/ကျပ် အပါအဝင် စုစုပေါင်း ၂၅၀,၀၀၀/-ကျပ် ပေးသွင်းရမည် ဖြစ်ပါသည်။ ငွေပေးသွင်း ရာတွင် မူလစာမျက်နှာ(HOME) အောက်ရှိ ငွေဖြည့်ရန်(Fund Account)၌ ၂၅၀,၀၀၀/ကျပ်ကိုပေါင်းသွင်းပါက ပိုမိုလွယ်ကူမည်ဖြစ်ပါသည်။

Directorate of Investment and Company Administration

By Myanmar Industrial Guide

Investment/Divestment How To Read 941 times