စူးအက်တူးမြောင်း  ရေလမ်းကြောင်း တိုးချဲ့ရန် ဆက်လက်လုပ်ဆောင်လျက် ရှိဟု တူးမြောင်းအာဏာပိုင် ပြောကြား


05 March, 2024

စူးအက်တူးမြောင်း  ရေလမ်းကြောင်း တိုးချဲ့ရန် ဆက်လက်လုပ်ဆောင်လျက် ရှိဟု တူးမြောင်းအာဏာပိုင် ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အီဂျစ်သည် စူးအက်တူးမြောင်းကို ထပ်မံချဲ့ထွင်ပြီး  ဒုတိယ‌ရေလမ်းကြောင်းကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်အတွက် စူးအက်တူးမြောင်းကို လေ့လာဆန်းစစ်နေကြောင်း တူးမြောင်း၏ အကြီးအကဲက ပြောကြားသည်။

 ဒုတိယ‌ရေလမ်းကြောင်းကို အပြည့်အဝ အကောင်အထည်ဖော်ပြီးသည်အခါ ဖြတ်သန်းသွားလာနိုင်သည့် သင်္ဘောအရေအတွက် ပိုများမည်ဖြစ်သဖြင့် တူးမြောင်းဖြတ်သန်းရန် အလှည့်ကျဖို့ စောင့်ဆိုင်းရသည့် ကြာမြင့်ချိန် လျော့ကျသွားမည် ဖြစ်သည်။ 

.

စူးအက်တူးမြောင်းသည် အကြွေးထူနေသော အီဂျစ်နိုင်ငံအတွက် ရှားပါးသောနိုင်ငံခြားငွေ ရရှိရာ အဓိကအရင်းအမြစ်ဖြစ်သည်။ ယခုအခါ ဝင်ငွေ သိသိသာသာလျော့ကျလျက် ရှိသည်။

.

စူးအက်တူးမြောင်းသည် အာရှ-ဥရောပ ခရီးစဉ်များအတွက် အတိုဆုံး ဖြတ်လမ်းဖြစ်သော်လည်း ယခုအခါ စူးအက်တူးမြောင်း- ပင်လယ်နီ ရေကြောင်းလမ်းတွင် ဟူသီစစ်သွေးကြွတို့က သင်္ဘောများကို တရစပ် ပစ်ခတ်တိုက်ခိုက်နေသဖြင့် အသုံးပြုသည့် အစီးရေ လျော့ကျနေသော်လည်း  ဒုတိယ‌ရေလမ်းကြောင်းကို အပြီးတိုင် ဖောက်လုပ်မည့် အစီအစဉ်ကို ဆက်လက်အကောင်အထည် ဖော်လျက်ရှိသည်။

.

ဧရာမကွန်တိန်နာသင်္ဘောကြီး Ever Given သည် ၂၀၂၁ ခုနှစ် မတ်လတွင် တူးမြောင်း၏ တခုတည်းသာ ရှိသည့် ရေကြောင်းလမ်းတွင် သောင်တင်ခဲ့ပြီး ကန့်လန့်ပိတ်နေခဲ့သည်မှာ  ခြောက်ရက်ကြာ ပိတ်ဆို့မှု ဖြစ်ပွားပြီးနောက် ဒုတိယ‌ရေလမ်းကြောင်း ဖော်လုပ်ရန် အရှိန်တင်ခဲ့ခြင်းဖြစ်သည်။ 

.

အီဂျစ်သည် ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သော ၃၅ ကီလိုမီတာ (၂၂ မိုင်) အလျားရှိ အပြိုင်ပြု ရေလမ်းကြောင်း တူးမြောင်းချဲ့ထွင်မှုအတွက် ခန့်မှန်းခြေ ကန်ဒေါ်လာ ၈.၂ ဘီလီယံသုံးစွဲခဲ့သည်။ 

.

 ထိုသို့ ချဲ့ထွင်ပေးလိုက်ခြင်းကြောင့် တူးမြောင်းဝင်ငွေ တဖြည်းဖြည်း တိုးလာခဲ့သော်လည်း မျှော်မှန်းထားသည်ထက် နည်းနေသည်ကို ရင်ဆိုင်နေရသည်။ 

၂၀၂၃ ခုနှစ် ဇွန်လကုန်တွင် ပြီးဆုံးသည့် ဘဏ္ဍာနှစ် တနှစ်တာတွင် ကန်ဒေါ်လာ ၉.၄ ဘီလီယံ ရရှိခဲ့ရာမှ ယခုဘဏ္ဍာနှစ်တွင် ဟူသီတို့၏ တိုက်ခိုက်မှုကြောင့် ဖြတ်သန်းသည့် သင်္ဘောအစီးရေ လျော့ကျနေပြီး ဝင်ငွေသည် ယမန်နှစ်ဝင်ငွေထက် အနည်းဆုံး ၄၀% လျော့ကျနေပါသည်။ 

.

နောက်ထပ်တိုးချဲ့မှုအတွက် ကနဦးလေ့လာမှုများသည် ၁၆ လခန့်ကြာမြင့်မည်ဖြစ်ပြီး ဖြစ်နိုင်ခြေ၊ သဘာဝပတ်ဝန်းကျင်နှင့် အင်ဂျင်နီယာဆိုင်ရာလေ့လာမှုများအပြင် မြေဆီလွှာနှင့် သောင်တူးခြင်းဆိုင်ရာ သုတေသနများလည်း ပါဝင်မည်ဖြစ်ကြောင်း စူးအက် တူးမြောင်း အာဏာပိုင်  Suez Canal Authority (SCA) ဥက္ကဋ္ဌ Osama Rabie က ထုတ်ပြန်ချက်တွင် ပြောပြထားသည်။

.

စီမံကိန်းကို အကောင်အထည်ဖော်ရန် အစိုးရ၏ ခွင့်ပြုချက် လိုအပ်ပြီး နိုင်ငံတော်၏ အထွေထွေဘတ်ဂျက်တွင် ထပ်လောင်းဝန်ထုပ်ဝန်ပိုးများ မပိမိစေရန်အတွက် SCA ၏ ရင်းနှီးမြှုပ်နှံမှု ဘတ်ဂျက်ဖြင့် ရန်ပုံငွေ ပံ့ပိုးမည်ဖြစ်သည်။

တူးမြောင်း အသုံးပြုသည့် အစီးရေ တိုးစေမည် ဖြစ်သည့်အပြင် အရွယ်အစား ပိုကြီးမားသော သင်္ဘောများ တူးမြောင်းကို ဖြတ်သန်းနိုင်မည်ဟု Rabie က ပြောကြားသည်။

၂၀၁၅ ခုနှစ် တူးမြောင်း တိုးချဲ့မှုသည် အကုန်အကျ ကြီးမားခဲ့ပြီး အီဂျစ်နိုင်ငံ နိုင်ငံခြားငွေ ရှားပါးသွားစေခဲ့သည့်အပြင် ကြွေးမြီ ဝန်ထုပ်ဝန်ပိုး ပိုမိုလေးလံစေခဲ့သည်ကို သင်ခန်းစာ ယူရမည် ဖြစ်ပါသည်။

Source Reuters  

 


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

Port Read 226 times