စွန့်ဦးလုပ်ငန်းရှင်များ၏အောင်မြင်မှုလှေကားထစ်များအပိုင်း(၁)


27 June, 2017

စွန့်ဦးတီထွင်လုပ်ငန်းရှင်များသည်ရုတ်တရက်ချက်ခြင်းအောင်မြင်ခဲ့သူများမဟုတ်ချေ။

ဆုံးရှုံးမှုများကိုရင်ဆိုင်ကျော်လွှားပြီး အောင်မြင်ခဲ့သူများဖြစ်သည်။

ထိုသူတို့သည်လျင်မြန်သောပြောင်းလဲမှုဖြင့်ပုံသွင်းခံရသောပတ်ဝန်းကျင်မသေချာမရေရာမှုများနှင့် ပြည့်နေသောပတ်ဝန်းကျင်တွင်စီးပွားရေးလုပ်ငန်းများကို ထူထောင်လုပ်ဆောင်နေရသောကြောင့်ဖြစ်သည်။

ဆုံးရှုံးမှုသည်သူတို့၏ဘဝအစိတ်အပိုင်းဖြစ်ကြောင်း စွန့်ဦးတီထွင်လုပ်ငန်းရှင်များကသိမှတ်နားလည် ထားကြသည်။

 “စီးပွားရေးလုပ်ငန်းသစ်တစ်ခုကိုထူထောင်ခြင်း၏စိတ်လှုပ်ရှားမှုဟာဆုံးရှုံးမှုကိုကြောက်ရွံ့ခြင်းထက် ပိုမိုကြီးမားစွာခံစားရပါတယ်”ဟုစီးပွားရေးလုပ်ငန်းတွင်အကြိမ်ပေါင်းများစွာဆုံးရှုံးပြီးနောက်ဆုံးတွင်အောင်မြင် မှုရရှိခဲ့သောစွန့်ဦးလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ထို့ကြောင့်စွန့်ဦးလုပ်ငန်းရှင်များသည်သူတို့၏ဆုံးရှုံးမှုများကိုအတွေ့အကြုံဟုမှတ်ယူပြီး အောင်မြင်မှုအတွက်သူတို့စီးပွားရေးလုပ်ငန်းကိုပြန်လည်အာရုံစိုက်ခြင်း၊နည်းလမ်းတစ်ခုအနေဖြင့် အသုံးပြုကြသည်။

အမှန်တကယ်သူတို့မြင်သောဆုံးရှုံးမှုသည်အမှန်အားဖြင့်အလုပ်မဖြစ်မှုကိုလေ့လာရန်အခွင့်အလမ်းတစ်ခုပင်ဖြစ်သည်။

အောင်မြင်သောစွန့်ဦးတီထွင်လုပ်ငန်းရှင်များကဆုံးရှုံးမှုများသည်အောင်မြင်မှုလမ်းတစ်လျှောက်တွင် အကူအညီပေးသောလှေကားထစ်များပမာရှိနေသည်ဟုမှတ်ယူထားကြသည်။

ဆုံးရှုံးမှုသည်ဖန်တီးတတ်သောလုပ်ငန်းစဉ်၏သဘာဝကျသောအစိတ်အပိုင်းတစ်ခုဖြစ်သည်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးအတွက်ဆုံးရှုံးမှုသည်မလွဲဧကန်ကြုံရသော အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။

အောင်မြင်သောစွန့်ဦးလုပ်ငန်းရှင်များ၏ထူးခြားသောအရည်အချင်းကောင်းတစ်ခုမှာအသိဉာဏ်ရှိရှိနှင့်ဆုံးရှုံးမှုသည်မလွဲဧကန်ကြုံရသောအစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်။

အောင်မြင်သောစွန့်ဦးတီထွင်လုပ်ငန်းရှင်များ၏ ထူးခြားသောအရည်အချင်းကောင်းတစ်ခုမှာအသိဉာဏ်ရှိရှိနှင့် ဆုံးရှုံးမှုကိုရင်ဆိုင်ရန်စွမ်းရည်ရှိခြင်းပင်ဖြစ်သည်။

ထိုသူတို့သည်ဘာကြောင့်ဆုံးရှုံးရသည်ကိုလေ့လာကြသည်။

သို့မှသာသူ့တို့သည်တူညီသောအမှားနောက်တစ်ဖန်မဖြစ်ရန် ရှောင်ရှားနိုင်ကြမည်ဖြစ်သည်။

စီးပွားရေးလုပ်ငန်းအောင်မြင်မှုသည်အမှားများပြုလုပ်ခြင်းကိုရှောင်ရှားရန်သူတို့၏စွမ်းရည်ပေါ်တွင် မူတည်သကဲ့သို့အမှားတစ်ခုစီကသင်ကြားပေးသော သင်ခန်းစာများကိုနားလည်ရန် စွမ်းရည်ပေါ်တွင်လည်းမူတည်သည်။

သူတို့သည်သူတို့၏ဆုံးရှုံးမှုများကိုလေ့လာကြပြီးယင်းတို့အားသူတို့၏ အန္တိမပစ်မှတ်နှင့် ပိုမိုနီးကပ်လာရန်တွန်းအားအနေဖြင့်အသုံးပြုကြသည်။

စွန့်ဦးတီထွင်လုပ်ငန်းဆိုင်ရာအောင်မြင်မှုသည်ဆုံးရှုံးမှုမှစွမ်းအားပြန်လည်ရယူရန်စွမ်းရည်အတွက် ဇွဲလုံ့လရှိ မှုလိုအပ်သည်။

သောမတ်စ်အက်ဒီဆင်(Thomas Edison) သည်အလုပ်လုပ်နိုင်သောဒီဇိုင်းတစ်ခုမရရှိခင်မီးသီးကိုတီထွင်ရန် မဖြစ်နိုင်သောနည်းလမ်းပေါင်း ၁၈၀၀ ကိုရှာဖွေတွေ့ရှိခဲ့သည်။

ဝေါလ်(တ်)ဒစ္စနေး(Wait Disney) သည် ဒစ္စနေးနယ်မြေ(Disneyland) ကိုမဖန်တီးခင်အကြိမ်များစွာဒေဝါလီ ခံခဲ့သည်။

အာရ်အိတ်ချ်မေစီ(R.4.Macy) သည်နယူးယောက်မြို့တွင်သူ၏လက်လီစတိုးဆိုင်အောင်မြင်မှုမရရှိခင်စီးပွားရေး လုပ်ငန်းတွင် ၇ ကြိမ်အရှုံးပေါ်ခဲ့သည်။

စစ်မှန်သောစွန့်ဦးလုပ်ငန်းရှင်စိတ်ဓာတ်နှင့်ယင်းအနာဂတ်အမြင်ရှိသောစီးပွားရေးလုပ်ငန်းခေါင်းဆောင်များသည်ဆုံးရှုံးမှုတွေကြုံသော်လည်းလက်လျော့ခဲ့ခြင်းမရှိချေ။

သူတို့သည်အောင်မြင်မှုရရှိသည့်တိုင်အောင်ရိုးရှင်းစွာဆက်လက်ကြိုးစားခဲ့ကြသည်။

အသေးစားလုပ်ငန်းများဆုံးရှုံးမှုတွင်အကြောင်းရင်းများစွာကိုတွေ့မြင်နေရသည်။

ထို့ကြောင့်နောက်ထပ်ဆုံးရှုံးမှုမဖြစ်ရန်ရှောင်ရှားနိုင်ရေးနည်းလမ်းများကိုစူးစမ်းလေ့လာခြင်းဖြင့် အောင်မြင်သော စီးပွားရေးလုပ်ငန်းများပြုလုပ်နိုင်သောထိုးသွင်းအမြင်များရှိရန်လိုအပ်သည်။

စီးပွားရေးဆိုင်ရာဆုံးရှုံးမှု၏အကြောင်းရင်းများမှသဘာဝကျကျအောင်မြင်မှုပြုလုပ်နိုင်သောနည်းလမ်း များရှိသည်။

(၁)သင့်စီးပွားရေးလုပ်ငန်း၏အတိမ်အနက်ကိုသိရှိပါ။

သင်စတင်ပြုလုပ်ရန်စီစဉ်ထားသောစီးပွားရေးလုပ်ငန်းတွင်အတွေ့အကြုံဆိုင်ရာမှန်ကန်သောပုံစံအတွက်လိုအပ်မှုကိုအာရုံစိုက်လေ့လာသိရှိထားရမည်ဖြစ်သည်။

သင့်ကိုယ်ပိုင်လုပ်ငန်းကိုမစတင်ခင်သင့်စီးပွားရေးနယ်ပယ်တွင်အကောင်းဆုံးပညာရေးကိုရယူထားပါ။

သင်စီးပွားရေးလုပ်မည့်လုပ်ငန်းနယ်ပယ်ကိုအလေးအနက်လေ့လာထားပါ။

သင့်လုပ်ငန်းနှင့်သက်ဆိုင်သောအရာရာတိုင်းကိုဖတ်ရှုထားပါ။

စီးပွားရေးလုပ်ငန်းဆိုင်ရာစာနယ်ဇင်းများ၊ကုန်သွယ်ရေး၊ သတင်းလွှာ၊ဂျာနယ်များ၊ စာအုပ်များ၊သုတေသန အစီရင်ခံစာများကိုလေ့လာထားပါ။

ပစ္စည်းပေးသွင်းသူများ၊ ဖောက်သည်များ၊ ကုန်သွယ်မှုအဖွဲ့အစည်းများစသည့်သင့်လုပ်ငန်းနယ်ပယ်နှင့်သက် ဆိုင်သောလူပုဂ္ဂိုလ်ဆိုင်ရာအဆက်အသွယ်များရယူထားပါ။

ထက်မြက်သောစွန့်ဦးတီထွင်လုပ်ငန်းအတွက်သူတို့၏တံခါးများမဖွင့်ခင်လုပ်ငန်းဆိုင်ရာကုန်သွယ်မှုအဖွဲ့များတွင်ပါဝင်ကြသည်။

တန်ဖိုးရှိသောအချက်အလက်များရယူကြပြီး အဓိကအဆက်အသွယ်များရယူကြပြီးအဓိကအဆက်အသွယ်များရယူထားကြသည်။

စွန့်ဦးတီထွင်လုပ်ငန်းရှင်များကိုစွမ်းဆောင်ပေးသည်။

စီမံချက်လုပ်ငန်းစဉ်သည်စွန့်ဦးလုပ်ငန်းများကိုတွန်းအားပေးပြီးခက်ခဲသောစိန်ခေါ်သော၊ အရေးပါသောမေးခွန်း အချို့ကိုဖြေကြားပေးသည်။

How To Read 1288 times